ဒီရာသီ မန်ယူရဲ့အမြန်ဆုံးကစားသမားက ရက်ရှ်ဖို့ဒ်လို့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြ

Photo- Internet

ဒီရာသီ ပရီးမီးယားလိဂ် ၁၂ ပွဲကစားပြီးချိန်မှာ ကွင်းအတွင်းပြေးလွှားနိုင်တဲ့နှုန်းထားကို အခြေခံတွက်ချက်မှုအရ မန်ယူရဲ့အမြန်ဆုံးကစားသမားဟာ အများထင်နေကြသလို ဒန်နီရယ်ဂျိမ်းစ်မဟုတ်ဘဲ တိုက်စစ်မှူ း ရက်ရှ်ဖို့ဒ်ဖြစ်တယ်လို့ Opta ရဲ့ဖော်ပြမှုအရ သိရပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဆွမ်ဆီးကနေပေါင် ၁၅ သန်းနဲ့ပြောင်းလာတဲ့ ဂျိမ်းစ်ဟာ ဒီရာသီပွဲစဉ်တစ်ခုမှာ တစ်နာရီကို ၃၅.၀၄ ကီလိုမီတာအထိပြေးနိုင်ခဲ့ပါတယ် ။ ဒါပေမယ့် အခုတွက်ချက်မှုဟာ တစ်ပွဲတည်းအပေါ်အခြေခံထားတာဖြစ်ပြီး ၁၂ ပွဲစလုံးတွက်ကြည့်မယ်ဆိုရင်တော့ အမြန်ဆုံးက ရက်ရှ်ဖို့ဖြစ်ပါတယ်။

Photo- Internet

မန်ယူရဲ့ကျောနံပါတ် ၁၀ ဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီပရီးမီးယားလိဂ် ၁၂ ပွဲကစားပြီးတဲ့အနက် ၇ ပွဲမှာသူ့ပြေးနှုန်းဟာ အခြားကစားသမားတွေထက် သာလွန်ခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ သြဂုတ်လက ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဆိုရင် သူ့အပြေးနှုန်းက တစ်နာရီကို ၃၆.၃၂ ကီလိုမီတာတောင်ရှိခဲ့တာပါ။

Photo- Internet

ဒါကြောင့်လည်း အချက်အလက်တွေကို တွက်ချက်ဖော်ပြနေတဲ့ Opta ကဒီရာသီ မန်ယူရဲ့အမြန်ဆုံးကစားသမားဟာ ရက်ရှ်ဖို့ဒ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။ ဒီအင်္ဂလန်သားဟာ ဒီရာသီမှာ မန်ယူအတွက်ခြေစွမ်းပြနေသူဖြစ်ပြိး ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၆ ဂိုးသွင်းယူပြီး ၃ ဂိုးဖန်တီးပေးခဲ့ပါတယ်။

Photo- Internet

မန်ယူဟာ ဒီရာသီမှာ အမြန်ဆုံးအသင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်နေပြီး ရက်ရှ်ဖို့ဒ်နဲ့ ဒန်နီရယ်ဂျိမ်းစ်တို့အပြင် မာရှယ်၊ တူအန်ဇီဘီ၊ ပေါ့ဂ်ဘာနဲ့ ဝမ်ဘစ်ဆာကာ တို့ဟာလည်းအပြေးမြန်ဆန်တဲ့ သူတွေထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

Photo- Internet

Zawgyi

ဒီရာသီ မန္ယူရဲ႕အျမန္ဆုံးကစားသမားက ရက္ရွ္ဖို႔ဒ္လို႔ စစ္တမ္းတစ္ရပ္မွာ ေဖာ္ျပ

ဒီရာသီ ပရီးမီးယားလိဂ္ ၁၂ ပြဲကစားၿပီးခ်ိန္မွာ ကြင္းအတြင္းေျပးလႊားႏိုင္တဲ႔ႏႈန္းထားကို အေျခခံတြက္ခ်က္မႈအရ မန္ယူရဲ႕အျမန္ဆုံးကစားသမားဟာ အမ်ားထင္ေနၾကသလို ဒန္နီရယ္ဂ်ိမ္းစ္မဟုတ္ဘဲ တိုက္စစ္မွဴ း ရက္ရွ္ဖို႔ဒ္ျဖစ္တယ္လို႔ Opta ရဲ႕ေဖာ္ျပမႈအရ သိရပါတယ္။

ၿပီးခဲ့တဲ႔ ေႏြရာသီက ဆြမ္ဆီးကေနေပါင္ ၁၅ သန္းနဲ႔ေျပာင္းလာတဲ႔ ဂ်ိမ္းစ္ဟာ ဒီရာသီပြဲစဥ္တစ္ခုမွာ တစ္နာရီကို ၃၅.၀၄ ကီလိုမီတာအထိေျပးႏိုင္ခဲ့ပါတယ္ ။ ဒါေပမယ္႔ အခုတြက္ခ်က္မႈဟာ တစ္ပြဲတည္းအေပၚအေျခခံထားတာျဖစ္ၿပီး ၁၂ ပြဲစလုံးတြက္ၾကည့္မယ္ဆိုရင္ေတာ႔ အျမန္ဆုံးက ရက္ရွ္ဖို႔ျဖစ္ပါတယ္။

မန္ယူရဲ႕ေက်ာနံပါတ္ ၁၀ ျဖစ္တဲ႔ ရက္ရွ္ဖို႔ဒ္ဟာ ဒီရာသီပရီးမီးယားလိဂ္ ၁၂ ပြဲကစားၿပီးတဲ႔အနက္ ၇ ပြဲမွာသူ႔ေျပးႏႈန္းဟာ အျခားကစားသမားေတြထက္ သာလြန္ခဲ့တာျဖစ္ပါတယ္။ အထူးသျဖင့္ ၿပီးခဲ့တဲ႔ ၾသဂုတ္လက ခရစၥတယ္ပဲေလ႔စ္နဲ႔ပြဲမွာ ဆိုရင္ သူ႔အေျပးႏႈန္းက တစ္နာရီကို ၃၆.၃၂ ကီလိုမီတာေတာင္ရွိခဲ့တာပါ။

ဒါေၾကာင့္လည္း အခ်က္အလက္ေတြကို တြက္ခ်က္ေဖာ္ျပေနတဲ႔ Opta ကဒီရာသီ မန္ယူရဲ႕အျမန္ဆုံးကစားသမားဟာ ရက္ရွ္ဖို႔ဒ္လို႔ ဆိုခဲ့တာျဖစ္ပါတယ္။ ဒီအဂၤလန္သားဟာ ဒီရာသီမွာ မန္ယူအတြက္ေျခစြမ္းျပေနသူျဖစ္ၿပိး ပရီးမီးယားလိဂ္ ၁၂ ပြဲမွာ ၆ ဂိုးသြင္းယူၿပီး ၃ ဂိုးဖန္တီးေပးခဲ့ပါတယ္။

မန္ယူဟာ ဒီရာသီမွာ အျမန္ဆုံးအသင္းေတြထဲက တစ္ခုအပါအ၀င္ျဖစ္ေနၿပီး ရက္ရွ္ဖို႔ဒ္နဲ႔ ဒန္နီရယ္ဂ်ိမ္းစ္တို႔အျပင္ မာရွယ္၊ တူအန္ဇီဘီ၊ ေပါ့ဂ္ဘာနဲ႔ ၀မ္ဘစ္ဆာကာ တို႔ဟာလည္းအေျပးျမန္ဆန္တဲ႔ သူေတြထဲမွာ ပါ၀င္တယ္လို႔ သိရပါတယ္။