နည်းပြဆိုးလ်ရှား ပြင်ဆင်ဖြည့်စွက်သင့်တဲ့ ယူနိုက်တက်ရဲ့ လိုအပ်ချက်များ

Photo internet

ဟာကွက်တွေ၊လိုအပ်ချက်တွေရှိနေတဲ့ ယူနိုက်တက်အသင်းမှာ နည်းပြဆိုးလ်ရှား ဘာတွေပြင်ဆင်ဖြည့်စွက်သင့်တယ်ဆိုတာကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးအနေနဲ့ ဂိုးသမားနေရာ ကိုစဉ်းစားဖို့လိုပါတယ်။ ဒီဂီယာကိုယူနိုက်တက်အနေနဲ့ စာချုပ်သစ်ချုပ်ဆိုထားပေမယ့် စပိန်သားရဲ့ အခုရာသီလက်စွမ်းက သိပ်ပြီးတော့အားရစရာမကောင်းဖြစ်နေပါတယ်။ ဒါကြောင့်ပရိသတ်တွေက ဂိုးသမားအပြောင်းအလဲလုပ်ဖို့ တောင်းဆိုနေကြသော်လည်း အခုအချိန်အထိတော့ ပြုပြင်ပြောင်းလဲ မှုမရှိသေးပါဘူး။ ဒါပေမယ့် ရှက်ဖီလ်းယူနိက်တက်ကိုအငှားချထားတဲ့ ဟန်ဒါဆင်တစ်ယောက်စာချုပ် သက်တမ်းပြည့်ရင်တော့ ယူနိုက်တက်အသင်းမှာပဲအသုံးပြုတော့မယ်လို့ သတင်းထွက်ထားပါတယ်။ ဟန်ဒါဆင်သာ ယူနိုက်တက်အတွက်ကစားရမယ်ဆိုရင် ဒီဂီယာနဲ့ရိုမဲရိုတို့ရဲ့အခန်း ကဏ္ဍတွေမှေးမှိန် လာနိုင်ပါတယ်။

Photo internet

ဘယ်ဘက်ခြမ်းခံစစ်ပိုင်းအတွက်လည်း နည်းပြဆိုးလ်ရှားလူအင်အားလိုပါသေးတယ်။ အက်ရှလေယန်းက ထွက်ခွာတော့မှာဖြစ်သလို လုခ်ရှောကလည်း သိပ်အားကိုးလို့မရတာကြောင့် ဝီလျံ တစ်ယောက်ကိုပဲအားပြုနေရသလိုဖြစ်နေပါတယ်။ အဲဒီအတွက်လည်း အငှားချထားတဲ့ ဘရော့ဝစ်ဂျက်ဆန် ကို ပြန်ခေါ်ယူလိုက်တယ်ဆိုပေမယ့်လည်း ပိုပြီးအားကိုးရမယ့် ခံစစ်ပိုင်းတစ်ယောက်လောက်လိုနေပါသေးတယ်။

Photo internet

အဓိက ခံစစ်ပိုင်းအတွက် မက်ဂွိုင်းယားကိုသုံးနေပေမယ့် အခုတော့ အနေအထားသိပ်မကောင်းဖြစ်နေပါတယ်။ အခြားလူငယ်ကစားသမားတွေရဲ့အားကိုသုံးတာဟာ ကောင်းပေမယ့် အတွေ့အကြုံများတဲ့စီနီယာဖြစ်သူတွေကို လည်းသုံးသင့်ပါတယ်။ ဒါ့အပြင်အသင်းကနေထွက်မယ်ဆိုပြီး ဟန်ပြင်နေတဲ့ကစားသမားတွေ၊ ဒဏ်ရာရထားတဲ့ ကစားသမားကိစ္စတွေကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခြေစွမ်းထက်မြက်တဲ့ခံစစ်မှူးမျိုးကို ယူနိက်တက်အနေနဲ့ ဝယ်ယူထားသင့်ပါတယ်။

Photo internet

ကွင်းလယ်နေရာအတွက်ကိုစဉ်းစားမယ်ဆိုရင်တော့ မာတစ် နေရာကို တိုက်ရိုက်အစားထိုးနိုင်မယ့် ကစားသမားမျိုး ၊ မက်တော်မီနေးထက်တော်တဲ့ ကစားသမားမျိုးကိုစဉ်းစားရပါမယ်။ ထိပ်တန်းကစားသမား တစ်ယောက်ကို ဝယ်ယူထည့်သွင်းပြီး အသင်းမှာရှိတဲ့ ပေါ့ဘာတို့လိုလူမျိုးတွေနဲ့တွဲဖက် ကစားသင့်ပါတယ်။ ပါရဲရား မာတာ လင်ဂတ်တို့က ယူနိုက်တက်အတွက် ခရီးရှည်သွားနိုင်တဲ့သူမျိုးတွေလား ဆိုတာစဉ်းစားရပါမယ်။ တစ်ယောက်နဲ့မှရှေ့ဆက်လို့မရတော့တဲ့အနေထားဆိုပြီးပြင်းပြင်းထန်ထန် ဝေဖန်ထားတာမျိုးလည်းရှိပါတယ်။ မက်ဒီဆင် ဂရေးလရှ် တို့ကို ချိတ်ဆက်နေပြီး တစ်ယောက်ကိုသာ ရရှိခဲ့ရင် အနာဂတ်အတွက်ကာလ တစ်ခုအထိတော့စိတ်အေးရပါမယ်။

Photo internet

တောင်ပံတိုက်စစ်နေရာတွေကိုလည်းစဉ်းစားဖို့လိုပါတယ်။ တောင်ပံဖြန့်ပြီး ပြိုင်ဘက်အသင်းဆီ အင်အားကောင်းကောင်းနဲ့ပျံသန်းရမယ့်အချိန်မှာ တောင်ပံကျိုးခြေကျနေရင်အခက်တွေ့ပါမယ်။ ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ဆန်ချိုတစ်ယောက်ကလည်း ယူနိုက်တက်အတွက်အားအင်တစ်ခုဖြစ်စေနိုင်ပါတယ်။ ဂျိမ်းစ်၊မေဆင်ဂရင်းဝုဒ်၊မာရှယ်တို့နဲ့ ဆန်ချိုတစ်ယောက် အတွဲညီညီ ကစားမယ်ဆိုရင် ဟိုအရင်အချိန်တွေ တုန်းကလို ယူနိုက်တက်ရဲ့ကြောက်စရာတိုက်စစ်အတွဲပြန်ထွက်ပေါ်လာနိုင်ပါတယ်။

Photo internet

အသင်းအတွက်လိုတဲ့လူအင်အားကို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ခေါ်ယူဖြည့်တင်းရမှာဖြစ်ပြီး၊ပိုနေတဲ့လူတွေကို ပြတ်ပြတ်သားသားရှင်းထုတ်ကာ ယူနိုက်တက်ရှေ့ဆက်ရပါမယ်။ ဒီလိုပြင်ဆင်ဖြည့်စွက်သင့်တဲ့နေရာတွေကို ယူနိုက်တက်နည်းပြနဲ့ဘုတ်အဖွဲ့တို့ ခေါင်းချင်းဆိုင်တိုင်ပင် ပြင်ဆင်မယ်ဆိုရင် ချန်ပီယံလိဂ်ပုံမှန်ဝင်ခွင့်နဲ့ ပရီးမီးယားလိဂ်ဖလားစိန်ခေါ်နိုင်ရေးတွေဟာ အရာထင်လာမှာဖြစ်ပါတယ်။

Photo internet

(Zawgyi Version)

နည္းျပဆိုးလ္ရွား ျပင္ဆင္ျဖည့္စြက္သင့္တဲ့ ယူႏိုက္တက္ရဲ႕ လိုအပ္ခ်က္မ်ား

ဟာကြက္ေတြ၊လိုအပ္ခ်က္ေတြရိွေနတဲ့ ယူႏိုက္တက္အသင္းမွာ နည္းျပဆိုးလ္ရွား ဘာေတြျပင္ဆင္ျဖည့္စြက္သင့္တယ္ဆိုတာကိုတင္ဆက္ေပးပါမယ္။ ပထမဆုံးအေနနဲ႔ ဂိုးသမားေနရာ ကိုစဥ္းစားဖို႔လိုပါတယ္။ ဒီဂီယာကိုယူႏိုက္တက္အေနနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားေပမယ့္ စပိန္သားရဲ႕ အခုရာသီလက္စြမ္းက သိပ္ၿပီးေတာ့အားရစရာမေကာင္းျဖစ္ေနပါတယ္။ ဒါေၾကာင့္ပရိသတ္ေတြက ဂိုးသမားအေျပာင္းအလဲလုပ္ဖို႔ ေတာင္းဆုိေနၾကေသာ္လည္း အခုအခ်ိန္အထိေတာ့ ျပဳျပင္ေျပာင္းလဲ မႈမရိွေသးပါဘူး။ ဒါေပမယ့္ ရွက္ဖီလ္းယူနိက္တက္ကိုအငွားခ်ထားတဲ့ ဟန္ဒါဆင္တစ္ေယာက္စာခ်ဳပ္ သက္တမ္းျပည့္ရင္ေတာ့ ယူႏိုက္တက္အသင္းမွာပဲအသုံးျပဳေတာ့မယ္လို႔ သတင္းထြက္ထားပါတယ္။ ဟန္ဒါဆင္သာ ယူႏိုက္တက္အတြက္ကစားရမယ္ဆိုရင္ ဒီဂီယာနဲ႔ရိုမဲရိုတို႔ရဲ႕အခန္း က႑ေတြေမွးမိွန္ လာႏိုင္ပါတယ္။

ဘယ္ဘက္ျခမ္းခံစစ္ပိုင္းအတြက္လည္း နည္းျပဆုိးလ္ရွားလူအင္အားလုိပါေသးတယ္။ အက္ရွေလယန္းက ထြက္ခြာေတာ့မွာျဖစ္သလို လုခ္ေရွာကလည္း သိပ္အားကိုးလို႔မရတာေၾကာင့္ ဝီလ်ံ တစ္ေယာက္ကိုပဲအားျပဳေနရသလိုျဖစ္ေနပါတယ္။ အဲဒီအတြက္လည္း အငွားခ်ထားတဲ့ ဘေရာ့ဝစ္ဂ်က္ဆန္ ကို ျပန္ေခၚယူလိုက္တယ္ဆိုေပမယ့္လည္း ပိုၿပီးအားကိုးရမယ့္ ခံစစ္ပိုင္းတစ္ေယာက္ေလာက္လုိေနပါေသးတယ္။

အဓိက ခံစစ္ပိုင္းအတြက္ မက္ဂြိဳင္းယားကိုသုံးေနေပမယ့္ အခုေတာ့ အေနအထားသိပ္မေကာင္းျဖစ္ေနပါတယ္။ အျခားလူငယ္ကစားသမားေတြရဲ႕အားကိုသုံးတာဟာ ေကာင္းေပမယ့္ အေတြ႕အႀကံဳမ်ားတဲ့စီနီယာျဖစ္သူေတြကိုလည္းသုံးသင့္ပါတယ္။ ဒါ့အျပင္အသင္းကေနထြက္မယ္ဆိုၿပီး ဟန္ျပင္ေနတဲ့ကစားသမားေတြ၊ ဒဏ္ရာရထားတဲ့ ကစားသမားကိစၥေတြကိုပါ ထည့္သြင္းစဥ္းစားသင့္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ေျခစြမ္းထက္ျမက္တဲ့ခံစစ္မႉးမ်ိဳးကို ယူနိက္တက္အေနနဲ႔ ဝယ္ယူထားသင့္ပါတယ္။

ကြင္းလယ္ေနရာအတြက္ကိုစဥ္းစားမယ္ဆိုရင္ေတာ့ မာတစ္ ေနရာကို တိုက္႐ိုက္အစားထိုးႏိုင္မယ့္ ကစားသမားမ်ိဳး ၊ မက္ေတာ္မီေနးထက္ေတာ္တဲ့ ကစားသမားမ်ဳိးကိုစဥ္းစားရပါမယ္။ ထိပ္တန္းကစားသမား တစ္ေယာက္ကို ၀ယ္ယူထည့္သြင္းၿပီး အသင္းမွာရိွတဲ့ ေပါ့ဘာတို႔လိုလူမ်ဳိးေတြနဲ႔တြဲဖက္ ကစားသင့္ပါတယ္။ ပါရဲရား မာတာ လင္ဂတ္တို႔က ယူႏိုက္တက္အတြက္ ခရီးရွည္သြားႏိုင္တဲ့သူမ်ဳိးေတြလား ဆိုတာစဥ္းစားရပါမယ္။ တစ္ေယာက္နဲ႔မွေရွ႕ဆက္လို႔မရေတာ့တဲ့အေနထားဆိုၿပီးျပင္းျပင္းထန္ထန္ ေ၀ဖန္ထားတာမ်ဳိးလည္းရိွပါတယ္။ မက္ဒီဆင္ ဂေရးလရွ္ တို႔ကို ခ်ိတ္ဆက္ေနၿပီး တစ္ေယာက္ကိုသာ ရရွိခဲ့ရင္ အနာဂတ္အတြက္ကာလ တစ္ခုအထိေတာ့စိတ္ေအးရပါမယ္။

ေတာင္ပံတိုက္စစ္ေနရာေတြကိုလည္းစဥ္းစားဖို႔လုိပါတယ္။ ေတာင္ပံျဖန္႔ၿပီး ၿပိဳင္ဘက္အသင္းဆီ အင္အားေကာင္းေကာင္းနဲ႔ပ်ံသန္းရမယ့္အခ်ိန္မွာ ေတာင္ပံက်ဳိးေျခက်ေနရင္အခက္ေတြ႕ပါမယ္။ ေခၚယူဖို႔ ခ်ိတ္ဆက္ေနတဲ့ဆန္ခ်ဳိတစ္ေယာက္ကလည္း ယူႏိုက္တက္အတြက္အားအင္တစ္ခုျဖစ္ေစႏိုင္ပါတယ္။ ဂ်ိမ္းစ္၊ေမဆင္ဂရင္း၀ုဒ္၊မာရွယ္တို႔နဲ႔ ဆန္ခ်ဳိတစ္ေယာက္ အတဲြညီညီ ကစားမယ္ဆိုရင္ ဟုိအရင္အခ်ိန္ေတြ တုန္းကလို ယူႏိုက္တက္ရဲ႕ေၾကာက္စရာတိုက္စစ္အတြဲျပန္ထြက္ေပၚလာႏိုင္ပါတယ္။
အသင္းအတြက္လိုတဲ့လူအင္အားကို ဆုံးျဖတ္ခ်က္ခိုင္ခိုင္မာမာနဲ႔ ေခၚယူျဖည့္တင္းရမွာျဖစ္ၿပီး၊ပိုေနတဲ့လူေတြကို ျပတ္ျပတ္သားသားရွင္းထုတ္ကာ ယူႏိုက္တက္ေရွ႕ဆက္ရပါမယ္။ ဒီလုိျပင္ဆင္ျဖည့္စြက္သင့္တဲ့ေနရာေတြကို ယူႏိုက္တက္နည္းျပနဲ႔ဘုတ္အဖြဲ႕တို႔ ေခါင္းခ်င္းဆိုင္တုိင္ပင္ ျပင္ဆင္မယ္ဆိုရင္ ခ်န္ပီယံလိဂ္ပုံမွန္၀င္ခြင့္နဲ႔ ပရီးမီးယားလိဂ္ဖလားစိန္ေခၚႏိုင္ေရးေတြဟာ အရာထင္လာမွာျဖစ္ပါတယ္။