တစ်လလောက်နားရမယ့်မက်ဂွိုင်းယားကြောင့် ဗဟိုခံစစ်အငှားခေါ်ဖို့ စဉ်းစားနေတဲ့မန်ယူ

photo-express

photo-gettyimages

နောက်ခံလူမက်ဂွိုင်းယားဟာ ဒဏ်ရာကြောင့် အနည်းဆုံးတစ်လလောက်အထိ နားရမှာဖြစ်လို့ မန်ယူအသင်းဟာ အခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ဗဟိုခံစစ်မှုးတစ်ယောက် အငှားခေါ်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ နောက်ခံလူတွေထဲမှာ စံချိန်တင်ကြေးဖြစ်တဲ့ ပေါင်သန်း ၈၀ နဲ့ခေါ်ယူထားတဲ့ မက်ဂွိုင်းယားဟာ ကြွက်သားစုတ်ပြဲမှုဒဏ်ရာကြောင့် လာမယ့်ဖေဖော်ဝါရီတိုင်အောင် ပြန်ကစားနိုင်ဖွယ်မရှိပါဘူး။ တစ်နည်းအားဖြင့် မက်ဂွိုင်းယားဟာ မန်ယူအတွက် အရေးပါတဲ့ ပွဲစဉ်အများအပြားကို လွဲချော်တော့မှာပါ။

photo-gettyimages

အဲဒီအင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာ ဝုဗ်နဲ့ဂိုးမရှိသရေကျခဲ့တဲ့အက်ဖ်အေဖလားပွဲစဉ်က ရရှိတဲ့ဒဏ်ရာကြောင့် မန်စီးတီးကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ အင်္ဂလန်လိဂ်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ကိုလည်း ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ အသက် ၂၆ နှစ်အရွယ် မက်ဂွိုင်းယားရဲ့ဒဏ်ရာကြောင့် မန်ယူမှာ လာမယ့်နော်ဝစ်ချ်နဲ့ပရီးမီးယားလိဂ်ပွဲအတွက် ရွေးချယ်စရာ ပွဲထွက်ဗဟိုခံစစ်ကစားသမားဆိုလို့ လင်ဒီလော့ဖ်တစ်ယောက်သာရှိတော့ပြီး နည်းပြဆိုးလ်ရှားဟာ မန်စီးတီးနဲ့ပွဲမှာ ဒဏ်ရာပြသနာအနည်းငယ်ရှိခဲ့သေးတဲ့ဖီးလ်ဂျုံးစ် ကြုံခိုင်မှုအပြည့်နဲ့ ကစားနိုင်ဖို့ မျှော်လင့်နေရပါတယ်။

photo-gettyimages

ဒီလိုအရေးပေါ်အခြေအနေကြောင့် မန်ယူဟာ ဒီဇန်နဝါရီထဲမှာ ဗဟိုခံစစ်မှုးတစ်ယောက်ကို ရေတိုအငှားခေါ်ဖို့ စဉ်းစားနေတာလို့ Manchester Evening News က ဖော်ပြခဲ့တာပါ။ တကယ်လို့ အငှားခေါ်မယ်ဆိုရင်လည်း ဘယ်သူတွေကို ကြိုးပမ်းသွားမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

[Zawgyi]

တစ္လေလာက္နားရမယ့္မက္ဂြိဳင္းယားေၾကာင့္ ဗဟုိခံစစ္အငွားေခၚဖုိ႔ စဥ္းစားေနတဲ့မန္ယူ

ေနာက္ခံလူမက္ဂြိဳင္းယားဟာ ဒဏ္ရာေၾကာင့္ အနည္းဆုံးတစ္လေလာက္အထိ နားရမွာျဖစ္လုိ႔ မန္ယူအသင္းဟာ အခုဇန္န၀ါရီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ဗဟုိခံစစ္မႈးတစ္ေယာက္ အငွားေခၚဖုိ႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။ ေနာက္ခံလူေတြထဲမွာ စံခ်ိန္တင္ေၾကးျဖစ္တဲ့ ေပါင္သန္း ၈၀ နဲ႔ေခၚယူထားတဲ့ မက္ဂြိဳင္းယားဟာ ၾကြက္သားစုတ္ၿပဲမႈဒဏ္ရာေၾကာင့္ လာမယ့္ေဖေဖာ္၀ါရီတိုင္ေအာင္ ျပန္ကစားႏိုင္ဖြယ္မရွိပါဘူး။ တစ္နည္းအားျဖင့္ မက္ဂြိဳင္းယားဟာ မန္ယူအတြက္ အေရးပါတဲ့ ပြဲစဥ္အမ်ားအျပားကို လြဲေခ်ာ္ေတာ့မွာပါ။

အဲဒီအဂၤလန္လက္ေရြးစင္ေနာက္ခံလူဟာ ၀ုဗ္နဲ႔ဂိုးမရွိသေရက်ခဲ့တဲ့အက္ဖ္ေအဖလားပြဲစဥ္က ရရွိတဲ့ဒဏ္ရာေၾကာင့္ မန္စီးတီးကို ၃-၁ နဲ႔ရႈံးနိမ့္ခဲ့တဲ့ အဂၤလန္လိဂ္ဖလားဆီမီးဖိုင္နယ္ပထမအေက်ာ့ကိုလည္း ပါ၀င္ႏိုင္ျခင္း မရွိခဲ့ပါဘူး။ အသက္ ၂၆ ႏွစ္အရြယ္ မက္ဂြိဳင္းယားရဲ႕ဒဏ္ရာေၾကာင့္ မန္ယူမွာ လာမယ့္ေနာ္၀စ္ခ်္နဲ႔ပရီးမီးယားလိဂ္ပြဲအတြက္ ေရြးခ်ယ္စရာ ပြဲထြက္ဗဟိုခံစစ္ကစားသမားဆိုလုိ႔ လင္ဒီေလာ့ဖ္တစ္ေယာက္သာရွိေတာ့ၿပီး နည္းျပဆိုးလ္ရွားဟာ မန္စီးတီးနဲ႔ပြဲမွာ ဒဏ္ရာျပသနာအနည္းငယ္ရွိခဲ့ေသးတ့ဲဖီးလ္ဂ်ဳံးစ္ ႀကဳံခိုင္မႈအျပည့္နဲ႔ ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ေနရပါတယ္။

ဒီလိုအေရးေပၚအေျခအေနေၾကာင့္ မန္ယူဟာ ဒီဇန္န၀ါရီထဲမွာ ဗဟုိခံစစ္မႈးတစ္ေယာက္ကို ေရတိုအငွားေခၚဖုိ႔ စဥ္းစားေနတာလို႔ Manchester Evening News က ေဖာ္ျပခဲ့တာပါ။ တကယ္လို႔ အငွားေခၚမယ္ဆိုရင္လည္း ဘယ္သူေတြကို ႀကိဳးပမ္းသြားမလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။