တိုက်စစ်အားနည်းမှုကြောင့် ချန်ပီယံမျှော်လင့်ချက်အဆုံးသတ်မှာကိုစိုးရိမ်တယ်လို့ ဆိုးလ်ရှားဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းရဲ့တိုက်စစ်ပိုင်းအားနည်းမှုကြောင့် ချန်ပီယံဖြစ်ရေး မျှော်လင့်ချက် အဆုံးသတ်သွားမှာကိုသူစိုးရိမ်နေပြီဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။ မန်ယူဟာ အာဆင်နယ်နဲ့ဂိုးမရှိသရေကျ တဲ့ပွဲမှာ အခွင့်အရေးအချို့ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ဂိုးမရှိသရေကျပြီး တစ်မှတ်သာရခဲ့ပါတယ်။ လက်ရှိ မှာ မန်စီးတီးအသင်းဟာ နိုင်ပွဲဆက်နေမှုနဲ့အတူ မန်ယူကို ၃ မှတ်ဖြတ်ပြီး ထိပ်ဆုံးကနေဦးဆောင်နေပါတယ်။

မန်စီးတီးဟာ တစ်ပွဲကစားဖို့ကျန်နေသေးလို့ အဲဒီပွဲကိုသာနိုင်ခဲ့ရင် ၆ မှတ်သာသွားမှာဖြစ်ပါတယ်။ အာဆင် နယ်နဲ့ပွဲမှာ မန်ယူတိုက်စစ်ပိုင်းဟာ ယုံကြည်ချက်ကင်းမဲ့ခဲ့တဲ့အပြင် ဝါရင့်တိုက်စစ်မှူး ကာဗာနီကိုယ်တိုင်လည်း အပိုင်အခွင့်အရေး ၂ ကြိမ်ကိုလွဲချော်ခဲ့ရပါတယ်။

မန်ယူဟာ မကြာသေးခင်က အမှတ်ပေးဇယားထိပ် ဆုံးကိုဦးဆောင်နိုင်ခဲ့သေးလို့ ၈ နှစ်အတွင်းမှာ ပထမဆုံးပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့မျှော်လင့်ချက်ရှိလာ ပေမယ့် နောက်ဆုံး ၂ ပွဲမှာ တစ်မှတ်သာရခဲ့လို့ အများကြီးထိခိုက်ခဲ့ရပါတယ်။

မန်ယူဟာ ဒီရာသီမှာထိပ်သီး ၆ သင်းစာရင်းဝင်ပြိုင်ဘက်တွေနဲ့တွေ့ရင်ရုန်းကန်နေရပြီး ၁ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။ ဒီတစ်ဂိုးကလည်း စပါးကိုအိမ်ကွင်းမှာ ၆-၁ နဲ့ရှုံးတုန်းက ဖာနန်ဒက်စ်သွင်းယူခဲ့တဲ့ ပင်နယ်တီသာဖြစ်ပါတယ်။ ဒါကိုကြည့်ရင် မန်ယူဟာ ချန်ပီယံဖြစ်နိုင်လောက်တဲ့ ခြေစွမ်းမျိုးမရှိသေးဘူးလို့ သုံးသပ်ခံနေရပါတယ်။

ဆိုးလ်ရှားက” တိုက်စစ်ပိုင်းက ယုံကြည်မှုပျောက်ဆုံးခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ဟာ အာဆင်နယ်၊ ချဲလ်ဆီး၊ လီဗာပူး၊ မန်စီးတီး တို့နဲ့ကစားခဲ့ရာမှာ ပြိုင်ဘက်ကိုအခွင့်အရေး သိပ်မပေးရအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုအခွင့်အရေးမပေးတာဟာ ကိုယ်ကအခွင့်အရေးတွေပြန်ရဖို့အ တွက် လိုအပ်တဲ့ အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ ထင်သလိုဖြစ်မလာခဲ့ပါဘူး။

ဒီလို တိုက်စစ်အားနည်းမှုက ချန်ပီယံဖြစ်ရေးမျှော်လင့်ချက်ကိုလည်း ထိခိုက်လာနိုင်တယ်ဆိုတာ ပြောနေစရာ တောင် မလိုပါဘူး။ အခုမှဇန်နဝါရီဘဲရှိသေးပေမယ့် တိုက်စစ်ပိုကောင်းဖို့အတွက် ပြင်ဆင်စရာရှိတာပြင်ဆင်ရတော့မှာပါ။ ကစားသမားတွေဟာလည်း လေ့ကျင့်ခန်းမှာ ပိုပြီးလုပ်ဆောင်ရမယ့်အရာတွေ ရှိလာပါလိမ့်မယ်” လို့ပြောသွားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တိုက္စစ္အားနည္းမႈေၾကာင့္ ခ်န္ပီယံေမွ်ာ္လင့္ခ်က္အဆုံးသတ္မွာကိုစိုးရိမ္တယ္လို႔ ဆိုးလ္ရွားဝန္ခံ

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက အသင္းရဲ႕တိုက္စစ္ပိုင္းအားနည္းမႈေၾကာင့္ ခ်န္ပီယံျဖစ္ေရး ေမွ်ာ္လင့္ခ်က္ အဆုံးသတ္သြားမွာကိုသူစိုးရိမ္ေနၿပီျဖစ္ေၾကာင္း ဝန္ခံလိုက္ပါတယ္။ မန္ယူဟာ အာဆင္နယ္နဲ႔ဂိုးမရွိသေရက် တဲ့ပြဲမွာ အခြင့္အေရးအခ်ိဳ႕ရခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့လို႔ ဂိုးမရွိသေရက်ၿပီး တစ္မွတ္သာရခဲ့ပါတယ္။ လက္ရွိ မွာ မန္စီးတီးအသင္းဟာ ႏိုင္ပြဲဆက္ေနမႈနဲ႔အတူ မန္ယူကို ၃ မွတ္ျဖတ္ၿပီး ထိပ္ဆုံးကေနဦးေဆာင္ေနပါတယ္။

မန္စီးတီးဟာ တစ္ပြဲကစားဖို႔က်န္ေနေသးလို႔ အဲဒီပြဲကိုသာႏိုင္ခဲ့ရင္ ၆ မွတ္သာသြားမွာျဖစ္ပါတယ္။ အာဆင္ နယ္နဲ႔ပြဲမွာ မန္ယူတိုက္စစ္ပိုင္းဟာ ယုံၾကည္ခ်က္ကင္းမဲ့ခဲ့တဲ့အျပင္ ဝါရင့္တိုက္စစ္မႉး ကာဗာနီကိုယ္တိုင္ လည္း အပိုင္အခြင့္အေရး ၂ ႀကိမ္ကိုလြဲေခ်ာ္ခဲ့ရပါတယ္။ မန္ယူဟာ မၾကာေသးခင္က အမွတ္ေပးဇယားထိပ္ ဆုံးကိုဦးေဆာင္ႏိုင္ခဲ့ေသးလို႔ ၈ ႏွစ္အတြင္းမွာ ပထမဆုံးပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ဖို႔ေမွ်ာ္လင့္ခ်က္ရွိလာ ေပမယ့္ ေနာက္ဆုံး ၂ ပြဲမွာ တစ္မွတ္သာရခဲ့လို႔ အမ်ားႀကီးထိခိုက္ခဲ့ရပါတယ္။ မန္ယူဟာ ဒီရာသီမွာထိပ္သီး ၆ သင္းစာရင္းဝင္ၿပိဳင္ဘက္ေတြနဲ႔ေတြ႕ရင္႐ုန္းကန္ေနရၿပီး ၁ ဂိုးသာသြင္းႏိုင္ခဲ့ပါ တယ္။ ဒီတစ္ဂိုးကလည္း စပါးကိုအိမ္ကြင္းမွာ ၆-၁ နဲ႔ရႈံးတုန္းက ဖာနန္ဒက္စ္သြင္းယူခဲ့တဲ့ ပင္နယ္တီသာျဖစ္ပါတယ္။ ဒါကိုၾကည့္ရင္ မန္ယူဟာ ခ်န္ပီယံျဖစ္ႏိုင္ေလာက္တဲ့ ေျခစြမ္းမ်ိဳးမရွိေသးဘူးလို႔ သုံးသပ္ခံေနရပါတယ္။

ဆိုးလ္ရွားက” တိုက္စစ္ပိုင္းက ယုံၾကည္မႈေပ်ာက္ဆုံးခဲ့တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒီရာသီမွာ ကြၽန္ေတာ္တို႔ဟာ အာဆင္နယ္၊ ခ်ဲလ္ဆီး၊ လီဗာပူး၊ မန္စီးတီး တို႔နဲ႔ကစားခဲ့ရာမွာ ၿပိဳင္ဘက္ကိုအခြင့္အေရး သိပ္မေပးရေအာင္ လုပ္ႏိုင္ခဲ့ပါတယ္။ ဒီလိုအခြင့္အေရးမေပးတာဟာ ကိုယ္ကအခြင့္အေရးေတြျပန္ရဖို႔အ တြက္ လိုအပ္တဲ့ အေရးပါတဲ့အခ်က္ျဖစ္ပါတယ္။ ဒါေပမယ့္ကြၽန္ေတာ္တို႔ ထင္သလိုျဖစ္မလာခဲ့ပါဘူး။ ဒီလို တိုက္စစ္အားနည္းမႈက ခ်န္ပီယံျဖစ္ေရးေမွ်ာ္လင့္ခ်က္ကိုလည္း ထိခိုက္လာႏိုင္တယ္ဆိုတာ ေျပာေနစရာ ေတာင္ မလိုပါဘူး။ အခုမွဇန္နဝါရီဘဲရွိေသးေပမယ့္ တိုက္စစ္ပိုေကာင္းဖို႔အတြက္ ျပင္ဆင္စရာရွိတာျပင္ဆင္ ရေတာ့မွာပါ။ ကစားသမားေတြဟာလည္း ေလ့က်င့္ခန္းမွာ ပိုၿပီးလုပ္ေဆာင္ရမယ့္အရာေတြ ရွိလာပါလိမ့္ မယ္” လို႔ေျပာသြားပါတယ္။