ပရီးမီးယားလိဂ်ဆိုတာ ကာလရှည်ပြိုင်ပွဲပါလို့ လီဗာပူးကို ဒီဘလိုင်းသတိပေး

PC ; Internet

ပရီးမီးယားလိဂ်ဆိုတာရှည်လျားတဲ့ပြိုင်ပွဲတစ်ခုပါလို့ မန်စီးတီးကွင်းလယ်ကြယ်ပွင့်ဒီဘရိုင်းကပြောဆိုပြီး ပြိုင်ဘက်လီဗာပူးကို သတိပေးလိုက်ပါတယ်။အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာ ၃-ဝဂိုးနဲ့အနိုင်ရတဲ့ လက်ရှိချန်ပီယံမန်စီးတီးဟာ အမှတ်ပေးဇယားထိပ်က လီဗာပူးနဲ့အမှတ်ကွာဟမှုကို ၃မှတ်အထိလျှော့ချနိုင်ခဲ့တဲ့နောက် ဘယ်လ်ဂျီယံကွင်းလယ်လူက ပြောဆိုလိုက်တာဖြစ်ပါတယ်။အဲဒီပွဲရဲ့ပထမပိုင်းမှာ ဗီလာဟာ ပြသနာအချို့ဖန်တီးနိုင်ခဲ့သလို သူတို့ကိုယ်တိုင်အာရုံစူးစိုက်မှုလျော့ကျခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပုံစံကောင်းပြသနိုင်ခဲ့တယ်လို့လည်း ဒီဘရိုင်းကဖွင့်ဟသွားပါတယ်။

PC ; Internet

“ ပထမပိုင်းမှာ ကျွန်တော်တို့ပြသနာအချို့ရှိခဲ့ပါတယ်။အာရုံစိုက်မှုကင်းမဲ့ခဲ့သလို ပုံမှန်ခြေစွမ်းလည်းမရခဲ့ပါဘူး။ဒုတိယပိုင်းမှာတော့ စတာလင်းရဲ့ဂိုးနဲ့အတူ ကျွန်တော်တို့ကောင်းမွန်စွာ ပြန်လည်စတင်နိုင်ခဲ့ပါတယ်။ပထမပိုင်းမှာ တန်ပြန်တိုက်စစ်တွေနဲ့ သူတို့ခြိမ်းခြောက်မှုတွေလုပ်နိုင်ခဲ့ပါတယ်။ဒါကလည်း ကျွန်တော်တို့က အင်္ဂါမှာပွဲကစားခဲ့ရပြီး သူတို့က တစ်ပတ်လုံးပြင်ဆင်ချိန်ရခဲ့လို့ပါ။ဒါပေမဲ့ အဆုံးသတ်မှာတော့ ကျွန်တော်တို့ထိုက်တန်စွာနဲ့အနိုင်ရခဲ့ပါတယ် ” လို့ ဒီဘရိုင်းက ဖွင့်ဟသွားပါတယ်။

PC ; Internet

မန်စီးတီးအနေနဲ့ အိမ်ကွင်းမှာ ဝုဗ်ကိုမထင်မှတ်ဘဲ အရေးနိမ့်ခဲ့တဲ့နောက် ပြိုင်ပွဲစုံ ၃ပွဲဆက်အနိုင်ရခဲ့တာပါ။လီဗာပူးက တနင်္ဂနွေပွဲစဉ်မှာ စပါးကိုအနိုင်ရရင် ၆မှတ်ပြန်ဖြတ်ခွင့်ရှိနေပေမယ့် ဒီဘရိုင်းကတော့ အဲဒီလိုအရေးသာမှုတွေကို မတုန်လှုပ်ဘူးလို့ဆိုပါတယ်။

PC ; Internet

“ ပရီးမီးယားလိဂ်ဆိုတာ ကာလရှည်ပြိုင်ပွဲတစ်ခုပါ။နိုင်ငံတကာသီတင်းပတ်အပြီးမှာ တကယ်ကောင်းမွန်တဲ့အဖြေမျိုး ကျွန်တော်တို့ပေးခဲ့ပြီးပါပြီ။၃ပွဲဆက်အနိုင်ဆိုတဲ့ ရလဒ်မျိုးနဲ့ပေါ့။ဒါကို ထိန်းသိမ်းပြီးရှေ့ဆက်သွားဖို့ပါပဲ ” လို့ ဘယ်လ်ဂျီယံကြယ်ပွင့်က ဖွင့်ဟလိုက်ပါတယ်။ဒါ့အပြင် ပွဲပြီးကာနီးမှာ ဖာနန်ဒင်ညိုထုတ်ပယ်ခံခဲ့ရသလို မန်စီးတီးခံစစ်မှာဒဏ်ရာပြသနာတွေရှိနေပေမယ့် သူ့အနေနဲ့အသင်းအပေါ်ဆိုးဆိုးရွားရွားထိခိုက်မှာမျိုး မစိုးရိမ်ဘူးလို့လည်း ဒီဘရိုင်းက ပြောဆိုသွားပါတယ်။

(zawgyi)

ပရီးမီးယားလိဂ္ဆိုတာရွည္လ်ားတဲ့ၿပိဳင္ပြဲတစ္ခုပါလို႔ မန္စီးတီးကြင္းလယ္ၾကယ္ပြင့္ဒီဘရိုင္းကေျပာဆိုၿပီး ၿပိဳင္ဘက္လီဗာပူးကို သတိေပးလိုက္ပါတယ္။အက္စ္တြန္ဗီလာကို အိမ္ကြင္းမွာ ၃-၀ဂိုးနဲ႔အႏိုင္ရတဲ့ လက္ရွိခ်န္ပီယံမန္စီးတီးဟာ အမွတ္ေပးဇယားထိပ္က လီဗာပူးနဲ႔အမွတ္ကြာဟမႈကို ၃မွတ္အထိေလွ်ာ့ခ်ႏိုင္ခဲ့တဲ့ေနာက္ ဘယ္လ္ဂ်ီယံကြင္းလယ္လူက ေျပာဆိုလိုက္တာျဖစ္ပါတယ္။အဲဒီပြဲရဲ႕ပထမပိုင္းမွာ ဗီလာဟာ ျပသနာအခ်ိဳ႔ဖန္တီးႏိုင္ခဲ့သလို သူတို႔ကိုယ္တိုင္အာရံုစူးစိုက္မႈေလ်ာ့က်ခဲ့ေပမယ့္ ဒုတိယပိုင္းမွာေတာ့ ပံုစံေကာင္းျပသႏိုင္ခဲ့တယ္လို႔လည္း ဒီဘရိုင္းကဖြင့္ဟသြားပါတယ္။“ ပထမပိုင္းမွာ ကၽြန္ေတာ္တို႔ျပသနာအခ်ိဳ႕ရွိခဲ့ပါတယ္။အာရံုစိုက္မႈကင္းမဲ့ခဲ့သလို ပံုမွန္ေျခစြမ္းလည္းမရခဲ့ပါဘူး။ဒုတိယပိုင္းမွာေတာ့ စတာလင္းရဲ႕ဂိုးနဲ႔အတူ ကၽြန္ေတာ္တို႔ေကာင္းမြန္စြာ ျပန္လည္စတင္ႏိုင္ခဲ့ပါတယ္။ပထမပိုင္းမွာ တန္ျပန္တိုက္စစ္ေတြနဲ႔ သူတို႔ၿခိမ္းေျခာက္မႈေတြလုပ္ႏိုင္ခဲ့ပါတယ္။ဒါကလည္း ကၽြန္ေတာ္တို႔က အဂၤါမွာပြဲကစားခဲ့ရၿပီး သူတို႔က တစ္ပတ္လံုးျပင္ဆင္ခ်ိန္ရခဲ့လို႔ပါ။ဒါေပမဲ့ အဆံုးသတ္မွာေတာ့ ကၽြန္ေတာ္တို႔ထိုက္တန္စြာနဲ႔အႏိုင္ရခဲ့ပါတယ္ ” လို႔ ဒီဘရိုင္းက ဖြင့္ဟသြားပါတယ္။မန္စီးတီးအေနနဲ႔ အိမ္ကြင္းမွာ ၀ုဗ္ကိုမထင္မွတ္ဘဲ အေရးနိမ့္ခဲ့တဲ့ေနာက္ ၿပိဳင္ပြဲစံု ၃ပြဲဆက္အႏိုင္ရခဲ့တာပါ။လီဗာပူးက တနဂၤေႏြပြဲစဥ္မွာ စပါးကိုအႏိုင္ရရင္ ၆မွတ္ျပန္ျဖတ္ခြင့္ရွိေနေပမယ့္ ဒီဘရိုင္းကေတာ့ အဲဒီလိုအေရးသာမႈေတြကို မတုန္လႈပ္ဘူးလို႔ဆိုပါတယ္။“ ပရီးမီးယားလိဂ္ဆိုတာ ကာလရွည္ၿပိဳင္ပြဲတစ္ခုပါ။ႏိုင္ငံတကာသီတင္းပတ္အၿပီးမွာ တကယ္ေကာင္းမြန္တဲ့အေျဖမ်ိဳး ကၽြန္ေတာ္တို႔ေပးခဲ့ၿပီးပါၿပီ။၃ပြဲဆက္အႏိုင္ဆိုတဲ့ ရလဒ္မ်ိဳးနဲ႔ေပါ့။ဒါကို ထိန္းသိမ္းၿပီးေရွ႕ဆက္သြားဖို႔ပါပဲ ” လို႔ ဘယ္လ္ဂ်ီယံၾကယ္ပြင့္က ဖြင့္ဟလိုက္ပါတယ္။ဒါ့အျပင္ ပြဲၿပီးကာနီးမွာ ဖာနန္ဒင္ညိဳထုတ္ပယ္ခံခဲ့ရသလို မန္စီးတီးခံစစ္မွာဒဏ္ရာျပသနာေတြရွိေနေပမယ့္ သူ႔အေနနဲ႔အသင္းအေပၚဆိုးဆိုးရြားရြားထိခိုက္မွာမ်ိဳး မစိုးရိမ္ဘူးလို႔လည္း ဒီဘရိုင္းက ေျပာဆိုသြားပါတယ္။