ပထမပိုင်းနဲ့သာ ပွဲဖြတ်မယ်ဆိုရင် အမှတ်ပေးဇယားမှာ လီဗာပူးနဲ့ပူးတွဲဦးဆောင်နိုင်မယ့် မန်ယူ

photo-the sun

photo-gettyimages

မန်ယူဟာ အမှတ်ပေးဇယားရဲ့ဒုတိယနေရာမှာရပ်တည်နေပြီး ထိပ်ဆုံးက လီဗာပူးနဲ့ရမှတ်တူဖြစ်နေကာ မြို့ခံပြိုင်ဘက်မန်စီးတီးရဲ့အထက်မှာ ရပ်တည်နေပါတယ်။ ဒီရာသီပရီးမီးယားလိဂ်ပွဲတွေကို ပထမပိုင်းရလဒ်နဲ့သာ အဆုံးသတ်မယ်ဆိုရင်ပေ့ါလေ။ လက်ရှိမှာတော့ ဆိုးလ်ရှားရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာရောက်နေပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ၁၅ မှတ်တောင်ကွာနေကာ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့လည်း ၇ မှတ်ကွာနေလို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် မရေရာမသေချာပါဘူး။

photo-the sun

ဒါပေမဲ့ ဒီရာသီကစားပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ ၁၀၀ စလုံးကို ပထမပိုင်းနဲ့သာ စာရင်းဖြတ်လိုက်မယ်ဆိုရင် မန်ယူဟာ ချန်ပီယံဆုကိုတောင် စိန်ခေါ်နိုင်မှာပါ။ ဒီရာသီပထမပိုင်းတွေမှာ မန်ယူဟာ ၈ ဂိုးသွင်းပြီး ၂ ဂိုးသာပြန်ပေးခဲ့ရကာ ၁၀ ပွဲမှာ ၂၂ မှတ်ယူနိုင်ခဲ့တာပါ။ ဒါပေမဲ့ တကယ့်အမှတ်ပေးဇယားမှာတော့ ၃ ပွဲသာနိုင်ပြီး ၄ ပွဲသရေနဲ့ ၃ ပွဲရှုံးထားပါတယ်။ ဒါ့အပြင် ၁၃ ဂိုးသာသွင်းနိုင်ခဲ့ပြီး ပေးဂိုး ၁၀ ဂိုးရှိထားပါတယ်။

photo-gettyimages

လီဗာပူးကတော့ ပထမပိုင်းဆိုလည်း ထိပ်ဆုံးကပါပဲ။ သူတို့ တကယ်ရနေတဲ့အမှတ်ထက် ၆ မှတ်သာ ပိုနည်းတာပါ။ အံ့သြစရာကောင်းတာက ဒီရာသီရုန်းကန်နေရတဲ့ စပါး၊အဲဗာတန်၊ဘရိုက်တန်နဲ့နယူးကာဆယ်တို့လိုအသင်းတွေဟာ ပထမပိုင်းတွေမှာသာ ပိုကောင်းတဲ့အသင်းတွေဖြစ်နေတာပါပဲ။ ပဲလေ့စ်က တကယ့်အမှတ်ပေးဇယားမှာ မန်ယူရဲ့အထက် အဆင့် ၆ နေရာရောက်နေပေမယ့် ပထမပိုင်းအပြီးအမှတ်ပေးဇယားမှာတော့ အဆင့် ၁၆ ထိတောင် ရောက်နေပါတယ်။

[Zawgyi]

ပထမပိုင္းနဲ႔သာ ပြဲျဖတ္မယ္ဆိုရင္ အမွတ္ေပးဇယားမွာ လီဗာပူးနဲ႔ပူးတြဲဦးေဆာင္ႏိုင္မယ့္ မန္ယူ

မန္ယူဟာ အမွတ္ေပးဇယားရဲ႕ဒုတိယေနရာမွာရပ္တည္ေနၿပီး ထိပ္ဆုံးက လီဗာပူးနဲ႔ရမွတ္တူျဖစ္ေနကာ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးရဲ႕အထက္မွာ ရပ္တည္ေနပါတယ္။ ဒီရာသီပရီးမီးယားလိဂ္ပြဲေတြကို ပထမပိုင္းရလဒ္နဲ႔သာ အဆုံးသတ္မယ္ဆိုရင္ေပ့ါေလ။ လက္ရွိမွာေတာ့ ဆုိးလ္ရွားရဲ႕အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ အဆင့္ ၇ ေနရာေရာက္ေနၿပီး ထိပ္ဆုံးက လီဗာပူးနဲ႔ ၁၅ မွတ္ေတာင္ကြာေနကာ အဆင့္ ၄ ေနရာက ခ်ဲလ္ဆီးနဲ႔လည္း ၇ မွတ္ကြာေနလုိ႔ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ေတာင္ မေရရာမေသခ်ာပါဘူး။

ဒါေပမဲ့ ဒီရာသီကစားၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲ ၁၀၀ စလုံးကို ပထမပိုင္းန႔ဲသာ စာရင္းျဖတ္လုိက္မယ္ဆိုရင္ မန္ယူဟာ ခ်န္ပီယံဆုကိုေတာင္ စိန္ေခၚႏိုင္မွာပါ။ ဒီရာသီပထမပိုင္းေတြမွာ မန္ယူဟာ ၈ ဂိုးသြင္းၿပီး ၂ ဂိုးသာျပန္ေပးခဲ့ရကာ ၁၀ ပြဲမွာ ၂၂ မွတ္ယူႏိုင္ခဲ့တာပါ။ ဒါေပမဲ့ တကယ့္အမွတ္ေပးဇယားမွာေတာ့ ၃ ပြဲသာႏိုင္ၿပီး ၄ ပြဲသေရနဲ႔ ၃ ပြဲရႈံးထားပါတယ္။ ဒါ့အျပင္ ၁၃ ဂိုးသာသြင္းႏိုင္ခဲ့ၿပီး ေပးဂိုး ၁၀ ဂိုးရွိထားပါတယ္။

လီဗာပူးကေတာ့ ပထမပိုင္းဆုိလည္း ထိပ္ဆုံးကပါပဲ။ သူတို႔ တကယ္ရေနတဲ့အမွတ္ထက္ ၆ မွတ္သာ ပိုနည္းတာပါ။ အံ့ၾသစရာေကာင္းတာက ဒီရာသီရုန္းကန္ေနရတဲ့ စပါး၊အဲဗာတန္၊ဘရိုက္တန္နဲ႔နယူးကာဆယ္တုိ႔လိုအသင္းေတြဟာ ပထမပိုင္းေတြမွာသာ ပိုေကာင္းတဲ့အသင္းေတြျဖစ္ေနတာပါပဲ။ ပဲေလ့စ္က တကယ့္အမွတ္ေပးဇယားမွာ မန္ယူရဲ႕အထက္ အဆင့္ ၆ ေနရာေရာက္ေနေပမယ့္ ပထမပိုင္းအၿပီးအမွတ္ေပးဇယားမွာေတာ့ အဆင့္ ၁၆ ထိေတာင္ ေရာက္ေနပါတယ္။