တစ်ပတ်လစာပေါင် ၃၀၀၀၀ နဲ့ စာချုပ်သစ်ချုပ်လိုက်တဲ့ တာဟစ်ချောင်

Photo- Internet
Photo- Internet

တောင်ပံကစားသမား တာဟစ်ချောင်ဟာတစ်ပတ်လစာပေါင် ၃၀၀၀၀ နဲ့ စာချုပ်သစ်လက်မှတ်ရေးထိုးလိုက်ပြီလို့ မန်ယူအသင်းကဒီကနေ့မှာဘဲအတည်ပြုလိုက်ပါတယ်။ အသက် ၂၀ သာရှိသေးတဲ့ တာဟစ်ချောင်ဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူလည်းဖြစ်ပါတယ်။

သူ့ကိုအင်တာမီလန်အသင်းကခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး အစောပိုင်းမှာစာချုပ်သစ်လက်မှတ်ထိုးဖို့အဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့်လည်း ၂၀၂၂ အထိစာချုပ်သစ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာနယ်သာလန်ယူ-၂၁ လက်ရွေးစင်တစ်ဦးလည်းဖြစ်ပြီး ဥရောပရဲ့တောက်ပလာမယ့် လူငယ်တွေထဲကတစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

Photo- Internet

မန်ယူအတွက် ၁၄ ပွဲကစားပေးထားတဲ့ တာဟစ်ချောင်က”စာချုပ်သစ်ကိုလက်မှတ်ထိုးနိုင်ခဲ့လို့ ကျွန်တော်အရမ်းကိုဝမ်းသာရပါတယ်။ ကျွန်တော့်ရဲ့အရည်အသွေးကိုနောက်ထပ်နှစ်တွေအများကြီးဆက်ပြီး ပြသနိုင်မယ့်အခွင့်အရေးလည်းဖြစ်လို့ တကယ့်ကိုဂုဏ်ယူမိပါတယ်။

Photo- Internet

ချာတိတ်ဘဝက မန်ယူကိုပြောင်းလာခဲ့တာဟာ အိပ်မက်တွေအမှန်တကယ်ဖြစ်ခဲ့ရတာပါဘဲ။ မန်ယူကိုကိုယ်စားပြုပြီး အသင်းအင်္ကျီကိုဝတ်ရတာဟာ တကယ့်ကိုဂုဏ်တက်စရာလည်းဖြစ်ပါတယ်။ ခြေစွမ်းပိုတိုးတက်ဖို့အတွက်လည်း နေ့တိုင်းပြင်းပြင်းထန်ထန်ကြိုးစားသွားမှာပါ။ ကစားသမားဘဝတိုးတက်ဖို့အတွက် မန်ယူကတကယ့်ကိုပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်လည်းဖြစ်ပါတယ်” လို့ပြောကြားသွားပါတယ်။

Photo- Internet

နည်းပြဆိုးလ်ရှားကလည်း တာဟစ်ချောင်ကဟာ မန်ယူကနေထွက်မလိုအခြေအနေထိဖြစ်ခဲ့ပြီးမှ စာချုပ်သစ်ချုပ်ခဲ့တဲ့အတွက် ကျေနပ်နေပြီး မန်ယူအနာဂတ်အတွက် အရမ်းကြိုးစားမယ့်လူငယ်တစ်ဦး ဆက်ရှိနေတော့မှာဖြစ်တယ်လို့ ပြောသွားပါတယ်။

Photo- Internet

Zawgyi

တစ္ပတ္လစာေပါင္ ၃၀၀၀၀ နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္လိုက္တဲ႔ တာဟစ္ေခ်ာင္

ေတာင္ပံကစားသမား တာဟစ္ေခ်ာင္ဟာတစ္ပတ္လစာေပါင္ ၃၀၀၀၀ နဲ႔ စာခ်ဳပ္သစ္လက္မွတ္ေရးထိုးလိုက္ၿပီလို႔ မန္ယူအသင္းကဒီကေန႔မွာဘဲအတည္ျပဳလိုက္ပါတယ္။ အသက္ ၂၀ သာရွိေသးတဲ႔ တာဟစ္ေခ်ာင္ဟာ လာမယ္႔ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ္႔သူလည္းျဖစ္ပါတယ္။

သူ႔ကိုအင္တာမီလန္အသင္းကေခၚယူဖို႔ စိတ္၀င္စားခဲ့ၿပီး အေစာပိုင္းမွာစာခ်ဳပ္သစ္လက္မွတ္ထိုးဖို႔အဆင္မေျပျဖစ္ေနတယ္လို႔ သတင္းေတြထြက္ခဲ့ေပမယ္႔လည္း ၂၀၂၂ အထိစာခ်ဳပ္သစ္ကို လက္မွတ္ေရးထိုးႏိုင္ခဲ့တာျဖစ္ပါတယ္။ သူဟာနယ္သာလန္ယူ-၂၁ လက္ေရြးစင္တစ္ဦးလည္းျဖစ္ၿပီး ဥေရာပရဲ႕ေတာက္ပလာမယ္႔ လူငယ္ေတြထဲကတစ္ဦးအျဖစ္လည္း သတ္မွတ္ခံထားရပါတယ္။

မန္ယူအတြက္ ၁၄ ပြဲကစားေပးထားတဲ႔ တာဟစ္ေခ်ာင္က”စာခ်ဳပ္သစ္ကိုလက္မွတ္ထိုးႏိုင္ခဲ့လို႔ က်ြန္ေတာ္အရမ္းကို၀မ္းသာရပါတယ္။ က်ြန္ေတာ္႔ရဲ႕အရည္အေသြးကိုေနာက္ထပ္ႏွစ္ေတြအမ်ားႀကီးဆက္ၿပီး ျပသႏိုင္မယ္႔အခြင့္အေရးလည္းျဖစ္လို႔ တကယ္႔ကိုဂုဏ္ယူမိပါတယ္။

ခ်ာတိတ္ဘ၀က မန္ယူကိုေျပာင္းလာခဲ့တာဟာ အိပ္မက္ေတြအမွန္တကယ္ျဖစ္ခဲ့ရတာပါဘဲ။ မန္ယူကိုကိုယ္စားျပဳၿပီး အသင္းအက်ၤီကို၀တ္ရတာဟာ တကယ္႔ကိုဂုဏ္တက္စရာလည္းျဖစ္ပါတယ္။ ေျခစြမ္းပိုတိုးတက္ဖို႔အတြက္လည္း ေန႔တိုင္းျပင္းျပင္းထန္ထန္ႀကိဳးစားသြားမွာပါ။ ကစားသမားဘ၀တိုးတက္ဖို႔အတြက္ မန္ယူကတကယ္႔ကိုၿပီးျပည့္စုံတဲ႔ ပတ္၀န္းက်င္လည္းျဖစ္ပါတယ္” လို႔ေျပာၾကားသြားပါတယ္။

နည္းျပဆိုးလ္ရွားကလည္း တာဟစ္ေခ်ာင္ကဟာ မန္ယူကေနထြက္မလိုအေျခအေနထိျဖစ္ခဲ့ၿပီးမွ စာခ်ဳပ္သစ္ခ်ဳပ္ခဲ့တဲ႔အတြက္ ေက်နပ္ေနၿပီး မန္ယူအနာဂတ္အတြက္ အရမ္းႀကိဳးစားမယ္႔လူငယ္တစ္ဦး ဆက္ရွိေနေတာ႔မွာျဖစ္တယ္လို႔ ေျပာသြားပါတယ္။