ပေါ့ဂ်ဘာပြန်ကစားနိုင်ရင် ဘယ်သူ့နေရာအစားဝင်သင့်လဲဆိုတာ အကြံပေးသွားတဲ့ယူနိုက်တက်ပရိသတ်များ

Photo Credit

Photo Credit

ယူနိုက်တက်ပရိသတ်တွေဟာ တကယ်လို့ အဓိကကွင်းလယ်လူ ပေ့ါဂ်ဘာသာ ဒဏ်ရာကနေ ပြန်လည်သက်သာလာရင် ပါရဲရားရဲ့နေရာမှာ ဝင်ကစားသင့်တယ်လို့ ယူဆနေကြပါတယ်။ ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာဟာ ခြေကျင်းဝတ်ခွဲစိတ်ကုသမှုကနေ အလျင်စလိုပြန်ကစားခဲ့ရတဲ့ စက်တင်ဘာ ၃၀ရက်နေ့က အာဆင်နယ်နဲ့ ၁-၁ ဂိုးသရေကျခဲ့ပြီးနောက်ပိုင်း အနားယူနေရတာဖြစ်ပါတယ်။

Photo Credit

နည်းပြဆိုးလ်ရှားကလည်း ပေါ့ဂ်ဘာအနေနဲ့ အချိန်အတိုင်းအတာတစ်ခုအထိ အနားယူရဦးမယ်လို့ ပြောကြားထားပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း မကြာသေးခင်အထိ ခြေကျင်းဝတ်မှာ အထိန်းတပ်ထားခဲ့ရပါသေးတယ်။ ”ပေါ့ဂ်ဘာဟာ ဒဏ်ရာရရှိနေပြီး အခုချိန်မှာ ပြန်ကစားနိုင်ဖို့ ပြင်းပြင်းထန်ထန်ကြိုးစားနေပါတယ်။ နောက်တော့ သူပြန်ကစားပြီး ဖြစ်နိုင်တာကတော့ နာနေတဲ့ကြားက ကစားခဲ့ပုံရပါတယ်”

Photo Credit

”သူဟာ အာဆင်နယ်နဲ့ပွဲအပြီးမှာ ဓာတ်မှန်ရိုက်စစ်ဆေးခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်လောက်အနားယူဖို့ လိုအပ်ခဲ့ပါတယ်။ သူအကြာကြီးမနားဖို့လည်း မျှော်လင့်နေပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ပေါ့ဂ်ဘာမပါဝင်နိုင်ခဲ့တဲ့နောက်ဆုံး ၆ပွဲမှာ ၅ပွဲအထိအနိုင်ရခဲ့ပြီး ဗဟိုကွင်းလယ်မှာ ဖရက်ဒ်နဲ့ မက်တိုမီနေးတို့က တွဲကစားကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ပရိသတ်တွေကတော့ ပေါ့ဂ်ဘာကို အခုချိန်အထိ တန်ဖိုးထားဆဲဖြစ်ပါတယ်။

Photo Credit

Men Sport ကနေပြီးတော့ ဒဏ်ရာကနေ ပေါ့ဂ်ဘာ ပြန်ကောင်းလာရင် ဘယ်သူ့နေရာအစားဝင်သင့်လဲဆိုပြီး Voting လုပ်ခဲ့ရာ ပါရဲရားက အများဆုံးအဖြစ် ၇၆%နဲ့ ရပ်တည်ခဲ့သလို ဘယ်သူမှချန်လှပ်မခံရသင့်ဘူးလို့ မဲပေးရွေးသူက ၁၅%ရှိခဲ့ပါတယ်။

Photo Credit

အခုနောက်ပိုင်းမှာ ခြေစွမ်းပြလာတဲ့ ဖရက်ဒ်က ၇%၊ လူငယ်ကွင်းလယ်လူ မက်တိုမီနေးက ၂% အသီးသီးသတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေတဲ့မက်တိုမီနေးကတော့ ဘရိုက်တန်နဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိနေပြီး စကော့တလန်အသင်းကနေလည်း နုတ်ထွက်ခဲ့ရပါတယ်။

Photo Credit

Zawgyi

ေပါ့ဂ္ဘာျပန္ကစားႏိုင္ရင္ ဘယ္သူ႕ေနရာအစား၀င္သင့္လဲဆုိတာ အႀကံေပးသြားတဲ့ယူႏုိက္တက္ပရိသတ္မ်ား

ယူႏိုက္တက္ပရိသတ္ေတြဟာ တကယ္လုိ႔ အဓိကကြင္းလယ္လူ ေပ့ါဂ္ဘာသာ ဒဏ္ရာကေန ျပန္လည္သက္သာလာရင္ ပါရဲရားရဲ႕ေနရာမွာ ၀င္ကစားသင့္တယ္လုိ႔ ယူဆေနၾကပါတယ္။ ျပင္သစ္လက္ေရြးစင္ ေပါ့ဂ္ဘာဟာ ေျခက်င္း၀တ္ခြဲစိတ္ကုသမႈကေန အလ်င္စလုိျပန္ကစားခဲ့ရတဲ့ စက္တင္ဘာ ၃၀ရက္ေန႔က အာဆင္နယ္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့ၿပီးေနာက္ပိုင္း အနားယူေနရတာျဖစ္ပါတယ္။
နည္းျပဆုိးလ္ရွားကလည္း ေပါ့ဂ္ဘာအေနနဲ႔ အခ်ိန္အတိုင္းအတာတစ္ခုအထိ အနားယူရဦးမယ္လုိ႔ ေျပာၾကားထားၿပီး ကာယကံရွင္ကုိယ္တုိင္ကလည္း မၾကာေသးခင္အထိ ေျခက်င္း၀တ္မွာ အထိန္းတပ္ထားခဲ့ရပါေသးတယ္။ ”ေပါ့ဂ္ဘာဟာ ဒဏ္ရာရရွိေနၿပီး အခုခ်ိန္မွာ ျပန္ကစားႏိုင္ဖုိ႔ ျပင္းျပင္းထန္ထန္ႀကိဳးစားေနပါတယ္။ ေနာက္ေတာ့ သူျပန္ကစားၿပီး ျဖစ္ႏုိင္တာကေတာ့ နာေနတဲ့ၾကားက ကစားခဲ့ပုံရပါတယ္”
”သူဟာ အာဆင္နယ္နဲ႔ပဲြအၿပီးမွာ ဓာတ္မွန္႐ိုက္စစ္ေဆးခဲ့ၿပီး ရက္သတၱပတ္အနည္းငယ္ေလာက္အနားယူဖို႔ လုိအပ္ခဲ့ပါတယ္။ သူအၾကာႀကီးမနားဖို႔လည္း ေမွ်ာ္လင့္ေနပါတယ္”လုိ႔ ဆုိးလ္ရွားက ေျပာၾကားခဲ့ပါတယ္။
ယူႏုိက္တက္ဟာ ေပါ့ဂ္ဘာမပါ၀င္ႏိုင္ခ့ဲတဲ့ေနာက္ဆုံး ၆ပြဲမွာ ၅ပြဲအထိအႏိုင္ရခဲ့ၿပီး ဗဟိုကြင္းလယ္မွာ ဖရက္ဒ္နဲ႔ မက္တိုမီေနးတုိ႔က တြဲကစားကာ ေျခစြမ္းျပႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ ယူႏုိက္တက္ပရိသတ္ေတြကေတာ့ ေပါ့ဂ္ဘာကို အခုခ်ိန္အထိ တန္ဖိုးထားဆဲျဖစ္ပါတယ္။
Men Sport ကေနၿပီးေတာ့ ဒဏ္ရာကေန ေပါ့ဂ္ဘာ ျပန္ေကာင္းလာရင္ ဘယ္သူ႕ေနရာအစား၀င္သင့္လဲဆုိၿပီး Voting လုပ္ခဲ့ရာ ပါရဲရားက အမ်ားဆုံးအျဖစ္ ၇၆%နဲ႔ ရပ္တည္ခဲ့သလုိ ဘယ္သူမွခ်န္လွပ္မခံရသင့္ဘူးလုိ႔ မဲေပးေရြးသူက ၁၅%ရွိခဲ့ပါတယ္။
အခုေနာက္ပိုင္းမွာ ေျခစြမ္းျပလာတဲ့ ဖရက္ဒ္က ၇%၊ လူငယ္ကြင္းလယ္လူ မက္တိုမီေနးက ၂% အသီးသီးသတ္မွတ္ခံခဲ့ရပါတယ္။ ဒါေပမဲ့ ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ျဖစ္ေနတဲ့မက္တိုမီေနးကေတာ့ ဘ႐ိုက္တန္နဲ႔ပြဲမွာ ေျခက်င္း၀တ္ဒဏ္ရာရရွိေနၿပီး စေကာ့တလန္အသင္းကေနလည္း ႏုတ္ထြက္ခဲ့ရပါတယ္။