ပရီးမီးယားလိဂ်ချန်ပီယံဆုပြေးလမ်းကြောင်းပေါ်မှာ အာဆင်နယ်ပါဝင်နေပြီလို့ ပရိသတ်တွေယုံကြည်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းတွေဆက်တိုက်ရယူနေတဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိနေပြီလို့ အသင်းပရိသတ်တွေယုံကြည်နေကြပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ မနေ့က ဝက်ဖို့ဒ်နဲ့ကစားခဲ့တဲ့ပွဲမှာ(၁-၀)ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ကိုကျော်ဖြတ်ပြီးတော့ အဆင့်(၅)နေရာရောက်ရှိလာသလို ထိပ်ဆုံးကချယ်လ်ဆီးနဲ့(၆)မှတ်သာကွာဟနေပါတယ်။

ရာသီအစ(၃)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာကြောင့် ၁၉၅၄ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရာသီအစနဲ့ကြုံတွေ့ခဲ့ပေမယ့်

မန်စီးတီးကို(၅-၀)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးကတည်းက အာဆင်နယ်တို့ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိတော့ဘဲ (၆)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့ပြီး ပြိုင်ပွဲစုံမှာ(၁၀)ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ပါဘူး။

တကယ်လို့ သြဂုတ်လက ရလဒ်တွေကို ထည့်မတွက်ဘဲ စက်တင်ဘာလကနေ စပြီးတော့ အဆင့်သတ်မှတ်ချက်ပေးမယ်ဆိုရင်

အာဆင်နယ်အသင်းဟာ ချယ်လ်ဆီး၊ မန်စီးတီးတို့ကိုကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်မှာလည်းဖြစ်ပါတယ်။

အဲဒါကြောင့် အာဆင်နယ်ပရိသတ်တွေက အသင်းရဲ့ကြီးမားတဲ့အပြောင်းအလဲကို အားရကျေနပ်နေတာဖြစ်ပြီး ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ဆယ်စုနှစ်တစ်ခုကျော်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်နေကြတာပါ။

ရာသီအစပိုင်းက နည်းပြရာထူးကအထုတ်ခံရဖို့အထိ နီးစပ်ခဲ့တဲ့ အာတီတာဟာ အခုအချိန်မှာတော့ အာဆင်နယ်အသင်းအတွက်

သူရဲကောင်းဖြစ်နေသလို သူ့ရဲ့အာဆင်နယ်နည်းပြဘဝပွဲ(၁၀၀)ပြည့်စွမ်းဆောင်ရည်က ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးထက်တောင် ပိုကောင်းနေပါတယ်။

အာတီတာဟာ အာဆင်နယ်အသင်းကို,ကိုင်တွယ်ခဲ့တဲ့ပွဲ(၁၀၀)အတွင်း နိုင်ပွဲ(၅၄)ပွဲ၊ သရေ(၂၀)ပွဲ၊ ရှုံးပွဲ(၂၆)ပွဲ၊ သွင်းဂိုးအရေအတွက်(၁၆၃)ဂိုးရှိခဲ့ပြီး

အာစင်ဝင်းဂါးကတော့ နိုင်ပွဲ(၅၁)ပွဲ၊ သရေ(၃၁)ပွဲ၊ ရှုံးပွဲ(၁၀)ပွဲနဲ့ သွင်းဂိုးအရေအတွက်(၁၅၇)ဂိုးမှတ်တမ်းပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြတွေထဲမှာ ပွဲ(၁၀၀)ကိုင်တွယ်အပြီး အာတီတာထက် နိုင်ပွဲပိုရခဲ့တာက နာမည်ကျော်နည်းပြဟောင်းဂျော့ချ်ဂရေဟမ်(၅၆ပွဲ)တစ်ဦးသာရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ပရီးမီးယားလိဂ္ခ်န္ပီယံဆုေျပးလမ္းေၾကာင္းေပၚမွာ အာဆင္နယ္ပါဝင္ေနၿပီလို႔ ပရိသတ္ေတြယုံၾကည္

ပရီးမီးယားလိဂ္မွာ ရလဒ္ေကာင္းေတြဆက္တိုက္ရယူေနတဲ့ အာဆင္နယ္အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ခ်န္ပီယံေျပးလမ္းေၾကာင္းေပၚကို ျပန္လည္ေရာက္ရွိေနၿပီလို႔ အသင္းပရိသတ္ေတြယုံၾကည္ေနၾကၿပီျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ မေန႔က ဝက္ဖို႔ဒ္နဲ႔ကစားခဲ့တဲ့ပြဲမွာ(၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ကိုေက်ာ္ျဖတ္ၿပီးေတာ့ အဆင့္(၅)ေနရာေရာက္ရွိလာသလို ထိပ္ဆုံးကခ်ယ္လ္ဆီးနဲ႔(၆)မွတ္သာကြာဟေနပါတယ္။ ရာသီအစ(၃)ပြဲဆက္တိုက္ရႈံးနိမ့္ခဲ့တာေၾကာင့္ ၁၉၅၄ ခုႏွစ္ေနာက္ပိုင္း အဆိုး႐ြားဆုံးရာသီအစနဲ႔ႀကဳံေတြ႕ခဲ့ေပမယ့္ မန္စီးတီးကို(၅-၀)ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီးကတည္းက အာဆင္နယ္တို႔ ပရီးမီးယားလိဂ္မွာ ရႈံးပြဲမရွိေတာ့ဘဲ (၆)ပြဲႏိုင္၊ (၂)ပြဲသေရက်ခဲ့ၿပီး ၿပိဳင္ပြဲစုံမွာ(၁၀)ပြဲဆက္တိုက္ရႈံးပြဲမရွိခဲ့ပါဘူး။

တကယ္လို႔ ၾသဂုတ္လက ရလဒ္ေတြကို ထည့္မတြက္ဘဲ စက္တင္ဘာလကေန စၿပီးေတာ့ အဆင့္သတ္မွတ္ခ်က္ေပးမယ္ဆိုရင္ အာဆင္နယ္အသင္းဟာ ခ်ယ္လ္ဆီး၊ မန္စီးတီးတို႔ကိုေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္မွာလည္းျဖစ္ပါတယ္။

အဲဒါေၾကာင့္ အာဆင္နယ္ပရိသတ္ေတြက အသင္းရဲ႕ႀကီးမားတဲ့အေျပာင္းအလဲကို အားရေက်နပ္ေနတာျဖစ္ၿပီး ၂၀၀၃-၀၄ ရာသီေနာက္ပိုင္း ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာေဝးကြာေနတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆု ျပန္လည္ရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကတာပါ။

ရာသီအစပိုင္းက နည္းျပရာထူးကအထုတ္ခံရဖို႔အထိ နီးစပ္ခဲ့တဲ့ အာတီတာဟာ အခုအခ်ိန္မွာေတာ့ အာဆင္နယ္အသင္းအတြက္ သူရဲေကာင္းျဖစ္ေနသလို သူ႔ရဲ႕အာဆင္နယ္နည္းျပဘဝပြဲ(၁၀၀)ျပည့္စြမ္းေဆာင္ရည္က ဂႏၴဝင္နည္းျပႀကီး အာဆင္ဝင္းဂါးထက္ေတာင္ ပိုေကာင္းေနပါတယ္။

အာတီတာဟာ အာဆင္နယ္အသင္းကို,ကိုင္တြယ္ခဲ့တဲ့ပြဲ(၁၀၀)အတြင္း ႏိုင္ပြဲ(၅၄)ပြဲ၊ သေရ(၂၀)ပြဲ၊ ရႈံးပြဲ(၂၆)ပြဲ၊ သြင္းဂိုးအေရအတြက္(၁၆၃)ဂိုးရွိခဲ့ၿပီး အာစင္ဝင္းဂါးကေတာ့ ႏိုင္ပြဲ(၅၁)ပြဲ၊ သေရ(၃၁)ပြဲ၊ ရႈံးပြဲ(၁၀)ပြဲနဲ႔ သြင္းဂိုးအေရအတြက္(၁၅၇)ဂိုးမွတ္တမ္းပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္နည္းျပေတြထဲမွာ ပြဲ(၁၀၀)ကိုင္တြယ္အၿပီး အာတီတာထက္ ႏိုင္ပြဲပိုရခဲ့တာက နာမည္ေက်ာ္နည္းျပေဟာင္းေဂ်ာ့ခ်္ဂေရဟမ္(၅၆ပြဲ)တစ္ဦးသာရွိပါတယ္။