ပါရဲရားရဲ့ပါးပြင်ကို ရွန်နီ လက်နဲ့ရိုက်လိုက်တာက မန်ယူပရိသတ်တွေအတွက် ရယ်စရာဖြစ်နေ

photo-sportbible

photo-gettyimages

ပြီးခဲ့တဲ့ကြာသပတေးည ဒါဘီနဲ့မန်ယူတို့ရဲ့အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်မှာ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်တွေ့တဲ့ ရွန်နီအကြောင်းကသာ အလွှမ်းမိုးဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဧည့်သည်မန်ယူပရိသတ်တွေဟာ သူတို့ရဲ့ဂန္ထဟောင်းနာမည်ကို ပွဲချိန်တစ်လျှောက်လုံး သံပြိုင်ဟစ်ကြွေးခဲ့ကြပါတယ်။ ပြိုင်ဘက်အနေနဲ့ ရင်ဆိုင်ရတာဖြစ်ပေမယ့်လည်း မန်ယူပရိသတ်တွေဟာ သူတို့အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားသူကို ချစ်ကြပါတယ်။ ပွဲပြီးတော့လည်း ရွန်နီနဲ့ပတ်သက်ပြီး ပရိသတ်တွေအတွက် ရယ်စရာလေးတစ်ခု ဖြစ်သွားပါတယ်။

https://twitter.com/i/status/1235682915473698817

ပွဲအပြီး နှစ်ဖက်ကစားသမားတွေ ပွေ့ဖက်နှုတ်ဆက်ကြချိန်မှာ ရွန်နီဟာ ဒီရာသီမှာ ခြေစွမ်းအရ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကွင်းလယ်လူပါရဲရားနားရောက်လာပြီး အဲဒီဘရာဇီးသားရဲ့ပါးပြင်ကို လက်နဲ့ရိုက်လိုက်တာပါ။ ပါရဲရားက ရုတ်တရတ်ကြောင်သွားပေမယ့် ရွန်နီရဲ့ပခုံးကို လက်နဲ့ပုတ်ပြီး ပြန်လည်နှုတ်ဆက်ခဲ့ပါတယ်။ အဲဒါလေးက မန်ယူပရိသတ်တွေအတွက် သဘောခွေ့စရာဖြစ်သွားပါတယ်။

https://twitter.com/i/status/1235685184143527942

ပါရဲရားရဲ့ပါးကို ရွန်နီလက်နဲ့ရိုက်လိုက်တာကို မန်ယူပရိသတ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ ရယ်စရာကောင်းလောက်အောင် အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြတာပါ။ တစ်ယောက်က ရွန်နီဟာ မန်ယူပရိသတ်အားလုံးဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ နောက်တစ်ယောက်က ပါရဲရားငိုတဲ့တိုင်အောင် အကြိမ် ၁၀၀ ထပ်လုပ်စမ်းပါလို့ ဆိုပါတယ်။ နောက်ထပ်တစ်ယောက်လည်း ပါရဲရားကို အသိဝင်သွားအောင် ရွန်နီက ပါးရိုက်သတိပေးလိုက်တာလို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ ရွန်နီဟာ ဥမင်ထဲမဝင်ခင် ရဲရဲရင့်ရင့်ကစားကစားတတ်လို့ ပရိသတ်အားပေးမှုကိုရလာတဲ့ လူငယ်နောက်ခံလူလေးဘရန်ဒန်ဝီလျံနဲ့လည်း စကားပြောခဲ့ပါသေးတယ်။

[Zawgyi]

ပါရဲရားရဲ႕ပါးျပင္ကို ရြန္နီ လက္နဲ႔ရိုက္လိုက္္တာက မန္ယူပရိသတ္ေတြအတြက္ ရယ္စရာျဖစ္ေန

ၿပီးခဲ့တဲ့ၾကာသပေတးည ဒါဘီနဲ႔မန္ယူတုိ႔ရဲ႕အက္ဖ္ေအဖလားပဥၥမအဆင့္ပြဲစဥ္မွာ အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆုိင္ေတြ႕တဲ့ ရြန္နီအေၾကာင္းကသာ အလႊမ္းမိုးဆုံးျဖစ္ခဲ့ပါတယ္။ အဲဒီပြဲမွာ ဧည့္သည္မန္ယူပရိသတ္ေတြဟာ သူတုိ႔ရဲ႕ဂႏၳေဟာင္းနာမည္ကို ပြဲခ်ိန္တစ္ေလွ်ာက္လုံး သံၿပိဳင္ဟစ္ေၾကြးခဲ့ၾကပါတယ္။ ၿပိဳင္ဘက္အေနနဲ႔ ရင္ဆိုင္ရတာျဖစ္ေပမယ့္လည္း မန္ယူပရိသတ္ေတြဟာ သူတုိ႔အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံးသြင္းထားသူကို ခ်စ္ၾကပါတယ္။ ပြဲၿပီးေတာ့လည္း ရြန္နီနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြအတြက္ ရယ္စရာေလးတစ္ခု ျဖစ္သြားပါတယ္။

ပြဲအၿပီး ႏွစ္ဖက္ကစားသမားေတြ ေပြ႕ဖက္ႏႈတ္ဆက္ၾကခ်ိန္မွာ ရြန္နီဟာ ဒီရာသီမွာ ေျခစြမ္းအရ ေ၀ဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ကြင္းလယ္လူပါရဲရားနားေရာက္လာၿပီး အဲဒီဘရာဇီးသားရဲ႕ပါးျပင္ကုိ လက္နဲ႔ရိုက္လိုက္တာပါ။ ပါရဲရားက ရုတ္တရတ္ေၾကာင္သြားေပမယ့္ ရြန္နီရဲ႕ပခုံးကို လက္နဲ႔ပုတ္ၿပီး ျပန္လည္ႏႈတ္ဆက္ခဲ့ပါတယ္။ အဲဒါေလးက မန္ယူပရိသတ္ေတြအတြက္ သေဘာေခြ႔စရာျဖစ္သြားပါတယ္။

ပါရဲရားရဲ႕ပါးကို ရြန္နီလက္နဲ႔ရိုက္လိုက္တာကို မန္ယူပရိသတ္ေတြက ဆိုရွယ္မီဒီယာေပၚမွာ ရယ္စရာေကာငး္ေလာက္ေအာင္ အမ်ိဳးမ်ိဳးအဓိပၸါယ္ဖြင့္ဆိုခဲ့ၾကတာပါ။ တစ္ေယာက္က ရြန္နီဟာ မန္ယူပရိသတ္အားလုံးျဖစ္တယ္လုိ႔ ဆိုလိုက္ပါတယ္။ ေနာက္တစ္ေယာက္က ပါရဲရားငုိတဲ့တိုင္ေအာင္ အႀကိမ္ ၁၀၀ ထပ္လုပ္စမ္းပါလို႔ ဆိုပါတယ္။ ေနာက္ထပ္တစ္ေယာက္လည္း ပါရဲရားကို အသိ၀င္သြားေအာင္ ရြန္နီက ပါးရိုက္သတိေပးလိုက္တာလုိ႔ အဓိပၸါယ္ဖြင့္ပါတယ္။ ရြန္နီဟာ ဥမင္ထဲမ၀င္ခင္ ရဲရဲရင့္ရင့္ကစားကစားတတ္လုိ႔ ပရိသတ္အားေပးမႈကိုရလာတဲ့ လူငယ္ေနာက္ခံလူေလးဘရန္ဒန္၀ီလ်ံနဲ႔လည္း စကားေျပာခဲ့ပါေသးတယ္။