ထိပ်တန်းကစားသမားမရှိဘဲ ဇယားထိပ်မှာထိုင်နိုင်လို့ ကျေနပ်နေသူ

မန်စီးတီး အသင်းဟာ လက်ရှိအချိန်မှာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၁၆)ပွဲဆက်အနိုင်ရထားပြီး ပြိုင်ပွဲစုံ(၂၃)ပွဲမှာ ရှုံးပွဲမရှိခဲ့တာဖြစ်ပါတယ်။မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာ ကတော့ အသင်းအောင်မြင်မှုရတာဟာ သူတို့ရဲ့စုပေါင်းလုပ်ဆောင်မှုကြောင့်လို့ ဆိုပါတယ်။

ယူနိုက်တက်နဲ့ လီဗာပူးတို့ဟာ ယခုတစ်ပတ်မှာ ပြိုင်ဘက်တွေကို ရမှတ်တွေ ပေးခဲ့ရပြီး ဂွါဒီယိုလာက တော့ သူ့အသင်း ပုံစံကောင်း ပြန်လည်ရရှိလာတဲ့ အခြေအနေကို ပြောပါတယ်။ ဂွါဒီယိုလာက သူ့ရဲ့အသင်းမှာ တစ်ဦးချင်း ထူးချွန်တဲ့ စူပါစတားတွေ ရှိချင်ပေမယ့် လက်ရှိအသင်းကတစ်ဦးမှ မဖယ်ထုတ်ချင်ပါဘူး။

ဂွာ‌ဒီယိုလာ က “ကျွန်တော့်အသင်းမှာ တစ်ယောက်တည်းနဲ့ ပွဲကို အနိုင်ရအောင်လုပ်နိုင်တဲ့ ကစားသမားမရှိပါဘူး။ ကျွန်တော်တို့မှာ မက်ဆီ၊ ရော်နယ်ဒို၊ ဘတ်ပေနဲ့ နေမာတို့ မရှိပါဘူး။ ကျွန်တော်တို့ဟာ အသင်းတစ်သင်းအဖြစ်နဲ့ပဲ ကြိုးစားသွားဖို့ ရှိပါတယ်”

“အရိုးသားဆုံး ပြောရရင် ပွဲတစ်ပွဲမှာ ၄ ဂိုးလောက် သွင်းနိုင်တဲ့ ကစားသမားမျိုး ကျွန်တော့်အသင်းမှာ ရှိချင်ပါတယ်။ ဒါပေမယ့် လက်ရှိကျွန်တော့်အသင်းမှာ ရှိနေတဲ့ လူစာရင်းကို မပြောင်းလဲချင်ပါဘူး။ သူတို့အားလုံးကိုရှိစေချင်ပါတယ်။” “ဒါကြောင့် ကျွန်တော်တို့အသင်းခေါင်းဆောင် ဖာနန်ဒင်ဟိုကို အကြိမ်များစွာ ချီးကျူးနေရပါတယ်။ အသင်းဆိုးရွားတဲ့အချိန်မှာတောင် ကွင်းတွင်းကွင်းပြင်မှာသူ့ရဲ့ စည်းရုံးမှုတွေက အကူအညီ ဖြစ်စေပါတယ်။”

“ကောင်းမွန်တဲ့ အချိန်တွေမှာ လူတိုင်းဟာ ကစားရတာလွယ်ကူပါတယ်။ဒါပေမယ့် အသင်းကြီးတွေ၊ ကစားသမားကောင်းတွေက မကောင်းတဲ့ အချိန်တွေမှာ ဒါတွေကို ပြသပါတယ်။ကျွန်တော်တို့မှာလည်း ဒီရာသီ မကောင်းတဲ့ အချိန်တွေရှိခဲ့ပါတယ်။”လို့ပြောဆိုပါတယ်။

Zawgyi

ထိပ္တန္းကစားသမားမရွိဘဲ ဇယားထိပ္မွာထိုင္ႏိုင္လို႔ ​ေက်နပ္​ေနသူ

မန္စီးတီး အသင္းဟာ လက္ရွိအခ်ိန္မွာ ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ(၁၆)ပြဲဆက္အႏိုင္ရထားၿပီး ၿပိဳင္ပြဲစုံ(၂၃)ပြဲမွာ ရႈံးပြဲမရွိခဲ့တာျဖစ္ပါတယ္။မန္စီးတီး အသင္းနည္းျပ ဂြာဒီယိုလာ ကေတာ့ အသင္းေအာင္ျမင္မႈရတာဟာ သူတို႔ရဲ႕စုေပါင္းလုပ္ေဆာင္မႈ​ေၾကာင့္လို႔ ဆိုပါတယ္။

ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ဟာ ယခုတစ္ပတ္မွာ ၿပိဳင္ဘက္ေတြကို ရမွတ္ေတြ ေပးခဲ့ရၿပီး ဂြါဒီယိုလာက ​ေတာ့ သူ႔အသင္း ပုံစံေကာင္း ျပန္လည္ရရွိလာတဲ့ အေျခအေနကို ေျပာပါတယ္။ ဂြါဒီယိုလာက သူ႔ရဲ႕အသင္းမွာ တစ္ဦးခ်င္း ထူးခြၽန္တဲ့ စူပါစတားေတြ ရွိခ်င္ေပမယ့္ လက္ရွိအသင္းကတစ္ဦးမွ မဖယ္ထုတ္ခ်င္ပါဘူး။

ဂြာ‌ဒီယိုလာ က “ကြၽန္ေတာ့္အသင္း မွာ တစ္ေယာက္တည္းနဲ႔ ပြဲကို အႏိုင္ရေအာင္လုပ္ႏိုင္တဲ့ ကစားသမားမရွိပါဘူး။ကြၽန္ေတာ္တို႔မွာ မက္ဆီ၊ ေရာ္နယ္ဒို၊ ဘတ္​ေပနဲ႔ ေနမာ တို႔ မရွိပါဘူး။ကြၽန္ေတာ္တို႔ ဟာ အသင္းတစ္သင္းအျဖစ္နဲ႔ပဲ ႀကိဳးစားသြားဖို႔ ရွိပါတယ္” “အ႐ိုးသားဆုံး ေျပာရရင္ ပြဲတစ္ပြဲမွာ ၄ဂိုးေလာက္ သြင္းႏိုင္တဲ့ ကစားသမားမ်ိဳး ကြၽန္ေတာ့္အသင္းမွာ ရွိခ်င္ပါတယ္။ဒါေပမယ့္ လက္ရွိကြၽန္ေတာ့္အသင္းမွာ ရွိေနတဲ့ လူစာရင္းကို မေျပာင္းလဲခ်င္ပါဘူး။ သူတို႔အားလုံးကိုရွိ​ေစခ်င္ပါတယ္။”

“ဒါေၾကာင့္ ကြၽန္ေတာ္တို႔အသင္းေခါင္းေဆာင္ ဖာနန္ဒင္ဟိုကို အႀကိမ္မ်ားစြာ ခ်ီးက်ဴးေနရပါတယ္။ အသင္းဆိုး႐ြားတဲ့အခ်ိန္မွာေတာင္ကြင္းတြင္းကြင္းျပင္မွာသူ႔ရဲ႕ စည္း႐ုံးမႈေတြက အကူအညီ ျဖစ္ေစပါတယ္။” “ေကာင္းမြန္တဲ့ အခ်ိန္ေတြမွာ လူတိုင္းဟာ ကစားရတာလြယ္ကူပါတယ္။ဒါေပမယ့္ အသင္းႀကီးေတြ၊ ကစားသမားေကာင္းေတြက မေကာင္းတဲ့ အခ်ိန္ေတြမွာ ဒါေတြကို ျပသပါတယ္။ကြၽန္ေတာ္တို႔မွာလည္း ဒီရာသီ မေကာင္းတဲ့ အခ်ိန္ေတြရွိခဲ့ပါတယ္။”လို႔​ေျပာဆိုပါတယ္။