PSG အသင်းနာမည်ကျော်ကစားသမားမက်ဆီက အခုနှစ် Ballon d’Or ဆုရဖို့ အထိုက်တန်ဆုံးကစားသမားဟာ
ဘန်ဇီမာကလွဲပြီး တခြားသူမရှိနိုင်ဘူးလို့ ခန့်မှန်းလိုက်ပါတယ်။
မက်ဆီဟာ Ballon d’Or ဆုကို စံချိန်တင်အဖြစ် (၇)ကြိမ်အထိရရှိခဲ့ပြီး မနှစ်ကမှ ဒီဆုကို လောလောလတ်လတ်ဆွတ်ခူးခဲ့ပေမယ့်
ဒီနှစ်အတွက်ထုတ်ပြန်တဲ့ ပဏာမ(၃၀)စာရင်းမှာ အံ့အားသင့်စရာကောင်းလောက်အောင် ချန်လှပ်ခံခဲ့ရပါတယ်။
ဒါဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ပဏာမစာရင်းမှာ မက်ဆီ ပထမဆုံးအကြိမ်ချန်လှပ်ခံခဲ့ရတာဖြစ်ပြီး
သူ့ရဲ့အဓိကပြိုင်ဘက် စီရော်နယ်လ်ဒိုကတော့ အယောက်(၃၀)စာရင်းထဲမှာ ရွေးချယ်ခံရတာကြောင့်
မက်ဆီပရိသတ်တွေ ဒေါသပေါက်ကွဲခဲ့ပါတယ်။ ဒါပေမဲ့ မက်ဆီကတော့ ပဏာမစာရင်းမှာ သူပါသည်ဖြစ်စေ၊
မပါသည်ဖြစ်စေ ၂၀၂၂ Ballon d’Or ဆုကို ဘန်ဇီမာပဲ သေချာပေါက်ဆွတ်ခူးနိုင်မယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။
အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ ရီးယဲလ်ဝါရင့်တိုက်စစ်မှူးဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက
အသင်းအတွက် (၄၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁၅)ကြိမ်အထိပြုလုပ်ခဲ့ပြီး
သူ သွင်းယူခဲ့တဲ့ဂိုးတွေထဲက (၁၅)ဂိုးဟာ ချန်ပီယံလိဂ်သွင်းဂိုးတွေဖြစ်ပါတယ်။
ဘန်ဇီမာရဲ့ ခြေစွမ်းပြမှုနဲ့အတူ ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ်၊
လာလီဂါဆုဖလားတွေရယူခဲ့ပြီး ခြေစွမ်းအရသာမက ဆုဖလားအောင်မြင်မှုအရလည်း
ဒီနှစ် Ballon d’Or ဆုကို ဘန်ဇီမာပဲ ဆွတ်ခူးနိုင်ဖို့အခြေအနေကောင်းနေတာပါ။
မက်ဆီက “ဒီနှစ်မှာတော့ ဘန်ဇီမာဟာ Ballon d’Or ဆုကို အငြင်းပွားစရာမရှိဆွတ်ခူးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း ဘန်ဇီမာရဲ့စွမ်းဆောင်ရည်က အကောင်းဆုံးဖြစ်ခဲ့တယ်ဆိုတာ အထင်အရှားပါပဲ။
သူက အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆွတ်ခူးခဲ့ပြီး ရှုံးထွက်(၁၆)သင်းအဆင့်ကစလို့ ကျန်တဲ့အဆင့်တိုင်းမှာ
ဘန်ဇီမာက အဆုံးအဖြတ်ဂိုးတွေသွင်းယူခဲ့တာဖြစ်ပါတယ်။
ဒီနှစ် Ballon d’Or ဆုကို ဘန်ဇီမာ ရသင့်တယ်ဆိုတာ ဘာမှသံသယဖြစ်စရာမလိုပါဘူး”လို့ပြောကြားခဲ့ပါတယ်။
zawgyi
ဒီႏွစ္ ေဘာလြန္းဒီေအာ္ဆုအတြက္ “. . .”ကိုပဲ ေပးရမယ္လို႔ မက္ဆီေျပာ…
ဘယ္သူလဲဆိုတာ ခင္ဗ်ားတို႔ သိပါတယ္….
PSG အသင္းနာမည္ေက်ာ္ကစားသမားမက္ဆီက အခုႏွစ္ Ballon d’Or ဆုရဖို႔ အထိုက္တန္ဆုံးကစားသမားဟာ
ဘန္ဇီမာကလြဲၿပီး တျခားသူမရွိႏိုင္ဘူးလို႔ ခန႔္မွန္းလိုက္ပါတယ္။
မက္ဆီဟာ Ballon d’Or ဆုကို စံခ်ိန္တင္အျဖစ္ (၇)ႀကိမ္အထိရရွိခဲ့ၿပီး မႏွစ္ကမွ ဒီဆုကို ေလာေလာလတ္လတ္ဆြတ္ခူးခဲ့ေပမယ့္
ဒီႏွစ္အတြက္ထုတ္ျပန္တဲ့ ပဏာမ(၃၀)စာရင္းမွာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ခ်န္လွပ္ခံခဲ့ရပါတယ္။
ဒါဟာ ၂၀၀၅ ခုႏွစ္ေနာက္ပိုင္း ပဏာမစာရင္းမွာ မက္ဆီ ပထမဆုံးအႀကိမ္ခ်န္လွပ္ခံခဲ့ရတာျဖစ္ၿပီး
သူ႔ရဲ႕အဓိကၿပိဳင္ဘက္ စီေရာ္နယ္လ္ဒိုကေတာ့ အေယာက္(၃၀)စာရင္းထဲမွာ ေ႐ြးခ်ယ္ခံရတာေၾကာင့္
မက္ဆီပရိသတ္ေတြ ေဒါသေပါက္ကြဲခဲ့ပါတယ္။ ဒါေပမဲ့ မက္ဆီကေတာ့ ပဏာမစာရင္းမွာ သူပါသည္ျဖစ္ေစ၊
မပါသည္ျဖစ္ေစ ၂၀၂၂ Ballon d’Or ဆုကို ဘန္ဇီမာပဲ ေသခ်ာေပါက္ဆြတ္ခူးႏိုင္မယ္လို႔ ခန႔္မွန္းခဲ့တာျဖစ္ပါတယ္။
အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ ရီးယဲလ္ဝါရင့္တိုက္စစ္မႉးဘန္ဇီမာဟာ ၿပီးခဲ့တဲ့ရာသီက
အသင္းအတြက္ (၄၄)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁၅)ႀကိမ္အထိျပဳလုပ္ခဲ့ၿပီး
သူ သြင္းယူခဲ့တဲ့ဂိုးေတြထဲက (၁၅)ဂိုးဟာ ခ်န္ပီယံလိဂ္သြင္းဂိုးေတြျဖစ္ပါတယ္။
ဘန္ဇီမာရဲ႕ ေျခစြမ္းျပမႈနဲ႔အတူ ရီးယဲလ္အသင္းဟာ ခ်န္ပီယံလိဂ္၊
လာလီဂါဆုဖလားေတြရယူခဲ့ၿပီး ေျခစြမ္းအရသာမက ဆုဖလားေအာင္ျမင္မႈအရလည္း
ဒီႏွစ္ Ballon d’Or ဆုကို ဘန္ဇီမာပဲ ဆြတ္ခူးႏိုင္ဖို႔အေျခအေနေကာင္းေနတာပါ။
မက္ဆီက “ဒီႏွစ္မွာေတာ့ ဘန္ဇီမာဟာ Ballon d’Or ဆုကို အျငင္းပြားစရာမရွိဆြတ္ခူးႏိုင္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။
၂၀၂၂ ခုႏွစ္အတြင္း ဘန္ဇီမာရဲ႕စြမ္းေဆာင္ရည္က အေကာင္းဆုံးျဖစ္ခဲ့တယ္ဆိုတာ အထင္အရွားပါပဲ။
သူက အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဆြတ္ခူးခဲ့ၿပီး ရႈံးထြက္(၁၆)သင္းအဆင့္ကစလို႔ က်န္တဲ့အဆင့္တိုင္းမွာ
ဘန္ဇီမာက အဆုံးအျဖတ္ဂိုးေတြသြင္းယူခဲ့တာျဖစ္ပါတယ္။
ဒီႏွစ္ Ballon d’Or ဆုကို ဘန္ဇီမာ ရသင့္တယ္ဆိုတာ ဘာမွသံသယျဖစ္စရာမလိုပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။