နယ်လ်ဆင်ရဲ့ဓာတ်ပုံတစ်ပုံကြောင့် ဆန်ချိုကို ခေါ်ယူဖို့ အာဆင်နယ်ပရိသတ်တွေ မျှော်လင့်လာ
Photo Credit
Photo Credit
အာဆင်နယ်အသင်းလူငယ်ကြယ်ပွင့် နယ်လ်ဆင်ဟာ သူငယ်ချင်းဖြစ်သူ ဂျော်ဒန်ဆန်ချိုနဲ့အတူတွဲရိုက်ထားတဲ့ဓာတ်ပုံကို လူမှုမီဒီယာမှာ တင်ခဲ့ရာ အာဆင်နယ်ပရိသတ်တွေလည်း လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး မျှော်လင့်ချက်အိပ်မက်တွေ ဖြစ်ပေါ်လာပါတယ်။ ဒေါ့မွန်ကြယ်ပွင့် ဆန်ချိုဟာ လွန်ခဲ့တဲ့ ၂နှစ်က စီးတီးကနေ ဘွန်ဒက်စ်လီဂါကို ရောက်ရှိလာချိန်ကတည်းက အထူးခြေစွမ်းပြလျက်ရှိရာ အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေပါတယ်။
Photo Credit
ဒီလိုခြေစွမ်းပြနိုင်ပေမယ့် ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်ကာလအတွင်း အင်္ဂလန်အသင်းအတွက် ပါဝင်ကစားပြီးနောက် ကလပ်အသင်းဆီ ပြန်သတင်းပို့ရာမှာ ၂၄ နာရီနောက်ကျသွားလို့ ဒေါ့မွန်က ဒဏ်ငွေရိုက်ခဲ့ပြီးနောက် အသင်းနဲ့အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။ ဆန်ချိုရဲ့နောက်ထပ်ကလပ်က ယူနိုက်တက်၊ လီဗာပူးနဲ့ ချဲလ်ဆီး တစ်သင်းသင်းဖြစ်နိုင်တယ်လို့ သတင်းတွေက သုံးသပ်နေပါတယ်။
Photo Credit
ဒါပေမဲ့ အာဆင်နယ်ပရိသတ်တွေကတော့ နယ်လ်ဆင်ရဲ့လူမှုမီဒီယာမှာ ဆန်ချိုနဲ့အတူတွဲရိုက်ထားတဲ့ဓာတ်ပုံ တွေ့လိုက်ရပြီးနောက် အမ်းမရိတ်စ်မှာ ဆန်ချိုကို မြင်တွေ့ဖို့ မျှော်လင့်နေကြပါတယ်။ တောင်ပံကစားသမား နယ်လ်ဆင်က ဆန်ချို၊ အာဆင်နယ်အသင်းဖော် ဝီလော့ခ်တို့နဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံကို သူ့ရဲ့အကောင့်ကနေ တင်ခဲ့တာဖြစ်ပြီး ”တစ်ဘဝလုံးအတွက် ညီအစ်ကိုများ”ဆိုတဲ့စာပါ ရေးသားခဲ့ပါတယ်။
Photo Credit
”ဆန်ချိုအတွက် ငွေသားအပြင် ဇာခါပါ အလိုက်ပေးကမ်းလှမ်းမလားဆိုတာ သိချင်လိုက်တာ” ”နွေရာသီမှာ အူဘာကို ရောင်းချပြီး တိုက်စစ်မှာ ဆန်ချို-လာကာဇက်-ပီပီ ဆိုရင်ရော”လို့ ပရိသတ်တွေက အသီးသီးမှတ်ချက်ပြုခဲ့ကြပါတယ်။
ဆန်ချိုဟာ ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်ကို ချီးကျူးခဲ့ပြီးနောက် လူငယ်အများစုနဲ့ ခြေစွမ်းပြနေတဲ့ စတမ်းဖို့ဒ်ဘရစ်ချ်အခြေစိုက်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေတယ်ဆိုတဲ့သတင်းတွေလည်း ပိုမိုထွက်ပေါ်လာပါတယ်။
Photo Credit
”ကျွန်တော်ဟာ Youtube ကနေ ရော်နယ်ဒင်ဟိုရဲ့ကစားပုံကို ကြည့်ပြီး ကြီးပြင်းလာတာပါ။ ဒါပေမဲ့ လမ်းပတ်ကို အတော်လေးသဘောကျပြီး ချဲလ်ဆီးမှာ သူနဲ့ဒရော့ဘာတု့ိ ကစားခဲ့တုန်းက ကြိက်နှစ်သက်ခဲ့ပါတယ်။ သူတို့ ၃ယောက်ရဲ့ကစားပုံကိုကြည့်ပြီး ကြီးပြင်းလာခဲ့တာပါ”လို့ ဆန်ချိုက ပြောကြားခဲ့ပါတယ်။
Photo Credit
Zawgyi