ဒါဘီအသင်းကို ( ၂ ) ပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်ပေးထားတဲ့ ဝိန်းရွန်းနီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဝိန်းရွန်းနီရဲ့ ဒါဘီကောင်တီအသင်းက ကျူပီအာအသင်းကို ( ၁ – ၀ ) အနိုင် ရရှိခဲ့ပြီး နောက်ထပ် နိုင်ပွဲဆက် နိုင်ခဲ့ပါတယ်။ အနောက်လန်ဒန်မှာ ကစားခဲ့တဲ့ ပွဲစဥ်အတွင်း ပွဲကစားချိန် ( ၅၆ ) မိနစ် မှာ သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ရစ်ချတ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က တန်းတက်ဖို့ ပြင်ဆင်နေတဲ့ ဘုန်းမောက်အသင်းကိုအနိုင် ရရှိခဲ့ပြီးနောက် ဝိန်းရွန်းနီက ဒါဘီအသင်းကို ဒီရာသီ ချန်ပီယံရှစ်မှာ ပထမဆုံးအကြိမ် ( ၂ ) ပွဲဆက် အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ရွန်းနီးက အသင်းသားတေွရဲ့ ကြိုးစားအားထုတ်မှု အပေါ် ကျေနပ်လျက်ရှိပြီး ပွဲပြီးခါနီး အိမ်ရှင်အသင်းရဲ့ ဖိအားပေးမှုတွေကို အကောင်းဆုံးတားဆီးနိုင်ခဲ့တဲ့အပေါ် ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။

ရွန်းနီက “ယနေ့ ပွဲစဥ်က ကြားရက် ဘုန်းမောက်အသင်းကို အနိုင်ရရှိမှုနဲ့အတူ ကျွန်တော်တို့အတွက် ကြီးမားတဲ့ အောင်ပွဲတစ်ခုပါ။”ဟု ဆိုသွားခဲ့ပါတယ်။ “ဒါက အရမ်းအ‌ေရးကြီးတဲ့ ပွဲစဥ်ပါ။ အရည်အချင်းအရ အကောင်းဆုံးအနေအထား ရှိမနေသေးပေမယ့် ကစားသမားတေွရဲ့ အားစိုက်ထှုတ်မှု၊ နှင့် တစ်ဖက်အသင်းရဲ့ ကန်သွင်းမှုတွေကို ပိတ်ဆို့နိုင်ခဲ့တာတွေက အရမ်းကောင်းမွန်ပါတယ်။”

“သူတို့မှာ ခေါင်းတိုက် သွင်းယူနိုင်တဲ့ ကစားသမားကောင်းတေွများစွာ ရှိပါတယ် ။ ကျွန်တော်တို့ နိုင်ပွဲရဖို့ အစွမ်းကုန်ကြိုးစားခဲ့ရပါတယ်။ အဖိုးတန် ( ၃ ) မှတ် ရယူနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်။” ဒါဘီအသင်းဟာ လက်ရှိမှာ ( ၂၅ ) ပွဲ ကစားထားပြီး တန်းဆင်းဇုံနဲ့ ( ၅ ) မှတ် ကွာဟလျက်ရှိကာ ယခုလ အစောပိုင်းက အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ရွန်းနီက အသင်းအတွက် သိသာတဲ့ အပြောင်းအလဲ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒါဘီအသင်းအနေနဲ့ ရာသီအစမှာ ရလာဒ်ဆိုးရွားခဲ့ပေမယ့် လက်ရှိမှာ တဖြည်းဖြည်းနဲ့ ပုံစံကောင်း ရရှိလာတာ တွေ့ရပါတယ်။ ရွန်းနီရဲ့ အသင်းက လာမယ့် စနေနေ့မှာ ဘရစ္စတိုစီးတီးအသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဒါဘီအသင္းကို ( ၂ ) ပြဲဆက္ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ေပးထားတဲ့ ဝိန္း ႐ြန္းနီ

ဝိန္း႐ြန္းနီရဲ႕ ဒါဘီေကာင္တီအသင္းက က်ဴပီအာအသင္းကို ( ၁ – ၀ ) အႏိုင္ ရရွိခဲ့ၿပီး ေနာက္ထပ္ ႏိုင္ပြဲဆက္ ႏိုင္ခဲ့ပါတယ္။ အေနာက္လန္ဒန္မွာ ကစားခဲ့တဲ့ ပြဲစဥ္အတြင္း ပြဲကစားခ်ိန္ ( ၅၆ ) မိနစ္ မွာ သြင္းယူခဲ့တဲ့ တိုက္စစ္မႉး ရစ္ခ်တ္ရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ အဂၤါေန႔က တန္းတက္ဖို႔ ျပင္ဆင္ေနတဲ့ ဘုန္းေမာက္အသင္းကိုအႏိုင္ ရရွိခဲ့ၿပီးေနာက္ ဝိန္း႐ြန္းနီက ဒါဘီအသင္းကို ဒီရာသီ ခ်န္ပီယံရွစ္မွာ ပထမဆုံးအႀကိမ္ ( ၂ ) ပြဲဆက္ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

႐ြန္းနီးက အသင္းသားေတြရဲ႕ ႀကိဳးစားအားထုတ္မႈ အေပၚ ေက်နပ္လ်က္ရွိၿပီး ပြဲၿပီးခါနီး အိမ္ရွင္အသင္းရဲ႕ ဖိအားေပးမႈေတြကို အေကာင္းဆုံးတားဆီးႏိုင္ခဲ့တဲ့အေပၚ ခ်ီးက်ဴးမႈျပဳလုပ္သြားခဲ့ပါတယ္။ ႐ြန္းနီက “ယေန႔ ပြဲစဥ္က ၾကားရက္ ဘုန္းေမာက္အသင္းကို အႏိုင္ရရွိမႈနဲ႔အတူ ကြၽန္ေတာ္တို႔အတြက္ ႀကီးမားတဲ့ ေအာင္ပြဲတစ္ခုပါ။”ဟု ဆိုသြားခဲ့ပါတယ္။ “ဒါက အရမ္းအ‌ေရးႀကီးတဲ့ ပြဲစဥ္ပါ။ အရည္အခ်င္းအရ အေကာင္းဆုံးအေနအထား ရွိမေနေသးေပမယ့္ ကစားသမားေတြရဲ႕ အားစိုက္ထႈတ္မႈ၊ ႏွင့္ တစ္ဖက္အသင္းရဲ႕ ကန္သြင္းမႈေတြကို ပိတ္ဆို႔ႏိုင္ခဲ့တာေတြက အရမ္းေကာင္းမြန္ပါတယ္။”

“သူတို႔မွာ ေခါင္းတိုက္ သြင္းယူႏိုင္တဲ့ ကစားသမားေကာင္းေတြမ်ားစြာ ရွိပါတယ္ ။ ကြၽန္ေတာ္တို႔ ႏိုင္ပြဲရဖို႔ အစြမ္းကုန္ႀကိဳးစားခဲ့ရပါတယ္။ အဖိုးတန္ ( ၃ ) မွတ္ ရယူႏိုင္ခဲ့တဲ့အတြက္ ေပ်ာ္႐ႊင္မိပါတယ္။” ဒါဘီအသင္းဟာ လက္ရွိမွာ ( ၂၅ ) ပြဲ ကစားထားၿပီး တန္းဆင္းဇုံနဲ႔ ( ၅ ) မွတ္ ကြာဟလ်က္ရွိကာ ယခုလ အေစာပိုင္းက အၿမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္ျခင္းခံခဲ့ရတဲ့ ႐ြန္းနီက အသင္းအတြက္ သိသာတဲ့ အေျပာင္းအလဲ ျဖစ္ေပၚေစခဲ့ပါတယ္။ ဒါဘီအသင္းအေနနဲ႔ ရာသီအစမွာ ရလာဒ္ဆိုး႐ြားခဲ့ေပမယ့္ လက္ရွိမွာ တျဖည္းျဖည္းနဲ႔ ပုံစံေကာင္း ရရွိလာတာ ေတြ႕ရပါတယ္။ ႐ြန္းနီရဲ႕ အသင္းက လာမယ့္ စေနေန႔မွာ ဘရစၥတိုစီးတီးအသင္းနဲ႔ ကစားရဖို႔ ရွိေနပါတယ္။