နည်းပြသစ် အာတီတာအတွက် မှတ်ချက်ပေးစကားပြောလိုက်တဲ့ နည်းပြဟောင်း အူနိုင်းအမ်မရီ

photo internet

အခုနှစ်ရာသီမှာ ရလဒ်မကောင်းတာကြောင့် နည်းပြအူနိုင်းအမ်မရီကို ထုတ်ပယ်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ မနေ့ကတော့ နည်းပြသစ်အဖြစ် အာတီတာကိုခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ နည်းပြဟောင်း အူနိုင်းအမ်မရီ ကတော့ နည်းပြသစ်အဖြစ် အာတီတာကို ခန့်အပ်လိုက်တာဟာ အာဆင်နယ်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ပြောပါတယ်။ နည်းပြဟောင်းအမ်မရီဟာ အာဆင်နယ်အသင်းကို ပြီးခဲ့တဲ့နှစ်မေလက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး 18 လနီးပါးသာအလုပ်လုပ်ခဲ့ရပါတယ်။

photo internet

အူနိုင်းအမ်မရီထုတ်ခံရပြီးချိန်ကြားကာလမှာ ယာယီနည်းပြအဖြစ် လက်ထောက်နည်းပြ ဖရက်ဒီယွန်းဘတ်က တာဝန်ယူခဲ့တာပါ။ အခုနည်းပြသစ်အဖြစ်ခန့်အပ်ခံလိုက်ရတဲ့ အာတီတာဟာ ကစားသမားဟောင်းလည်း ဖြစ်သလို၊ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာရဲ့လက်ထောက်အဖြစ်လည်းလုပ်ကိုင်ခဲ့ပါတယ်။ “အာတီတာက သူမျှော်မှန်းထားတဲ့နေရာကိုရောက်ဖို့ကြိုးစားပြင်ဆင်နေတဲ့သူပါ။ သူကအာဆင်နယ်အသင်းမှာရော၊ ပရီးမီးယားလိဂ်မှာပါ ကစားခဲ့ဖူးတဲ့သူပါ”လို့ နည်းပြဟောင်း အမ်မရီကပြောပါတယ်။

photo internet

“အာတီတာဟာ နည်းပြဂွာဒီယိုလာနဲ့လည်းတွဲအလုပ်လုပ်ဖူးသူပါ။ ဒါကြောင့် အာဆင်နယ်အသင်းရဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်လို့ကျွန်တော်ထင်ပါတယ်”ဆိုပြီး အမ်မရီကဆိုပါတယ်။ အာတီတာဟာ အာဆင်နယ်အသင်းမှာ 5နှစ်ကြာကစားခဲ့ဖူးသူဖြစ်ပြီး၊ 2016 ခုနှစ်မှာ ဘောလုံးကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါ တယ်။အာတီတာဟာ နည်းပြဂွာဒီယိုလာနဲ့တွဲဖက်အလုပ်လုပ်တုန်းက မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုနှစ်ကြိမ်ဆက်ရရှိအောင် ကူညီလုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

photo internet

အာဆင်နယ်အသင်းရဲ့သမိုင်းမှာ ဒုတိယ အသက်အငယ်ဆုံး နည်းပြဖြစ်လာခဲ့ပြီဖြစ်တဲ့ အာတီတာအတွက် စိန်ခေါ်မှုများစွာကစောင့်ကြိုနေပါတယ်။ အာဆင်နယ်ရဲ့ဝါရင့်ကစားသမားအချို့က အာတီတာနည်းပြဖြစ် လာမယ် ဆိုရင် သူတို့အနေနဲ့အသင်းကနေပြောင်းရွှေ့မယ်လို့ ပြောဆိုထားတာတွေရှိပါတယ်။ ဒါကြောင့် အာတီတာအနေနဲ့အသင်းသားတွေနဲ့ပြေလည်မှုရရှိအောင်လုပ်ဆောင်ဖို့ကလည်းအရေးကြီးနေပါတယ်။ အာတီတာပထမဆုံး ကိုင်တွယ်ရမယ့် ပွဲကတော့ ဘုန်းမောက်အသင်းနဲ့ကစားရမယ့်ပွဲစဉ်ဖြစ်ပါတယ်။

photo internet

(Zawgyi Version)

နည္းျပသစ္ အာတီတာအတြက္ မွတ္ခ်က္ေပးစကားေျပာလိုက္တဲ့ နည္းျပေဟာင္း အူႏိုင္းအမ္မရီ

အခုႏွစ္ရာသီမွာ ရလဒ္မေကာင္းတာေၾကာင့္ နည္းျပအူႏိုင္းအမ္မရီကို ထုတ္ပယ္ခဲ့တဲ့ အာဆင္နယ္အသင္းဟာ မေန႔ကေတာ့ နည္းျပသစ္အျဖစ္ အာတီတာကိုခန္႔အပ္လိုက္ၿပီျဖစ္ပါတယ္။ နည္းျပေဟာင္း အူႏိုင္းအမ္မရီ ကေတာ့ နည္းျပသစ္အျဖစ္ အာတီတာကို ခန္႔အပ္လိုက္တာဟာ အာဆင္နယ္အတြက္ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္လို႔ေျပာပါတယ္။ နည္းျပေဟာင္းအမ္မရီဟာ အာဆင္နယ္အသင္းကို ၿပီးခဲ့တဲ့ႏွစ္ေမလက စတင္ကိုင္တြယ္ခဲ့တာျဖစ္ၿပီး 18 လနီးပါးသာအလုပ္လုပ္ခဲ့ရပါတယ္။

အူႏိုင္းအမ္မရီထုတ္ခံရၿပီးခ်ိန္ၾကားကာလမွာ ယာယီနည္းျပအျဖစ္ လက္ေထာက္နည္းျပ ဖရက္ဒီယြန္းဘတ္က တာ၀န္ယူခဲ့တာပါ။ အခုနည္းျပသစ္အျဖစ္ခန္႔အပ္ခံလိုက္ရတဲ့ အာတီတာဟာ ကစားသမားေဟာင္းလည္း ျဖစ္သလို၊ မန္စီးတီးအသင္းနည္းျပ ဂြာဒီယိုလာရဲ႕လက္ေထာက္အျဖစ္လည္းလုပ္ကိုင္ခဲ့ပါတယ္။ “အာတီတာက သူေမွ်ာ္မွန္းထားတဲ့ေနရာကိုေရာက္ဖို႔ႀကိဳးစားျပင္ဆင္ေနတဲ့သူပါ။ သူကအာဆင္နယ္အသင္းမွာေရာ၊ ပရီးမီးယားလိဂ္မွာပါ ကစားခဲ့ဖူးတဲ့သူပါ”လို႔ နည္းျပေဟာင္း အမ္မရီကေျပာပါတယ္။

“အာတီတာဟာ နည္းျပဂြာဒီယုိလာနဲ႔လည္းတြဲအလုပ္လုပ္ဖူးသူပါ။ ဒါေၾကာင့္ အာဆင္နယ္အသင္းရဲ႕ ဆုံးျဖတ္ခ်က္ မွန္ကန္တယ္လို႔ကၽြန္ေတာ္ထင္ပါတယ္”ဆိုၿပီး အမ္မရီကဆုိပါတယ္။ အာတီတာဟာ အာဆင္နယ္အသင္းမွာ 5ႏွစ္ၾကာကစားခဲ့ဖူးသူျဖစ္ၿပီး၊ 2016 ခုႏွစ္မွာ ေဘာလုံးကစားသမားဘ၀ကေန အနားယူခဲ့တာျဖစ္ပါတယ္။အာတီတာဟာ နည္းျပဂြာဒီယုိလာနဲ႔တြဲဖက္အလုပ္လုပ္တုန္းက မန္စီးတီးအသင္းကို ပရီးမီးယားလိဂ္ခ်န္ပီယံဆုႏွစ္ႀကိမ္ဆက္ရရိွေအာင္ ကူညီလုပ္ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕သမိုင္းမွာ ဒုတိယ အသက္အငယ္ဆုံး နည္းျပျဖစ္လာခဲ့ၿပီျဖစ္တဲ့ အာတီတာအတြက္ စိန္ေခၚမႈမ်ားစြာကေစာင့္ႀကိဳေနပါတယ္။ အာဆင္နယ္ရဲ႕၀ါရင့္ကစားသမားအခ်ဳိ႕က အာတီတာနည္းျပျဖစ္ လာမယ္ ဆိုရင္ သူတို႔အေနနဲ႔အသင္းကေနေျပာင္းေရႊ႕မယ္လို႔ ေျပာဆိုထားတာေတြရိွပါတယ္။ ဒါေၾကာင့္ အာတီတာအေနနဲ႔အသင္းသားေတြနဲ႔ေျပလည္မႈရရိွေအာင္လုပ္ေဆာင္ဖို႔ကလည္းအေရးႀကီးေနပါတယ္။ အာတီတာပထမဆုံး ကိုင္တြယ္ရမယ့္ ပြဲကေတာ့ ဘုန္းေမာက္အသင္းနဲ႔ကစားရမယ့္ပြဲစဥ္ျဖစ္ပါတယ္။