နေကောင်းလာပြီဖြစ်တဲ့ အဲရစ်ဆန်ရဲ့ ထုတ်ပြန်ကြေငြာချက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖင်လန် အသင်းနဲ့ ပွဲစဉ်မှာ ကွင်းအတွင်းလဲကျသတိလစ်ခဲ့တဲ့ဒိန်းမတ်အသင်း ကွင်းလယ်ကစားသမား အဲရစ်ဆန် က သူ့အတွက် စိုးရိမ်နေတဲ့သူတွေ စိတ်မပူစေဖို့ ပထမဆုံးအကြိမ်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သူ့ရဲ့ ကြေညာချက်မှာ ဆေးအဖွဲ့ဝင်တွေနဲ့ သူ့ရဲ့အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။

အဲရစ်ဆန်က”အားလုံးကို ကျေးဇူးတင်ပါတယ် ။ ကျွန်တော် အရှုံးမပေးပါဘူး။ အခု နေလို့ကောင်းနေပါပြီ”

“ဒါပေမယ့် ဘာဖြစ်ခဲ့တာလဲ ဆိုတာကိုတော့ ကျွန်တော် သိချင် ၊ နားလည်ချင်ပါတယ်။

ကျွန်တော့်အပေါ် ဆုတောင်းပေး ၊ စိတ်ပူပေး ၊ ကူညီပေးခဲ့ကြတာတွေအတွက် ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်” ဆိုပြီး ဆေးရုံပေါ်ကနေ အမှာစကား ပြောထားပါတယ်။

အဲရစ်ဆန် ကွင်းအတွင်း လဲကျချိန်မှာ ဒိန်းမတ်အသင်းခေါင်းဆောင် ခါဂျာက ‌ဆေးအကူအဖွဲ့တွေမလာခင် အသင်းဖော် အသက်ရှုလမ်းကြောင်းကောင်းမွန်အောင်အရေးပေါ် အသက်ကယ်နည်းတွေနဲ့ ကူညီပေး ခဲ့ပါတယ်။

အဲရစ်ဆန် ကွင်းအတွင်း ဆေးကုသမှုခံယူနေတဲ့ မြင်ကွင်းကို ပရိသတ်တွေနဲ့ မီဒီယာတွေ တွေ့မြင်ခြင်းမရှိအောင် ကျန်အသင်းဖော်တွေကလည်း ပတ်ပတ်လည်ဝိုင်းဝန်းကာရံပေးခဲ့ကြပါတယ်။

အဲရစ်‌ဆန် ဟာ အခုတော့ ကိုပေဟေဂင်မှာရှိတဲ့ ဆေးရုံမှာ တည်ငြိမ်မှုတွေပြန်ရနေပြီး အသင်းဖော်တွေနဲ့ စကားပြောဆိုနိုင်ကာ၊ ပြူတင်းပေါက်ကနေ လက်ပြ နှုတ်ဆက် နိုင်နေပါပြီ။

အဲရစ်ဆန် ဟာ ကျန်းမာရေး အခြေအနေကြောင့် ယူရိုပြိုင်ပွဲတစ်ခုလုံးကို ပါဝင်နိုင်ဖွယ်မရှိတော့တဲ့ အနေအထား ဖြစ်နေပါတယ်။

ဒိန်းမတ် အသင်းဟာ ယူရိုပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်အဖြစ် အခုလ(၁၇)ရက်မှာ ဘယ်လ်ဂျီယံ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေနေကာင္းလာၿပီျဖစ္တဲ့ အဲရစ္ဆန္ရဲ႕ ထုတ္ျပန္ေၾကျငာခ်က္

ဖင္လန္ အသင္းနဲ႔ ပြဲစဥ္မွာ ကြင္းအတြင္းလဲက်သတိလစ္ခဲ့တဲ့ဒိန္းမတ္အသင္း ကြင္းလယ္ကစားသမား အဲရစ္ဆန္ က သူ႔အတြက္ စိုးရိမ္ေနတဲ့သူေတြ စိတ္မပူေစဖို႔ ပထမဆုံးအႀကိမ္ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

သူ႔ရဲ႕ ေၾကညာခ်က္မွာ ေဆးအဖြဲ႕ဝင္ေတြနဲ႔ သူ႔ရဲ႕အသင္းေဖာ္ေတြကို ေက်းဇူးတင္ေၾကာင္း ေျပာဆိုထားပါတယ္။ အဲရစ္ဆန္က”အားလုံးကို ေက်းဇူးတင္ပါတယ္ ။ ကြၽန္ေတာ္ အရႈံးမေပးပါဘူး။ အခု ေနလို႔ေကာင္းေနပါၿပီ”

“ဒါေပမယ့္ ဘာျဖစ္ခဲ့တာလဲ ဆိုတာကိုေတာ့ ကြၽန္ေတာ္ သိခ်င္ ၊ နားလည္ခ်င္ပါတယ္။ ကြၽန္ေတာ့္အေပၚ ဆုေတာင္းေပး ၊ စိတ္ပူေပး ၊ ကူညီေပးခဲ့ၾကတာေတြအတြက္ ေက်းဇူးတင္တယ္လို႔ ေျပာခ်င္ပါတယ္” ဆိုၿပီး ေဆး႐ုံေပၚက​ေန အမွာစကား ​ေျပာထားပါတယ္။

အဲရစ္ဆန္ ကြင္းအတြင္း လဲက်ခ်ိန္မွာ ဒိန္းမတ္အသင္းေခါင္းေဆာင္ ခါဂ်ာက ‌ေဆးအကူအဖြဲ႕ေတြမလာခင္ အသင္းေဖာ္ အသက္ရႈလမ္းေၾကာင္းေကာင္းမြန္ေအာင္​အ​ေရး​ေပၚ အသက္ကယ္နည္း​ေတြနဲ႔ ကူညီ​ေပးခဲ့ပါတယ္။ အဲရစ္ဆန္ ကြင္းအတြင္း ေဆးကုသမႈခံယူေနတဲ့ ျမင္ကြင္းကို ပရိသတ္ေတြနဲ႔ မီဒီယာေတြ ေတြ႕ျမင္ျခင္းမရွိေအာင္ က်န္အသင္းေဖာ္ေတြကလည္း ပတ္ပတ္လည္ဝိုင္းဝန္းကာရံ​ေပးခဲ့ၾကပါတယ္။

အဲရစ္‌ဆန္ ဟာ အခု​ေတာ့ ကိုေပေဟဂင္မွာရွိတဲ့ ေဆး႐ုံမွာ တည္ၿငိမ္မႈေတြျပန္ရေနၿပီး အသင္းေဖာ္ေတြနဲ႔ စကားေျပာဆိုႏိုင္ကာ၊ ျပဴတင္း​ေပါက္က​ေန လက္ျပ ႏႈတ္ဆက္ ႏိုင္​ေနပါၿပီ။ အဲရစ္ဆန္ ဟာ က်န္းမာ​ေရး အ​ေျခအ​ေန​ေၾကာင့္ ယူ႐ိုၿပိဳင္ပြဲတစ္ခုလုံးကို ပါဝင္ႏိုင္ဖြယ္မရွိေတာ့တဲ့ အ​ေနအထား ျဖစ္​ေနပါတယ္။ ဒိန္းမတ္ အသင္းဟာ ယူ႐ိုၿပိဳင္ပြဲအုပ္စုဒုတိယပြဲစဥ္အျဖစ္ အခုလ(၁၇)ရက္မွာ ဘယ္လ္ဂ်ီယံ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။