နယူးကာဆယ်နဲ့ပွဲမှာ စီရော်နယ်လ်ဒိုပိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်းကောင်း(၁၃)ခု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပေါ်တူဂီနာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုကတော့ အသင်းဟောင်းအတွက် တစ်ကျော့ပြန်ခရီးအစမှာပဲ သွင်းဂိုး(၂)ဂိုးနဲ့အဖွင့်လှခဲ့ပါပြီ။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ထိပ်တန်းအဆင့်စွမ်းဆောင်ရည်တွေပြသနေဆဲဖြစ်သူ စီရော်နယ်လ်ဒိုဟာ နယူးကာဆယ်နဲ့ပွဲမှာ အသင်းဖော်တွေနဲ့အကောင်းဆုံးချိတ်ဆက်ကစားခဲ့သလို ပြိုင်ဘက်အသင်းဧရိယာအတွင်းမှာ ဘောလုံးထိချက်သိပ်မရှိခဲ့တာတောင် (၂)ဂိုးအထိသွင်းယူပြခဲ့ပါတယ်။

အဲဒါကြောင့် ဗြိတိန်နာမည်ကျော် The Sun သတင်းစာ နယူးကာဆယ်နဲ့ပွဲမှာ စီရော်နယ်လ်ဒိုပိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်းကောင်း(၁၃)ခုကို ထုတ်နုတ်ဖော်ပြခဲ့ပြီး အဲဒီမှတ်တမ်းကောင်းတွေက ဘာတွေလဲဆိုတော့ . . .

၁၂ နှစ် – စီရော်နယ်လ်ဒိုဟာ ၂၀၀၉၊ မေလတုန်းက အာဆင်နယ်နဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် နောက်ဆုံးပါဝင်ကစားခဲ့ပြီး အခု (၁၂)နှစ်အကြာမှ နောက်တစ်ကြိမ် ပရီးမီးယားလိဂ်ပွဲထွက်ကစားခဲ့တာကြောင့်

ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုုင်းတစ်လျှောက် တစ်ပွဲနဲ့တစ်ပွဲကြား နှစ်အကြာဆုံးအချိန်ယူခဲ့ရတဲ့ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ဘောလုံးထိချက်(၈)ကြိမ် – နယူးကာဆယ်နဲ့ပွဲမှာ ပြိုင်ဘက်အသင်းပယ်နယ်တီဧရိယာအတွင်း စီရော်နယ်လ်ဒိုရဲ့ ဘောလုံးထိချက်က (၈)ကြိမ်သာရှိခဲ့ပြီး တစ်ပွဲလုံးမှာတော့ (၆၃)ကြိမ်ရှိခဲ့ပေမယ့် (၂)ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

ဂိုးပေါက်ကန်မှု(၆)ကြိမ် – စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်အသင်းအတွက် ပွဲဦးထွက်မှာ (၂)ဂိုးသွင်းယူဖို့ ဂိုးပေါက်ကန်သွင်းချက်(၆)ကြိမ်သာပြုလုပ်ခဲ့ရတာပါ။

အဲဒီ(၆)ကြိမ်မှာ (၂)ကြိမ်ဂိုးပေါက်တည့်ခဲ့သလို အဲဒီ(၂)ကြိမ်စလုံးဂိုးဝင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်သွင်းဂိုး (၈၆)ဂိုး – အခုဆိုရင် စီရော်နယ်လ်ဒိုရဲ့ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်က (၈၆)ဂိုးရှိလာပြီး ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစာရင်းမှာ အဆင့်(၄၄)နေရာတက်ရောက်ခဲ့တဲ့အပြင် ဒီရာသီမှာ ပရီးမီးယားလိဂ်ဂိုး(၁၀၀)ပြည့်အောင် သွင်းယူနိုင်ဖို့ရှိနေပါပြီ။

(၁၅)နှစ်ဆက် သွင်းဂိုး(၃၀) – နယူးကာဆယ်ဘက်ကို စီရော်နယ်လ်ဒို သွင်းယူခဲ့တဲ့အဖွင့်ဂိုးက ၂၀၂၁ ခုနှစ်အတွင်း သူ့ရဲ့ဂိုး(၃၀)မြောက်သွင်းဂိုးဖြစ်ခဲ့ပြီး ဘောလုံးပြက္ခဒိန်တစ်ခုအတွင်း (၁၅)နှစ်ဆက်တိုက် ဂိုး(၃၀)နဲ့အထက်သွင်းယူခဲ့တဲ့ တစ်ဦးတည်းသောကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။

တစ်နာရီ (၂၀.၂)မိုင် – ယူနိုက်တက်အသင်းအတွက် စီရော်နယ်လ်ဒို ဒုတိယဂိုးသွင်းယူချိန်မှာ သူ့ရဲ့ပြေးအားက တစ်နာရီကို (၂၀.၂)မိုင်အထိရှိခဲ့ပြီး ဒါက အသက်(၃၆)နှစ်အရွယ်ကစားသမားတစ်ဦးအတွက် အံ့အားသင့်စရာကောင်းတဲ့စွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။

ဘောလုံးပေးပို့မှု – စီရော်နယ်လ်ဒိုဟာ ပြိုင်ဘက်အသင်း Final Third ဇုန်မှာ ဘောလုံးပေးပို့မှု (၁၇)ကြိမ်ပြုလုပ်ခဲ့ပြီး အဲဒီထဲမှာ အခွင့်အရေး(၁)ကြိမ်ဖန်တီးပေးခဲ့သလို ဘောလုံးပေးပို့တာမှာတိကျမှုက (၈၆.၇%)ရှိခဲ့ပါတယ်။

Golden Oldie – ယူနိုက်တက်အသင်းသမိုင်းတစ်လျှောက် အသင်းအတွက်အသက်အကြီးဆုံးဂိုးသွင်းသူတွေထဲမှာ စီရော်နယ်လ်ဒိုထက် အသက်ပိုကြီးတာဆိုလို့ ဂန္ထဝင်ကစားသမားနှစ်ဦးဖြစ်တဲ့ ရိုင်ယန်ဂစ်နဲ့ ပေါလ်စခိုးလ်တို့သာရှိပါတော့တယ်။

တစ်ပွဲ(၂)ဂိုး – စီရော်နယ်လ်ဒိုရဲ့ကစားသမားဘဝတစ်လျှောက် တစ်ပွဲတည်း(၂)ဂိုးသွင်းယူနိုင်ခဲ့တာက ပွဲပေါင်း(၂၀၀)အထိရှိလာပြီဖြစ်ပြီး သူ့ရဲ့အဓိကပြိုင်ဘက်မက်ဆီရဲ့အရေအတွက်နဲ့ တူညီသွားပါပြီ။

အာဆင်နယ်၊ နောဝစ်ချ် – စီရော်နယ်လ်ဒိုဟာ နယူးကာဆယ်နဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တာကြောင့် သူ့သွင်းဂိုးအရေအတွက်က အာဆင်နယ်၊ နောဝစ်ချ်(၁ဂိုးစီ)အသင်းတို့ထက်တောင် ပိုများနေပါတယ်။

ဘောလုံးပေးပို့မှု – စီရော်နယ်လ်ဒိုရဲ့ ဘောလုံးပေးပို့မှုတွေထဲမှာ ဘရူနိုဖာနန်ဒက်စ်ကို (၉)ကြိမ်၊ လုခ်ရှောကို (၇)ကြိမ်၊ ပေ့ါဘာကို (၇)ကြိမ်နဲ့ မက်ဂွိုင်းယားဆီ (၅)ကြိမ်ပေးပို့ခဲ့ပါတယ်။

ဘောလုံးရရှိမှု – စီရော်နယ်လ်ဒိုဆီ ဘောလုံးပေးပို့မှုအများဆုံးပြုလုပ်ခဲ့တာက ဘရူနိုဖာနန်ဒက်စ်၊ ပေ့ါဘာ၊ မာတစ်တို့ပဲဖြစ်ပြီး စုစုပေါင်း(၁၀)ကြိမ်စီပေးခဲ့ကြပါတယ်။

အထူးခြားဆုံးမှတ်တမ်း – ၂၀၀၉၊ ဧပြီလတုန်းက ယူနိုက်တက်အသင်းအတွက် စီရော်နယ်လ်ဒို (၂)ဂိုးသွင်းယူပြီးခဲ့တဲ့နောက် (၁၂)နှစ်တာကာလအတွင်း ယူနိုက်တက်အသင်းရဲ့ ကျောနံပါတ်(၇)ကစားသမားတွေဟာ

အိုးလ်ထရက်ဖို့ဒ်မှာ တစ်ကြိမ်မှ (၂)ဂိုးမသွင်းနိုင်ခဲ့ဘဲ အခု စီရော်နယ်လ်ဒိုက ပထမဆုံးအကြိမ်အဖြစ် (၂)ဂိုးသွင်းယူခဲ့တဲ့ နံပါတ်(၇)ကစားသမားဖြစ်လာခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

နယူးကာဆယ္နဲ႔ပြဲမွာ စီေရာ္နယ္လ္ဒိုပိုင္ဆိုင္ခဲ့တဲ့ မွတ္တမ္းေကာင္း(၁၃)ခု

ေပၚတူဂီနာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုကေတာ့ အသင္းေဟာင္းအတြက္ တစ္ေက်ာ့ျပန္ခရီးအစမွာပဲ သြင္းဂိုး(၂)ဂိုးနဲ႔အဖြင့္လွခဲ့ပါၿပီ။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ ထိပ္တန္းအဆင့္စြမ္းေဆာင္ရည္ေတြျပသေနဆဲျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ နယူးကာဆယ္နဲ႔ပြဲမွာ အသင္းေဖာ္ေတြနဲ႔အေကာင္းဆုံးခ်ိတ္ဆက္ကစားခဲ့သလို ၿပိဳင္ဘက္အသင္းဧရိယာအတြင္းမွာ ေဘာလုံးထိခ်က္သိပ္မရွိခဲ့တာေတာင္ (၂)ဂိုးအထိသြင္းယူျပခဲ့ပါတယ္။ အဲဒါေၾကာင့္ ၿဗိတိန္နာမည္ေက်ာ္ The Sun သတင္းစာ နယူးကာဆယ္နဲ႔ပြဲမွာ စီေရာ္နယ္လ္ဒိုပိုင္ဆိုင္ခဲ့တဲ့ မွတ္တမ္းေကာင္း(၁၃)ခုကို ထုတ္ႏုတ္ေဖာ္ျပခဲ့ၿပီး အဲဒီမွတ္တမ္းေကာင္းေတြက ဘာေတြလဲဆိုေတာ့ . . .

၁၂ ႏွစ္ – စီေရာ္နယ္လ္ဒိုဟာ ၂၀၀၉၊ ေမလတုန္းက အာဆင္နယ္နဲ႔ပြဲမွာ ယူႏိုက္တက္အသင္းအတြက္ ေနာက္ဆုံးပါဝင္ကစားခဲ့ၿပီး အခု (၁၂)ႏွစ္အၾကာမွ ေနာက္တစ္ႀကိမ္ ပရီးမီးယားလိဂ္ပြဲထြက္ကစားခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲသမိုုင္းတစ္ေလွ်ာက္ တစ္ပြဲနဲ႔တစ္ပြဲၾကား ႏွစ္အၾကာဆုံးအခ်ိန္ယူခဲ့ရတဲ့ကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

ေဘာလုံးထိခ်က္(၈)ႀကိမ္ – နယူးကာဆယ္နဲ႔ပြဲမွာ ၿပိဳင္ဘက္အသင္းပယ္နယ္တီဧရိယာအတြင္း စီေရာ္နယ္လ္ဒိုရဲ႕ ေဘာလုံးထိခ်က္က (၈)ႀကိမ္သာရွိခဲ့ၿပီး တစ္ပြဲလုံးမွာေတာ့ (၆၃)ႀကိမ္ရွိခဲ့ေပမယ့္ (၂)ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။

ဂိုးေပါက္ကန္မႈ(၆)ႀကိမ္ – စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္အသင္းအတြက္ ပြဲဦးထြက္မွာ (၂)ဂိုးသြင္းယူဖို႔ ဂိုးေပါက္ကန္သြင္းခ်က္(၆)ႀကိမ္သာျပဳလုပ္ခဲ့ရတာပါ။ အဲဒီ(၆)ႀကိမ္မွာ (၂)ႀကိမ္ဂိုးေပါက္တည့္ခဲ့သလို အဲဒီ(၂)ႀကိမ္စလုံးဂိုးဝင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္သြင္းဂိုး (၈၆)ဂိုး – အခုဆိုရင္ စီေရာ္နယ္လ္ဒိုရဲ႕ပရီးမီးယားလိဂ္သြင္းဂိုးအေရအတြက္က (၈၆)ဂိုးရွိလာၿပီး ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးစာရင္းမွာ အဆင့္(၄၄)ေနရာတက္ေရာက္ခဲ့တဲ့အျပင္ ဒီရာသီမွာ ပရီးမီးယားလိဂ္ဂိုး(၁၀၀)ျပည့္ေအာင္ သြင္းယူႏိုင္ဖို႔ရွိေနပါၿပီ။

(၁၅)ႏွစ္ဆက္ သြင္းဂိုး(၃၀) – နယူးကာဆယ္ဘက္ကို စီေရာ္နယ္လ္ဒို သြင္းယူခဲ့တဲ့အဖြင့္ဂိုးက ၂၀၂၁ ခုႏွစ္အတြင္း သူ႔ရဲ႕ဂိုး(၃၀)ေျမာက္သြင္းဂိုးျဖစ္ခဲ့ၿပီး ေဘာလုံးျပကၡဒိန္တစ္ခုအတြင္း (၁၅)ႏွစ္ဆက္တိုက္ ဂိုး(၃၀)နဲ႔အထက္သြင္းယူခဲ့တဲ့ တစ္ဦးတည္းေသာကစားသမားအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါၿပီ။

တစ္နာရီ (၂၀.၂)မိုင္ – ယူႏိုက္တက္အသင္းအတြက္ စီေရာ္နယ္လ္ဒို ဒုတိယဂိုးသြင္းယူခ်ိန္မွာ သူ႔ရဲ႕ေျပးအားက တစ္နာရီကို (၂၀.၂)မိုင္အထိရွိခဲ့ၿပီး ဒါက အသက္(၃၆)ႏွစ္အ႐ြယ္ကစားသမားတစ္ဦးအတြက္ အံ့အားသင့္စရာေကာင္းတဲ့စြမ္းေဆာင္ရည္ျဖစ္ခဲ့ပါတယ္။

ေဘာလုံးေပးပို႔မႈ – စီေရာ္နယ္လ္ဒိုဟာ ၿပိဳင္ဘက္အသင္း Final Third ဇုန္မွာ ေဘာလုံးေပးပို႔မႈ (၁၇)ႀကိမ္ျပဳလုပ္ခဲ့ၿပီး အဲဒီထဲမွာ အခြင့္အေရး(၁)ႀကိမ္ဖန္တီးေပးခဲ့သလို ေဘာလုံးေပးပို႔တာမွာတိက်မႈက (၈၆.၇%)ရွိခဲ့ပါတယ္။

Golden Oldie – ယူႏိုက္တက္အသင္းသမိုင္းတစ္ေလွ်ာက္ အသင္းအတြက္အသက္အႀကီးဆုံးဂိုးသြင္းသူေတြထဲမွာ စီေရာ္နယ္လ္ဒိုထက္ အသက္ပိုႀကီးတာဆိုလို႔ ဂႏၴဝင္ကစားသမားႏွစ္ဦးျဖစ္တဲ့ ႐ိုင္ယန္ဂစ္နဲ႔ ေပါလ္စခိုးလ္တို႔သာရွိပါေတာ့တယ္။

တစ္ပြဲ(၂)ဂိုး – စီေရာ္နယ္လ္ဒိုရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ တစ္ပြဲတည္း(၂)ဂိုးသြင္းယူႏိုင္ခဲ့တာက ပြဲေပါင္း(၂၀၀)အထိရွိလာၿပီျဖစ္ၿပီး သူ႔ရဲ႕အဓိကၿပိဳင္ဘက္မက္ဆီရဲ႕အေရအတြက္နဲ႔ တူညီသြားပါၿပီ။

အာဆင္နယ္၊ ေနာဝစ္ခ်္ – စီေရာ္နယ္လ္ဒိုဟာ နယူးကာဆယ္နဲ႔ပြဲမွာ (၂)ဂိုးသြင္းယူခဲ့တာေၾကာင့္ သူ႔သြင္းဂိုးအေရအတြက္က အာဆင္နယ္၊ ေနာဝစ္ခ်္(၁ဂိုးစီ)အသင္းတို႔ထက္ေတာင္ ပိုမ်ားေနပါတယ္။

ေဘာလုံးေပးပို႔မႈ – စီေရာ္နယ္လ္ဒိုရဲ႕ ေဘာလုံးေပးပို႔မႈေတြထဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္ကို (၉)ႀကိမ္၊ လုခ္ေရွာကို (၇)ႀကိမ္၊ ေပ့ါဘာကို (၇)ႀကိမ္နဲ႔ မက္ဂြိဳင္းယားဆီ (၅)ႀကိမ္ေပးပို႔ခဲ့ပါတယ္။

ေဘာလုံးရရွိမႈ – စီေရာ္နယ္လ္ဒိုဆီ ေဘာလုံးေပးပို႔မႈအမ်ားဆုံးျပဳလုပ္ခဲ့တာက ဘ႐ူႏိုဖာနန္ဒက္စ္၊ ေပ့ါဘာ၊ မာတစ္တို႔ပဲျဖစ္ၿပီး စုစုေပါင္း(၁၀)ႀကိမ္စီေပးခဲ့ၾကပါတယ္။

အထူးျခားဆုံးမွတ္တမ္း – ၂၀၀၉၊ ဧၿပီလတုန္းက ယူႏိုက္တက္အသင္းအတြက္ စီေရာ္နယ္လ္ဒို (၂)ဂိုးသြင္းယူၿပီးခဲ့တဲ့ေနာက္ (၁၂)ႏွစ္တာကာလအတြင္း ယူႏိုက္တက္အသင္းရဲ႕ ေက်ာနံပါတ္(၇)ကစားသမားေတြဟာ အိုးလ္ထရက္ဖို႔ဒ္မွာ တစ္ႀကိမ္မွ (၂)ဂိုးမသြင္းႏိုင္ခဲ့ဘဲ အခု စီေရာ္နယ္လ္ဒိုက ပထမဆုံးအႀကိမ္အျဖစ္ (၂)ဂိုးသြင္းယူခဲ့တဲ့ နံပါတ္(၇)ကစားသမားျဖစ္လာခဲ့ပါတယ္။