ပီအက်စ်ဂျီနဲ့ စာချုပ်သစ်မချုပ်တော့ဘူးလို့ ရီးရဲလ်ကို အမ်ဘတ်ပီအမေပြော

Photo- Internet
Photo- Internet

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူ း အမ်ဘတ်ပီရဲ့ မိခင်ဖြစ်သူက သူ့သားဟာလက်ရှိအသင်းနဲ့ စာချုပ်သစ်လက်မှတ်ထိုးတော့ မှာမဟုတ်ဘူးလို့ ရီးရဲလ်မက်ဒရစ်ကို အသိပေးလိုက်ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။ အမ်ဘတ်ပီရဲ့ မိခင်နဲ့ ဖခင်နှစ်ဦးစလုံးဟာ သူတို့သားရဲ့အေးဂျင့်အဖြစ် ကိုယ်စာပြုနေကြ သူတွေလည်းဖြစ်ပါတယ်။

အသက် ၂၀ သာရှိသေးတဲ့ အမ်ဘတ်ပီဟာ ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကုန်ဆုံးကာနီးမှာ သူ့အနေနဲ့ အခြားအသင်းတစ်ခုမှာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေလိုကြောင်းပြောကြားခဲ့လို့  ပီအက်စ်ဂျီနဲ့ အနာဂတ်မသေချာတဲ့သူအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

Photo- Internet

သူ့ကိုရီးရဲလ်မက်ဒရစ် ကခေါ်ယူလိုနေတယ်လို့ သတင်းထွက်ခဲ့ပေမယ့် သူဟာအသင်းမပြောင်းဖြစ်ခဲ့ဘဲ ပီအက်စ်ဂျီမှာဘဲ ဆက်ရှိနေခဲ့တာပါ။ သူ့ရဲ့လက်ရှိစာချုပ်ဟာ ၂ နှစ်ခွဲကျန်ရှိနေသေးပေမယ့် သူ့မိဘတွေဟာလက်ရှိမှာ ရီးရဲလ်နဲ့ဆက်သွယ်ခဲ့ပြီးဖြစ်သလို သူ့မိခင်ကအခုလိုပြောလိုက်ခြင်းကြောင့် ရီးရဲလ်ကိုခေါ်ယူလို့ရအောင် လမ်းဖွင့်ပေးလိုက်တဲ့ သဘောလို့သုံးသပ်ကြပါတယ်။

Photo- Internet

လက်ရှိ  အမ်ဘတ်ပီရဲ့ စာချုပ်တန်ကြေးက ပေါင် ၃၄၂ သန်းဖြစ်လို့ ရီးရဲလ်အနေနဲ့ သူ့ကိုခေါ်ယူဖို့ ငွေကြေးကန့်သတ်ချက်တော့ရှိနေလိမ့်မယ်လို့ လည်းဆိုကြပါတယ်။ နောက်ဆုံးသတင်းတွေအရတော့ ရီးရဲလ်ဟာ ကစားသမားကိုလာမယ့်နွေမှာခေါ်ယူဖို့အတွက် ဖြစ်နိုင်ချေတွေကို စတင်သုံးသပ်နေပြီလို့ ဆိုပါတယ်။

Photo- Internet

ပီအက်စ်ဂျီဟာ လာမယ့်နွေရာသီမှာ နေမာကို ဘာစီလိုနာကိုလက်လွှတ်ရဖွယ်ရှိနေလို့ အမ်ဘတ်ပီကိုရေရှည် ဆက်ထိန်းနိုင်ဖို့ အရေးတကြီးလိုအပ်နေတာကြောင့် စာချုပ်သစ်ချုပ်ဖို့ ဆက်လက်ကြိုးစားလာလိမ့်မယ်လို့လည်း ပြင်သစ်သတင်းတွေမှာဖော်ပြခဲ့ကြပါတယ်။

Photo- Internet

Zawgyi

ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သစ္မခ်ဳပ္ေတာ႔ဘူးလို႔ ရီးရဲလ္ကို အမ္ဘတ္ပီအေမေျပာ

ပီအက္စ္ဂ်ီအသင္းတိုက္စစ္မွဴ း အမ္ဘတ္ပီရဲ႕ မိခင္ျဖစ္သူက သူ႔သားဟာလက္ရွိအသင္းနဲ႔ စာခ်ဳပ္သစ္လက္မွတ္ထိုးေတာ႕ မွာမဟုတ္ဘူးလို႔ ရီးရဲလ္မက္ဒရစ္ကို အသိေပးလိုက္ေၾကာင္း သတင္းတစ္ရပ္မွာ ေဖာ္ျပသြားခဲ့ပါတယ္။ အမ္ဘတ္ပီရဲ႕ မိခင္နဲ႔ ဖခင္ႏွစ္ဦးစလုံးဟာ သူတို႔သားရဲ႕ေအးဂ်င့္အျဖစ္ ကိုယ္စာျပဳေနၾက သူေတြလည္းျဖစ္ပါတယ္။

အသက္ ၂၀ သာရွိေသးတဲ႔ အမ္ဘတ္ပီဟာ ကမၻာ႔အေကာင္းဆုံး လူငယ္ကစားသမားတစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ႔ ရာသီကုန္ဆုံးကာနီးမွာ သူ႔အေနနဲဲ႔ အျခားအသင္းတစ္ခုမွာ စိန္ေခၚမႈအသစ္ေတြကို ရွာေဖြလိုေၾကာင္းေျပာၾကားခဲ့လို႔  ပီအက္စ္ဂ်ီနဲ႔ အနာဂတ္မေသခ်ာတဲ႔သူအျဖစ္ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။

သူ႔ကိုရီးရဲလ္မက္ဒရစ္ ကေခၚယူလိုေနတယ္လို႔ သတင္းထြက္ခဲ့ေပမယ္႔ သူဟာအသင္းမေျပာင္းျဖစ္ခဲ့ဘဲ ပီအက္စ္ဂ်ီမွာဘဲ ဆက္ရွိေနခဲ့တာပါ။ သူ႔ရဲ႕လက္ရွိစာခ်ဳပ္ဟာ ၂ ႏွစ္ခြဲက်န္ရွိေနေသးေပမယ္႔ သူ႔မိဘေတြဟာလက္ရွိမွာ ရီးရဲလ္နဲ႔ဆက္သြယ္ခဲ့ၿပီးျဖစ္သလို သူ႔မိခင္ကအခုလိုေျပာလိုက္ျခင္းေၾကာင့္ ရီးရဲလ္ကိုေခၚယူလို႔ရေအာင္ လမ္းဖြင့္ေပးလိုက္တဲ႔ သေဘာလို႔သုံးသပ္ၾကပါတယ္။

လက္ရွိ  အမ္ဘတ္ပီရဲ႕ စာခ်ဳပ္တန္ေၾကးက ေပါင္ ၃၄၂ သန္းျဖစ္လို႔ ရီးရဲလ္အေနနဲ႔ သူ႔ကိုေခၚယူဖို႔ ေငြေၾကးကန္႔သတ္ခ်က္ေတာ႔ရွိေနလိမ့္မယ္လို႔ လည္းဆိုၾကပါတယ္။ ေနာက္ဆုံးသတင္းေတြအရေတာ႔ ရီးရဲလ္ဟာ ကစားသမားကိုလာမယ္႔ေႏြမွာေခၚယူဖို႔အတြက္ ျဖစ္ႏိုင္ေခ်ေတြကို စတင္သုံးသပ္ေနၿပီလို႔ ဆိုပါတယ္။

ပီအက္စ္ဂ်ီဟာ လာမယ္႔ေႏြရာသီမွာ ေနမာကို ဘာစီလိုနာကိုလက္လႊတ္ရဖြယ္ရွိေနလို႔ အမ္ဘတ္ပီကိုေရရွည္ ဆက္ထိန္းႏိုင္ဖို႔ အေရးတႀကီးလိုအပ္ေနတာေၾကာင့္ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ဆက္လက္ႀကိဳးစားလာလိမ့္မယ္လို႔လည္း ျပင္သစ္သတင္းေတြမွာေဖာ္ျပခဲ့ၾကပါတယ္။