ဒါလော့ကို စာချုပ်သစ် ချုပ်ပြီး ရေရှည်ဆက်ထိန်းတော့မယ့် မန်ယူ

မန်ယူနောက်ခံလူ ဒီယေဂို ဒါလော့ဟာ လက်ရှိစာချုပ်ကို သက်တမ်းတိုးပြီးတဲ့နောက်

သိပ်မကြာခင် အချိန်မှာပဲ အသင်းနဲ့အတူ စာချူပ်သစ်တစ်ရပ် ချုပ်ဆိုတော့မယ်လို့

သတင်းထွက်လာပါတယ်။ မန်ယူမှာ လက်ရှိစာချုပ်တွေ အရ လာမယ့်နွေရာသီကျရင်

သက်တမ်းကုန်တော့မယ့် ကစားသမားတွေရှိနေပြီး ဒါလော့ကတော့ အဲဒီအထဲက

တစ်ယောက်ဖြစ်ပါတယ်။ အဲဒီကစားသမား တွေကတော့ ဒါလော့အပြင်

လုခ်ရှော၊ ဒီဂီယာနဲ့ ရက်ရှက်ဖို့ဒ်တို့လို ကစားသမားတွေပါ။

ယူနိုက်တက်ဟာ အဲဒီကစားသမားတွေကို စာချုပ်ပါအချက်အလက်အရ

လက်ရှိလုပ်ခလစာနဲ့ပဲ နောက်ထပ် သက်တမ်းတိုးခွင့် တစ်နှစ်ရှိပါတယ်။

ဒါပေမဲ့ ဒီဂီယာကိုတော့ နောက်တစ်ရာသီအတွက် လစာလျှော့ပေးချင်တာဖြစ်လို့

သက်တမ်းတိုးမယ့် ကိစ္စကို မန်ယူက ဆိုင်းငံ့ထားတာမျိုးရှိပါတယ်။

မန်ယူဟာ စပိန်သားဂိုးသမားရဲ့ လုပ်ခလစာကို ဒီနွေကုန်ရင် လျှော့ပစ်ချင်နေတာကြောင့်

အခုလို လုပ်ဆောင်တာဖြစ်တယ် လို့လည်း Telegraph ရဲ့ သတင်းတစ်ပုဒ်မှာ

ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ လုခ်ရှော၊ ရက်ရှ်ဖို့ဒ်၊ ဖရက်ဒ်နဲ့

ဒါလော့တို့ကိုတော့ နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်း တိုးခဲ့ပြီး

ဒီသတင်းကိုလည်း နည်းပြ အဲရစ်တန်ဟတ်က အတည်ပြုခဲ့ပါတယ်။

အဲဒီ ကစားသမား ၄ ယောက်စလုံး ဟာ ဒီရာသီမှာ နည်းပြတန်ဟတ်အတွက်

အကောင်းဆုံးခြေစွမ်းပြနေကြတဲ့ ကစားသမားတွေဖြစ်ပြီး မန်ယူရဲ့ ဘက်စုံသုံး

အင်ဂျင်တွေ ဖြစ်နေတာပါ။ ပေါ်တူဂီ လက်ရွေးစင် ဒါလော့ဟာဆိုရင် ရာသီအစပိုင်းမှာ

တန်ဟတ်အတွက် အားကိုးရတဲ့ မရှိမဖြစ် ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး

ဒဏ်ရာကြောင့်သာ ဇန်နဝါရီ ၁၀ ကစပြီး အသင်းအတွက် မကစားနိုင်တော့တာပါ။

ဒါပေမဲ့ ပဲလေ့စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စနေနေ့ပွဲစဉ်မှာတော့ မန်ယူ ရဲ့

အရန်လူစာရင်းမှာ ဒါလော့ တစ်ယောက် ပါလာခဲ့တာကို တွေ့ရပါတယ်။

ပေါ်တိုနောက်ခံကစားသမားဟောင်းကို ဥရောပ ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့

ရီးရဲလ်မက်ဒရစ်၊ အေစီမီလန်၊ ဘာစီလိုနာတို့အပါအဝင် အသင်းတော်တော်များများက

စိတ်ဝင်စားနေတာမျိုး ရှိပေမဲ့လည်း မန်ယူက စာချုပ်သစ် တစ်ရပ် ချုပ်တော့မှာ

ဖြစ်တဲ့အတွက် အဲဒီသတင်းတွေဟာ နေလာ နှင်းပျောက်သလို ဖြစ်သွားပြီး

စာချုပ်သစ်တစ်ရပ်နဲ့အတူ ဒါလော့ရဲ့ မန်ယူ အနာဂတ်ဟာ တည်ငြိမ်ဖို့ နီးစပ်လာပြီဖြစ်ပါတယ်။

zawgyi

ဒါေလာ့ကို စာခ်ဳပ္သစ္ ခ်ဳပ္ၿပီး ေရရွည္ဆက္ထိန္းေတာ့မယ့္ မန္ယူ

မန္ယူေနာက္ခံလူ ဒီေယဂို ဒါေလာ့ဟာ လက္ရွိစာခ်ဳပ္ကို သက္တမ္းတိုးၿပီးတဲ့ေနာက္

သိပ္မၾကာခင္ အခ်ိန္မွာပဲ အသင္းနဲ႔အတူ စာခ်ဴပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုေတာ့မယ္လို႔

သတင္းထြက္လာပါတယ္။ မန္ယူမွာ လက္ရွိစာခ်ဳပ္ေတြ အရ လာမယ့္ေႏြရာသီက်ရင္

သက္တမ္းကုန္ေတာ့မယ့္ ကစားသမားေတြရွိေနၿပီး ဒါေလာ့ကေတာ့ အဲဒီအထဲက

တစ္ေယာက္ျဖစ္ပါတယ္။ အဲဒီကစားသမား ေတြကေတာ့ ဒါေလာ့အျပင္

လုခ္ေရွာ၊ ဒီဂီယာနဲ႔ ရက္ရွက္ဖို႔ဒ္တို႔လို ကစားသမားေတြပါ။

ယူႏိုက္တက္ဟာ အဲဒီကစားသမားေတြကို စာခ်ဳပ္ပါအခ်က္အလက္အရ

လက္ရွိလုပ္ခလစာနဲ႔ပဲ ေနာက္ထပ္ သက္တမ္းတိုးခြင့္ တစ္ႏွစ္ရွိပါတယ္။

ဒါေပမဲ့ ဒီဂီယာကိုေတာ့ ေနာက္တစ္ရာသီအတြက္ လစာေလွ်ာ့ေပးခ်င္တာျဖစ္လို႔

သက္တမ္းတိုးမယ့္ ကိစၥကို မန္ယူက ဆိုင္းငံ့ထားတာမ်ိဳးရွိပါတယ္။

မန္ယူဟာ စပိန္သားဂိုးသမားရဲ႕ လုပ္ခလစာကို ဒီေႏြကုန္ရင္ ေလွ်ာ့ပစ္ခ်င္ေနတာေၾကာင့္

အခုလို လုပ္ေဆာင္တာျဖစ္တယ္ လို႔လည္း Telegraph ရဲ႕ သတင္းတစ္ပုဒ္မွာ

ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ ဒါေပမဲ့ လုခ္ေရွာ၊ ရက္ရွ္ဖို႔ဒ္၊ ဖရက္ဒ္နဲ႔

ဒါေလာ့တို႔ကိုေတာ့ ေနာက္ထပ္တစ္ႏွစ္ စာခ်ဳပ္သက္တမ္း တိုးခဲ့ၿပီး

ဒီသတင္းကိုလည္း နည္းျပ အဲရစ္တန္ဟတ္က အတည္ျပဳခဲ့ပါတယ္။

အဲဒီ ကစားသမား ၄ ေယာက္စလုံး ဟာ ဒီရာသီမွာ နည္းျပတန္ဟတ္အတြက္

အေကာင္းဆုံးေျခစြမ္းျပေနၾကတဲ့ ကစားသမားေတြျဖစ္ၿပီး မန္ယူရဲ႕ ဘက္စုံသုံး

အင္ဂ်င္ေတြ ျဖစ္ေနတာပါ။ ေပၚတူဂီ လက္ေ႐ြးစင္ ဒါေလာ့ဟာဆိုရင္ ရာသီအစပိုင္းမွာ

တန္ဟတ္အတြက္ အားကိုးရတဲ့ မရွိမျဖစ္ ကစားသမားတစ္ေယာက္ျဖစ္ခဲ့ၿပီး

ဒဏ္ရာေၾကာင့္သာ ဇန္နဝါရီ ၁၀ ကစၿပီး အသင္းအတြက္ မကစားႏိုင္ေတာ့တာပါ။

ဒါေပမဲ့ ပဲေလ့စ္ကို ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ စေနေန႔ပြဲစဥ္မွာေတာ့ မန္ယူ ရဲ႕

အရန္လူစာရင္းမွာ ဒါေလာ့ တစ္ေယာက္ ပါလာခဲ့တာကို ေတြ႕ရပါတယ္။

ေပၚတိုေနာက္ခံကစားသမားေဟာင္းကို ဥေရာပ ထိပ္သီးအသင္းႀကီးေတြျဖစ္တဲ့

ရီးရဲလ္မက္ဒရစ္၊ ေအစီမီလန္၊ ဘာစီလိုနာတို႔အပါအဝင္ အသင္းေတာ္ေတာ္မ်ားမ်ားက

စိတ္ဝင္စားေနတာမ်ိဳး ရွိေပမဲ့လည္း မန္ယူက စာခ်ဳပ္သစ္ တစ္ရပ္ ခ်ဳပ္ေတာ့မွာ

ျဖစ္တဲ့အတြက္ အဲဒီသတင္းေတြဟာ ေနလာ ႏွင္းေပ်ာက္သလို ျဖစ္သြားၿပီး

စာခ်ဳပ္သစ္တစ္ရပ္နဲ႔အတူ ဒါေလာ့ရဲ႕ မန္ယူ အနာဂတ္ဟာ တည္ၿငိမ္ဖို႔ နီးစပ္လာၿပီျဖစ္ပါတယ္။