ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုတွေကို ဂွါဒီယိုလာနဲ့ ဂွမ်ဒိုဂမ် ဆွတ်ခူး

မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ ကွင်းလယ်လူ ဂွမ်ဒိုဂမ်တို့ဟာ ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး ဆုတွေကို အသီးသီးဆွတ်ခူးရရှိခဲ့ပါတယ်။ ဂွမ်ဒိုဂမ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၆)ပွဲမှာ (၅)ဂိုးအထိသွင်းယူခဲ့ပြီး မန်စီးတီးအသင်းအမှတ်ပေးဇယားထိပ်ဆုံးရရှိအောင် ခြေစွမ်းပြကူညီပေးခဲ့တာကြောင့် တစ်လတာအကောင်းဆုံးကစားသမားဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်။

ဂွမ်ဒိုဂမ်ဟာ ပြီးခဲ့တဲ့လတုန်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းပါဝင်ကစားခဲ့ပြီး သူက အသင်းရဲ့လက်ရှိခြေစွမ်းအရ ဘယ်လိုပြိုင်ဘက်မျိုးကိုမဆိုအနိုင်ယူနိုင်စွမ်းရှိတယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ “ဇန်နဝါရီလဟာ ကျွန်တော်တို့အတွက် ထူးခြားတဲ့လဖြစ်ပြီး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းကို အနိုင်ယူခဲ့ပါတယ်။

ကျွန်တော်တို့အသင်းဟာ အကောင်းဆုံးအနေအထားရောက်ရှိနေပြီး ပြိုင်ဘက်တွေ အနိုင်ယူဖို့ ခက်ခဲတဲ့အသင်းဖြစ်နေပြီလို့လည်း ခံစားမိပါတယ်”လို့ ဂွမ်ဒိုဂမ်ကပြောကြားခဲ့ပါတယ်။

၂၀၁၆-၁၇ ရာသီတုန်းက ဒေ့ါမွန်ကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့သူ ဂွမ်ဒိုဂမ်ဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်(၂)ကြိမ်ရယူခဲ့ပြီးဖြစ်ပေမယ့် တစ်လတာအကောင်းဆုံး ကစားသမားဆုကိုတော့ အခုမှ ပထမဆုံးရရှိခဲ့တာပါ။ မန်စီးတီးနည်းပြဂွါဒီယိုလာဟာလည်း ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုကို ၂၀၁၉၊ ဧပြီလမှာ ဆွတ်ခူးပြီးတဲ့နောက် အခုပထမဆုံးအကြိမ် ပြန်လည်ရရှိခဲ့တာဖြစ်ပြီး ဒါဟာ သူ့ရဲ့မန်စီးတီးနည်းပြဘ၀ (၈)ကြိမ်မြောက်ရရှိခဲ့တဲ့ဆုလည်းဖြစ်ပါတယ်။

အခုလို ဆုရရှိခဲ့တဲ့အတွက် ဂွါဒီယိုလာက သူ့ကစားသမားတွေကို ချီးကျူးစကားဆိုခဲ့ပြီး အသင်းမှာ ကိုဗစ်ရောဂါကြောင့် ကစားသမားတချို့ မပါနိုင်ခဲ့တာအပါအဝင် အခက်အခဲတွေရှိခဲ့ပေမယ့် ဇန်နဝါရီလအတွင်း ပရီးမီးယားလိဂ်ပွဲတိုင်းကို အနိုင်ကစားခဲ့တာက မယုံနိုင်လောက်အောင်ပါပဲလို့ ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ရာသီဝက်မတိုင်ခင်ကာလတွေမှာ ရလဒ်တွေ ယိမ်းယိုင်ခဲ့ပြီး Boxing Day နေ့တုန်းက နယူးကာဆယ်ကို အနိုင်ယူပြီးနောက် ထိပ်ဆုံးက လီဗာပူးလ်နဲ့ (၅)မှတ်အကွာ အဆင့်(၅)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလမှာတော့ မန်စီးတီးက မယုံနိုင်လောက်တဲ့စွမ်းဆောင်ရည်မျိုးပြသခဲ့ပြီး ပရီးမီးယားလိဂ်အပါအဝင် ပြိုင်ပွဲစုံမှာ (၉)ပွဲဆက်အနိုင်ရခဲ့တာကြောင့် လိဂ်အဖွဲ့ချုပ် စတင်ဖွဲ့စည်းခဲ့တဲ့ ၁၈၈၈ ခုနှစ်ကစလို့ အမှတ်ပေးပြိုင်ပွဲအတန်း(၄)ခုမှာ တစ်လတာအတွင်း နိုင်ပွဲအများဆုံးရရှိခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မန်စီးတီးအသင်းဟာ လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ(၁၅)ပွဲဆက်အနိုင်ရခဲ့လို့ အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ နိုင်ပွဲဆက်အများဆုံးအသင်းအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါပြီ။ ဇန်နဝါရီလကုန်မှာတော့ မန်စီးတီးအသင်းက လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်တို့ကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယားအဆင့်(၁)နေရာကို ပိုင်ဆိုင်ခဲ့သလို ပရီးမီးယားလိဂ်ချန်ပီယံဆုကို တစ်ကျော့ပြန်ရယူဖို့ အခြေအနေကောင်းနေပြီလို့ပြောရမှာပါ။

Zawgyi

ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံးဆုေတြကို ဂြါဒီယိုလာနဲ႔ ဂြမ္ဒိုဂမ္ ဆြတ္ခူး

မန္စီးတီးနည္းျပဂြါဒီယိုလာနဲ႔ ကြင္းလယ္လူ ဂြမ္ဒိုဂမ္တို႔ဟာ ဇန္နဝါရီလအတြက္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံး ဆုေတြကို အသီးသီးဆြတ္ခူးရရွိခဲ့ပါတယ္။ ဂြမ္ဒိုဂမ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလအတြင္းကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္(၆)ပြဲမွာ (၅)ဂိုးအထိသြင္းယူခဲ့ၿပီး မန္စီးတီးအသင္းအမွတ္ေပးဇယားထိပ္ဆုံးရရွိေအာင္ ေျခစြမ္းျပကူညီေပးခဲ့တာေၾကာင့္ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ထိုက္ထိုက္တန္တန္ရရွိခဲ့တာျဖစ္ပါတယ္။ ဂြမ္ဒိုဂမ္ဟာ ၿပီးခဲ့တဲ့လတုန္းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲတိုင္းပါဝင္ကစားခဲ့ၿပီး သူက အသင္းရဲ႕လက္ရွိေျခစြမ္းအရ ဘယ္လိုၿပိဳင္ဘက္မ်ိဳးကိုမဆိုအႏိုင္ယူႏိုင္စြမ္းရွိတယ္လို႔ ေႂကြးေၾကာ္ခဲ့ပါတယ္။ “ဇန္နဝါရီလဟာ ကြၽန္ေတာ္တို႔အတြက္ ထူးျခားတဲ့လျဖစ္ၿပီး ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲတိုင္းကို အႏိုင္ယူခဲ့ပါတယ္။ ကြၽန္ေတာ္တို႔အသင္းဟာ အေကာင္းဆုံးအေနအထားေရာက္ရွိေနၿပီး ၿပိဳင္ဘက္ေတြ အႏိုင္ယူဖို႔ ခက္ခဲတဲ့အသင္းျဖစ္ေနၿပီလို႔လည္း ခံစားမိပါတယ္”လို႔ ဂြမ္ဒိုဂမ္ကေျပာၾကားခဲ့ပါတယ္။

၂၀၁၆-၁၇ ရာသီတုန္းက ေဒ့ါမြန္ကေန မန္စီးတီးအသင္းကို ေျပာင္းေ႐ႊ႕ခဲ့သူ ဂြမ္ဒိုဂမ္ဟာ အသင္းနဲ႔အတူ ပရီးမီးယားလိဂ္(၂)ႀကိမ္ရယူခဲ့ၿပီးျဖစ္ေပမယ့္ တစ္လတာအေကာင္းဆုံး ကစားသမားဆုကိုေတာ့ အခုမွ ပထမဆုံးရရွိခဲ့တာပါ။ မန္စီးတီးနည္းျပဂြါဒီယိုလာဟာလည္း ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးနည္းျပဆုကို ၂၀၁၉၊ ဧၿပီလမွာ ဆြတ္ခူးၿပီးတဲ့ေနာက္ အခုပထမဆုံးအႀကိမ္ ျပန္လည္ရရွိခဲ့တာျဖစ္ၿပီး ဒါဟာ သူ႔ရဲ႕မန္စီးတီးနည္းျပဘ၀ (၈)ႀကိမ္ေျမာက္ရရွိခဲ့တဲ့ဆုလည္းျဖစ္ပါတယ္။ အခုလို ဆုရရွိခဲ့တဲ့အတြက္ ဂြါဒီယိုလာက သူ႔ကစားသမားေတြကို ခ်ီးက်ဴးစကားဆိုခဲ့ၿပီး အသင္းမွာ ကိုဗစ္ေရာဂါေၾကာင့္ ကစားသမားတခ်ိဳ႕ မပါႏိုင္ခဲ့တာအပါအဝင္ အခက္အခဲေတြရွိခဲ့ေပမယ့္ ဇန္နဝါရီလအတြင္း ပရီးမီးယားလိဂ္ပြဲတိုင္းကို အႏိုင္ကစားခဲ့တာက မယုံႏိုင္ေလာက္ေအာင္ပါပဲလို႔ ဆိုခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ ရာသီဝက္မတိုင္ခင္ကာလေတြမွာ ရလဒ္ေတြ ယိမ္းယိုင္ခဲ့ၿပီး Boxing Day ေန႔တုန္းက နယူးကာဆယ္ကို အႏိုင္ယူၿပီးေနာက္ ထိပ္ဆုံးက လီဗာပူးလ္နဲ႔ (၅)မွတ္အကြာ အဆင့္(၅)ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဒါေပမဲ့ ဇန္နဝါရီလမွာေတာ့ မန္စီးတီးက မယုံႏိုင္ေလာက္တဲ့စြမ္းေဆာင္ရည္မ်ိဳးျပသခဲ့ၿပီး ပရီးမီးယားလိဂ္အပါအဝင္ ၿပိဳင္ပြဲစုံမွာ (၉)ပြဲဆက္အႏိုင္ရခဲ့တာေၾကာင့္ လိဂ္အဖြဲ႕ခ်ဳပ္ စတင္ဖြဲ႕စည္းခဲ့တဲ့ ၁၈၈၈ ခုႏွစ္ကစလို႔ အမွတ္ေပးၿပိဳင္ပြဲအတန္း(၄)ခုမွာ တစ္လတာအတြင္း ႏိုင္ပြဲအမ်ားဆုံးရရွိခဲ့တဲ့ ပထမဆုံးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ မန္စီးတီးအသင္းဟာ လက္ရွိအခ်ိန္အထိ ၿပိဳင္ပြဲစုံ(၁၅)ပြဲဆက္အႏိုင္ရခဲ့လို႔ အဂၤလန္ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ၿပိဳင္ပြဲစုံ ႏိုင္ပြဲဆက္အမ်ားဆုံးအသင္းအျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့ပါၿပီ။ ဇန္နဝါရီလကုန္မွာေတာ့ မန္စီးတီးအသင္းက လီဗာပူးလ္၊ မန္ခ်က္စတာယူႏိုက္တက္တို႔ကို ေက်ာ္ျဖတ္ၿပီး အမွတ္ေပးဇယားအဆင့္(၁)ေနရာကို ပိုင္ဆိုင္ခဲ့သလို ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို တစ္ေက်ာ့ျပန္ရယူဖို႔ အေျခအေနေကာင္းေနၿပီလို႔ေျပာရမွာပါ။