နောက်ခံလူ မာရီကို ခေါ်ယူရေး အာဆင်နယ်ရဲ့ကြိုးစားမှု နောက်ဆုံးအဆင့်ရောက်မှ ပျက်ရဖွယ်ရှိနေ

Photo Credit

Photo Credit

ဖလာမင်ဂိုအသင်းဒါရိုက်တာတစ်ဦးက အာဆင်နယ်အသင်းအနေနဲ့ နောက်ခံလူပက်ဘလိုမာရီကို ခေါ်ယူရေးကြိုးစားမှုမှာ အပြောင်းအလဲတွေ လုပ်ခဲ့တယ်လို့ ပြောကြားလိုက်ပြီးနောက် မာရီရဲ့အပြောင်းအရွှေ့ကလည်း ပျက်တော့မယ့်အလားအလာရောက်သွားပါတယ်။ မာရီဟာ အာဆင်နယ်အသင်းနဲ့ ဆေးစစ်ဆေးမှုခံယူဖို့ ပြီးခဲ့တဲ့စနေနေ့က လန်ဒန်ကို ရောက်လာခဲ့ပြီး အာဆင်နယ်အသင်းနည်းစနစ်ဒါရိုက်တာ အီဒူးက မာရီကို ကနဦးအငှား၊ ရာသီကုန်ရင် ပေါင် ၇.၅သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ ဖလာမင်ဂိုအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။

Photo Credit

အဲဒီအချိန်အထိ ဘာပြဿနာမှမရှိပေမယ့် အခုတော့ မာရီလည်း ဘရာဇီးနိုင်ငံကို ပြန်ရောက်သွားခဲ့ပါပြီ။ ဖလာမင်ဂိုဒါရိုက်တာက ”ဒီနေ့နေ့ခင်းမှာပဲ အသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွေမှာ မာရီ ပါဝင်လာဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ဟာ သူ့ကို ပြောင်းရွှေ့ကြေးနဲ့ ရောင်းချဖို့ သဘောတူညီခဲ့ပေမယ့် အာဆင်နယ်က စာချုပ်ပါအချက်အလက်တွေကို ပြောင်းလဲခဲ့ပါတယ်။ ဖလာမင်ဂိုအသင်းက အသင်းကြီးတစ်သင်းပါ”လို့ ပြောကြားခဲ့ပါတယ်။

Photo Credit

အာဆင်နယ်နဲ့နီးစပ်သူတွေကတော့ အသက် ၂၆နှစ်အရွယ်ရှိ စီးတီးနောက်ခံလူဟောင်း မာရီဟာ ဆေးစစ်ဆေးခံယူခဲ့ပြီး သူငယ်ချင်းတွေကတောင် အပြောင်းအရွှေ့အတွက် သူ့ကို ဂုဏ်ပြုဖို့ အသင့်ရှိနေပေမယ့် နောက်ဆုံးအဆင့်ရောက်မှ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတာဖြစ်ကြောင်း ဆိုပါတယ်။

Photo Credit

အခုတော့ မာရီလည်း ရီယိုဒီဂျနေးရိုးမြို့ကို ပြန်ရောက်သွားခဲ့ပြီး သူ့ရဲ့အပြောင်းအရွှေ့အတွက် ဖလာမင်ဂိုနဲ့ အာဆင်နယ်အသင်းတာဝန်ရှိသူတွေ ဆက်လက်ဆွေးနွေးနေပေမယ့် အာဆင်နယ်အသင်းကလည်း နောက်ထပ်ပစ်မှတ်အသစ်တွေ ရှာဖွေနေပါတယ်။

Photo Credit

မာရီဟာ ၂၀၁၉ ခုနှစ်က ဖလာမင်ဂိုအသင်း ဖလား ၂လုံးချန်ပီယံဖြစ်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့သူဖြစ်ပြီး ဘရာဇီးပြည်တွင်းအမှတ်ပေးချန်ပီယံဆုနဲ့ ကိုပါလီဘာတေးဒိုးစ်ဖလား(ချန်ပီယံလိဂ်ပြိုင်ပွဲလို တောင်အမေရိကရဲ့အဆင့်မြင့်ဆုံးကလပ်အသင်းပြိုင်ပွဲ)လည်း ရယူနိုင်ခဲ့ပါတယ်။

Photo Credit

သူဟာ လီဗာပူးအသင်းကို အချိန်ပိုမှာ ရှုံးနိမ့်ခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဖလာမင်ဂိုအသင်းအတွက် နောက်ဆုံးအကြိမ် ပါဝင်ကစားထားပြီး စီးတီးမှာ ပွဲထွက်ခွင့်မရခဲ့လို့ ၂၀၁၉ နွေရာသီက ဖလာမင်ဂိုအသင်းကို ရောက်ရှိသွားခဲ့တာဖြစ်သလို အသင်းမပြောင်းခင် ဂီရိုနာ၊ ဘရီဒါနဲ့ ဒီပို့တီဗိုအသင်းတွေမှာ အငှားနဲ့ကစားခဲ့ဖူးပါတယ်။

Photo Credit

Zawgyi

ေနာက္ခံလူ မာရီကို ေခၚယူေရး အာဆင္နယ္ရဲ႕ႀကိဳးစားမႈ ေနာက္ဆုံးအဆင့္ေရာက္မွ ပ်က္ရဖြယ္ရွိေန

ဖလာမင္ဂိုအသင္းဒါ႐ိုက္တာတစ္ဦးက အာဆင္နယ္အသင္းအေနနဲ႔ ေနာက္ခံလူပက္ဘလုိမာရီကို ေခၚယူေရးႀကိဳးစားမႈမွာ အေျပာင္းအလဲေတြ လုပ္ခဲ့တယ္လုိ႔ ေျပာၾကားလုိက္ၿပီးေနာက္ မာရီရဲ႕အေျပာင္းအေရႊ႕ကလည္း ပ်က္ေတာ့မယ့္အလားအလာေရာက္သြားပါတယ္။ မာရီဟာ အာဆင္နယ္အသင္းနဲ႔ ေဆးစစ္ေဆးမႈခံယူဖို႔ ၿပီးခဲ့တဲ့စေနေန႔က လန္ဒန္ကို ေရာက္လာခဲ့ၿပီး အာဆင္နယ္အသင္းနည္းစနစ္ဒါ႐ိုက္တာ အီဒူးက မာရီကို ကနဦးအငွား၊ ရာသီကုန္ရင္ ေပါင္ ၇.၅သန္းနဲ႔ အၿပီးသတ္ေခၚယူဖို႔ ဖလာမင္ဂိုအသင္းနဲ႔ သေဘာတူညီမႈရရွိခဲ့ပါတယ္။
အဲဒီအခ်ိန္အထိ ဘာျပႆနာမွမရွိေပမယ့္ အခုေတာ့ မာရီလည္း ဘရာဇီးႏိုင္ငံကို ျပန္ေရာက္သြားခဲ့ပါၿပီ။ ဖလာမင္ဂိုဒါ႐ိုက္တာက ”ဒီေန႔ေန႔ခင္းမွာပဲ အသင္းရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္ေတြမွာ မာရီ ပါ၀င္လာဖို႔ ကၽြန္ေတာ္တုိ႔ ေမွ်ာ္လင့္ထားပါတယ္။ ကၽြန္ေတာ္တုိ႔ဟာ သူ႕ကို ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာင္းခ်ဖို႔ သေဘာတူညီခဲ့ေပမယ့္ အာဆင္နယ္က စာခ်ဳပ္ပါအခ်က္အလက္ေတြကို ေျပာင္းလဲခဲ့ပါတယ္။ ဖလာမင္ဂိုအသင္းက အသင္းႀကီးတစ္သင္းပါ”လုိ႔ ေျပာၾကားခ့ဲပါတယ္။
အာဆင္နယ္နဲ႔နီးစပ္သူေတြကေတာ့ အသက္ ၂၆ႏွစ္အရြယ္ရွိ စီးတီးေနာက္ခံလူေဟာင္း မာရီဟာ ေဆးစစ္ေဆးခံယူခဲ့ၿပီး သူငယ္ခ်င္းေတြကေတာင္ အေျပာင္းအေရႊ႕အတြက္ သူ႕ကို ဂုဏ္ျပဳဖို႔ အသင့္ရွိေနေပမယ့္ ေနာက္ဆုံးအဆင့္ေရာက္မွ အေျပာင္းအေရႊ႕ပ်က္ျပယ္ခဲ့ရတာျဖစ္ေၾကာင္း ဆုိပါတယ္။
အခုေတာ့ မာရီလည္း ရီယိုဒီဂ်ေနး႐ိုးၿမိဳ႕ကို ျပန္ေရာက္သြားခဲ့ၿပီး သူ႕ရဲ႕အေျပာင္းအေရႊ႕အတြက္ ဖလာမင္ဂိုနဲ႔ အာဆင္နယ္အသင္းတာ၀န္ရွိသူေတြ ဆက္လက္ေဆြးေႏြးေနေပမယ့္ အာဆင္နယ္အသင္းကလည္း ေနာက္ထပ္ပစ္မွတ္အသစ္ေတြ ရွာေဖြေနပါတယ္။
မာရီဟာ ၂၀၁၉ ခုႏွစ္က ဖလာမင္ဂိုအသင္း ဖလား ၂လုံးခ်န္ပီယံျဖစ္ခဲ့ရာမွာ အဓိကေနရာကေန ပါ၀င္ခဲ့သူျဖစ္ၿပီး ဘရာဇီးျပည္တြင္းအမွတ္ေပးခ်န္ပီယံဆုနဲ႔ ကိုပါလီဘာေတးဒုိးစ္ဖလား(ခ်န္ပီယံလိဂ္ၿပိဳင္ပဲြလုိ ေတာင္အေမရိကရဲ႕အဆင့္ျမင့္ဆုံးကလပ္အသင္းၿပိဳင္ပဲြ)လည္း ရယူႏိုင္ခဲ့ပါတယ္။
သူဟာ လီဗာပူးအသင္းကို အခ်ိန္ပိုမွာ ႐ံႈးနိမ့္ခဲ့တဲ့ ဖီဖာကလပ္ ကမၻာ့ဖလားဗိုလ္လုပြဲမွာ ဖလာမင္ဂိုအသင္းအတြက္ ေနာက္ဆုံးအႀကိမ္ ပါ၀င္ကစားထားၿပီး စီးတီးမွာ ပဲြထြက္ခြင့္မရခဲ့လုိ႔ ၂၀၁၉ ေႏြရာသီက ဖလာမင္ဂိုအသင္းကို ေရာက္ရွိသြားခဲ့တာျဖစ္သလုိ အသင္းမေျပာင္းခင္ ဂီ႐ိုနာ၊ ဘရီဒါနဲ႔ ဒီပို႔တီဗိုအသင္းေတြမွာ အငွားနဲ႔ကစားခဲ့ဖူးပါတယ္။