ဘောလုံးသမားတွေက ကျန်းမာရေးလိုက်စားကြပါတယ်။ ဒီထဲမှာမှ စီရော်နယ်ဒိုက အများထက်ပိုပြီး
ကျန်းမာရေးလိုက်စားသူပါ။ အစားအသောက်၊အနေအထိုင် သေချာဂရုစိုက်ပါတယ်။
ယမန်နေ့က စီရော်နယ်ဒိုရဲ့ ကျန်းမာရေးဗဟုသုတ မျှဝေချက်ကြောင့် ကိုကာကိုလာ ကုမ္ပဏီအတွက်
မျက်ဖြူစိုက်စရာဖြစ်ခဲ့ပါတယ်။
ဟန်ဂေရီနဲ့ ကစားမယ့် ယူရိုပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာစီ ရော်နယ်ဒိုက
သူ့ရှေ့က ကိုကာကိုလာ ဗူးတွေကို ဖယ်ပစ်ခဲ့ပြီး ကျန်းမာရေးနဲ့ညီညွှတ်အောင် ရေပဲသောက်ဖို့အတွက်
တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။
ကျော်ကြားသူတွေရဲ့ လက်တစ်ချက်အလှုပ်၊ အပြုအမှုတစ်ခု၊ အပြောတစ်ချက်က အများကြီး သက်ရောက်မှုရှိစေပါတယ်။
စီ ရော်နယ်ဒိုရဲ့ အဆိုပါလုပ်ရပ်ကြောင့် ကိုကာကိုလာကုမ္ပဏီရဲ့ ရှယ်ယာတွေဟာ တစ်စုကို
ဒေါ်လာ ၇၃.၀၂ ကနေ ဒေါ်လာ ၇၁.၈၅ အထိ ကျဆင်းသွားခဲ့ပြီး ၁.၆% အထိ ကျဆင်းသွားတာလည်းဖြစ်ပါတယ်။
အဲဒီအတွက်ကြောင့် ရှယ်ယာအားလုံးပေါင်းရဲ့ကျဆင်းမှုတန်ဖိုးဟာ ဒေါ်လာ ၅.၂ ဘီလီယံအထိရှိခဲ့ပြီး
ကိုကာကိုလာကုမ္ပဏီအတွက်တော့ ကြီးမားတဲ့နစ်နာမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။
ရော်နယ်ဒိုရဲ့အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး ကိုကာကိုလာကုမ္ပဏီက “လူတိုင်းက သူတို့နှစ်သက်တာကို သောက်သုံးနိုင်ပါတယ်။
လူတိုင်းက ကွဲပြားခြားနားတဲ့အရသာကိုခံစားနိုင်ဖို့၊ ကွဲပြားခြားနားမှုကို လိုအပ်ပါတယ်” လို့
ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။
ကိုကာကိုလာဟာ ယူရိုပြိုင်ပွဲရဲ့ အဓိကစပွန်ဆာကုမ္ပဏီတွေထဲက တစ်ခုဖြစ်သလို ရော်နယ်ဒိုနဲ့လည်း
အရင်တုန်းကလက်တွဲကာ အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
ကျန်းမာရေးလိုက်စားသူ ရော်နယ်ဒိုကတော့ တစ်ရက်ကို အစားအသောက် ၆ ကြိမ် စားသုံးလေ့ရှိသူဖြစ်ပြီး
သကြားဓာတ်ပါဝင်တဲ့အစားအသောက်၊ အဆီပါဝင်တဲ့အစားအသောက်တွေကို ရှောင်ကြဉ်ပါတယ်။
ကိုကာကိုလာကို ဒုက္ခများစေခဲ့တဲ့ ပေါ်တူဂီဂန္တဝင်ကစားသမားကတော့ မနေ့ညတုန်းကဟန်ဂေရီနှင့်ကစားတဲ့ပွဲမှ
ာ၂ဂိုးသွင်းယူနိုင်ခဲ့ပြီးတဲ့နောက်၁၁ဂိုးဖြင့်ယူရိုပြိုင်ပွဲသမိုင်းတွင်ဂိုးအများဆုံးသွင်းယူနိုင်သူဖြစ်လာခဲ့ပါတယ်။
Zawgyi Version
ဒိုေလးရဲ႕ အမူအရာတစ္ခ်က္ေၾကာင့္ အခ်ိုရည္ကုမၸဏီ ဘီလီယမ္မ်ားစြာနစ္နာရၿပီ
ေဘာလုံးသမားေတြက က်န္းမာေရးလိုက္စားၾကပါတယ္။ ဒီထဲမွာမွ စီေရာ္နယ္ဒိုက
အမ်ားထက္ပိုၿပီး က်န္းမာေရးလိုက္စားသူပါ။ အစားအေသာက္၊အေနအထိုင္ ေသခ်ာဂရုစိုက္ပါတယ္။
ယမန္ေန႔က စီေရာ္နယ္ဒိုရဲ႕ က်န္းမာေရးဗဟုသုတ မွ်ေ၀ခ်က္ေၾကာင့္ ကိုကာကိုလာ
ကုမၸဏီအတြက္ မ်က္ျဖူစိုက္စရာျဖစ္ခဲ့ပါတယ္။
ဟန္ေဂရီနဲ႔ ကစားမယ့္ ယူရိုပြဲစဥ္မတိုင္ခင္ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာစီ ေရာ္နယ္ဒိုက သူ႔ေရွ႕က
ကိုကာကိုလာ ဗူးေတြကို ဖယ္ပစ္ခဲ့ၿပီး က်န္းမာေရးနဲ႔ညီညႊတ္ေအာင္ ေရပဲေသာက္ဖို့အတြက္
တိုက္တြန္းေျပာဆိုသြားခဲ့ပါတယ္။
ေက်ာ္ၾကားသူေတြရဲ႕ လက္တစ္ခ်က္အလွဳပ္၊ အျပဳအမွဳတစ္ခု၊ အေျပာတစ္ခ်က္က
အမ်ားႀကီး သက္ေရာက္မွဳရိွေစပါတယ္။ စီ ေရာ္နယ္ဒိုရဲ့ အဆိုပါလုပ္ရပ္ေၾကာင့္
ကိုကာကိုလာကုမၸဏီရဲ့ ရွယ္ယာေတြဟာ တစ္စုကို ေဒၚလာ ၇၃.၀၂ ကေန ေဒၚလာ ၇၁.၈၅ အထိ
က်ဆင္းသြားခဲ့ၿပီး ၁.၆% အထိ က်ဆင္းသြားတာလည္းျဖစ္ပါတယ္။
အဲဒီအတြက္ေၾကာင့္ ရွယ္ယာအားလုံးေပါင္းရဲ့က်ဆင္းမွုတန္ဖိုးဟာ ေဒၚလာ ၅.၂ ဘီလီယံ
အထိရွိခဲ့ၿပီး ကိုကာကိုလာကုမၸဏီအတြက္ေတာ့ ႀကီးမားတဲ့နစ္နာမွုေတြျဖစ္ေပၚခဲ့ရပါတယ္။
ေရာ္နယ္ဒိုရဲ့အဲဒီလုပ္ရပ္နဲ႔ပတ္သက္ၿပီး ကိုကာကိုလာကုမၸဏီက “လူတိုင္းက
သူတို့ႏွစ္သက္တာကို ေသာက္သုံးနိုင္ပါတယ္။လူတိုင္းက ကြဲျပားျခားနားတဲ့
အရသာကိုခံစားနိုင္ဖို့၊ ကြဲျပားျခားနားမွုကို လိုအပ္ပါတယ္” လို့ ထုတ္ျပန္ခ်က္မွာ
ထည့္သြင္းေရးသားခဲ့ပါတယ္။
ကိုကာကိုလာဟာ ယူရိုၿပိဳင္ပြဲရဲ့ အဓိကစပြန္ဆာကုမၸဏီေတြထဲက တစ္ခုျဖစ္သလို
ေရာ္နယ္ဒိုနဲ႔လည္း အရင္တုန္းကလက္တြဲကာ အလုပ္လုပ္ကိုင္ခဲ့ဖူးတဲ့ ကုမၸဏီျဖစ္ပါတယ္။
က်န္းမာေရးလိုက္စားသူ ေရာ္နယ္ဒိုကေတာ့ တစ္ရက္ကို အစားအေသာက္ ၆ ႀကိမ္
စားသုံးေလ့ရွိသူျဖစ္ၿပီး သၾကားဓာတ္ပါဝင္တဲ့အစားအေသာက္၊ အဆီပါဝင္တဲ့အစားအေသာက္ေတြကို
ေရွာင္ၾကဥ္ပါတယ္။
ကိုကာကိုလာကို ဒုကၡမ်ားေစခဲ့တဲ့ ေပၚတူဂီဂႏၱဝင္ကစားသမားကေတာ့
မေန႔ညတုန္းကဟန္ေဂရီႏွင့္ကစားတဲ့ပြဲမွာ၂ဂိုးသြင္းယူနိုင္ခဲ့ၿပီး
တဲ့ေနာက္၁၁ဂိုးျဖင့္ယူရိုၿပိဳင္ပြဲသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူနိုင္သူျဖစ္လာခဲ့ပါတယ္။