တခြားအသင်းတွေက သူ့အီတလီကို ရှောင်ချင်ကြတော့မှာလို့ နည်းပြမန်ချီနီဝင့်ကြွား

photo-gettyimages

photo-gettyimages

လာမယ့်နှစ်ယူရိုပြိုင်ပွဲကြီးမတိုင်ခင် ပြိုင်ဘက်တွေကသူ့အီတလီကို စိုးရိမ်ခြင်းရှိမရှိမသေချာပေမယ့် သူတို့ဟာ အီတလီနဲ့ ရင်ဆိုင်ဖို့အရေး ရှောင်လွှဲချင်ကြတော့မှာလို့ နည်းပြမန်ချီနီက ဂုဏ်ယူစွာနဲ့ ပြောကြားလိုက်ပါတယ်။ တနင်္လာညက ကစားခဲ့တဲ့ အာမေးနီးယားနဲ့ပွဲမှာ ၉-၁ ရလဒ်နဲ့ ဂိုးမိုးရွာနိုင်ခဲ့ပြီးနောက် သူတို့အတွက် ပြီးပြည့်စုံတဲ့ယူရိုခြေစစ်ပွဲအဖြစ် အီတလီဟာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီလိုခြေစွမ်းကြောင့်လည်း လာမယ့်နှစ်ပြိုင်ပွဲမှာ အီတလီဟာ ချန်ပီယံဆုစိန်ခေါ်နိုင်မှာလားဆိုတဲ့ အသံတွေထွက်လာပါတယ်။ မန်ချီနီကတော့ သူတို့တိုးတက်လာပေမယ့် တခြားအသင်းတွေက ပိုပြီးရှေ့ရောက်နေကြောင်း ဝန်ခံခဲ့ပါတယ်။

photo-gettyimages

”ပြိုင်ဘက်တွေက ကျွန်တော်တို့ကို စိုးရိမ်ခြင်းရှိ၊မရှိကတော့ မသိပါဘူး။ သူတို့က ပိုကောင်း၊ပိုတောင့်တင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ကျွန်တော်တို့ထက် ခြေတစ်လှမ်းဦးထားလို့ပါ။ ပြင်သစ်ဆို လွန်ခဲ့တဲ့နှစ်အနည်းငယ်က စတင်ခဲ့ပြီး ယူရိုမှာ ဗိုလ်လုပွဲရောက်ခဲ့သလို ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တာပါ။ သူတို့ဟာ ငယ်ရွယ်ပြီး အတောင့်တင်းဆုံးအသင်းတွေထဲက တစ်သင်းလို့လည်း ကျွန်တော်မြင်ပါတယ်။ စပိန်လည်း အဲဒီအတိုင်းပါပဲ။ဘယ်လ်ဂျီယံဆို လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်ကတည်းက အရည်အသွေးမြင့်ကစားသမားတွေ မွေးထုတ်နိုင်ခဲ့တယ်။ ပြီးတော့ အင်္ဂလန်ပေါ့။ အဲဒီအသင်းတွေအားလုံးဟာ ပိုစောစွာနဲ့ သူတို့အစီအစဉ်ကို စနိုင်ခဲ့ကြတာပါ။ အီတလီက ကြီးကျယ်တဲ့သမိုင်းကြောင်းရှိပါတယ်။ တခြားအသင်းတွေက အီတလီကို အလွယ်တကူရင်ဆိုင်နိုင်မယ်လို့ ကျွန်တော်မထင်ဘူး။ သူတို့ကြောက်မှာလည်း မဟုတ်ပေမယ့် အီတလီထက်စာရင် တခြားပြိုင်ဘက်ကိုရွေးကြမှာပါ”လို့ မန်ချီနီက ပြောခဲ့တာပါ။

အီတလီအနေနဲ့ ရာနှုန်းပြည့်နိုင်ပွဲနဲ့ယူရိုခြေစစ်ပွဲအောင်ခဲ့တာ ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ခြေစစ်ပွဲကာလတစ်လျှောက် အီတလီဟာ ၃၇ ဂိုးသွင်းနိုင်ခဲ့ပြီး ၄ ဂိုးသာပေးခဲ့ရတာပါ။

[Zawgyi]

တျခားအသင္းေတြက သူ႔အီတလီကို ေရွာင္ခ်င္ၾကေတာ့မွာလို႔ နည္းျပမန္ခ်ီနီ၀င့္ၾကြား

လာမယ့္ႏွစ္ယူရိုၿပိဳ္င္ပြဲႀကီးမတိုင္ခင္ ၿပိဳင္ဘက္ေတြကသူ႔အီတလီကို စိုးရိမ္ျခင္းရွိမရွိမေသခ်ာေပမယ့္ သူတုိ႔ဟာ အီတလီန႔ဲ ရင္ဆိုင္ဖုိ႔အေရး ေရွာင္လႊဲခ်င္ၾကေတာ့မွာလို႔ နည္းျပမန္ခ်ီနီက ဂုဏ္ယူစြာနဲ႔ ေျပာၾကားလုိက္ပါတယ္။ တနလၤာညက ကစားခဲ့တဲ့ အာေမးနီးယားနဲ႔ပြဲမွာ ၉-၁ ရလဒ္နဲ႔ ဂိုးမိုးရြာႏိုင္ခဲ့ၿပီးေနာက္ သူတုိ႔အတြက္ ၿပီးျပည့္စုံတဲ့ယူရိုေျခစစ္ပြဲအျဖစ္ အီတလီဟာ အဆုံးသတ္ႏိုင္ခဲ့ပါတယ္။ ဒီလုိေျခစြမ္းေၾကာင့္လည္း လာမယ့္ႏွစ္ၿပိဳင္ပြဲမွာ အီတလီဟာ ခ်န္ပီယံဆုစိန္ေခၚႏိုင္မွာလားဆိုတဲ့ အသံေတြထြက္လာပါတယ္။ မန္ခ်ီနီကေတာ့ သူတို႔တိုးတက္လာေပမယ့္ တျခားအသင္းေတြက ပိုၿပီးေရွ႕ေရာက္ေနေၾကာင္း ၀န္ခံခဲ့ပါတယ္။

”ၿပိဳ္င္ဘက္ေတြက ကၽြန္ေတာ္တို႔ကို စိုးရိမ္ျခင္းရွိ၊မရွိကေတာ့ မသိပါဘူး။ သူတို႔က ပိုေကာင္း၊ပိုေတာင့္တင္းတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က ကၽြန္ေတာ္တို႔ထက္ ေျခတစ္လွမ္းဦးထားလို႔ပါ။ ျပင္သစ္ဆို လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က စတင္ခဲ့ၿပီး ယူရိုမွာ ဗုိလ္လုပြဲေရာက္ခဲ့သလို ကမာၻ႔ဖလားမွာ ဗုိလ္စြဲခဲ့တာပါ။ သူတုိ႔ဟာ ငယ္ရြယ္ၿပီး အေတာင့္တင္းဆုံးအသင္းေတြထဲက တစ္သင္းလုိ႔လည္း ကၽြန္ေတာ္ျမင္ပါတယ္။ စပိန္လည္း အဲဒီအတိုင္းပါပဲ။ဘယ္္လ္ဂ်ီယံဆုိ လြန္ခဲ့တဲ့ ၅ ႏွစ္၊ ၆ ႏွစ္ကတည္းက အရည္အေသြးျမင့္ကစားသမားေတြ ေမြးထုတ္ႏိုင္ခဲ့တယ္။ ၿပီးေတာ့ အဂၤလန္ေပါ့။ အဲဒီအသင္းေတြအားလုံးဟာ ပိုေစာစြာန႔ဲ သူတို႔အစီအစဥ္ကုိ စႏိုင္ခဲ့ၾကတာပါ။ အီတလီက ႀကီးက်ယ္တဲ့သမိုင္းေၾကာင္းရွိပါတယ္။ တျခားအသင္းေတြက အီတလီကို အလြယ္တကူရင္ဆိုင္ႏိုင္မယ္လို႔ ကၽြန္ေတာ္မထင္ဘူး။ သူတို႔ေၾကာက္မွာလည္း မဟုတ္ေပမယ့္ အီတလီထက္စာရင္ တျခားၿပိဳင္ဘက္ကိုေရြးၾကမွာပါ”လို႔ မန္ခ်ီနီက ေျပာခဲ့တာပါ။

အီတလီအေနနဲ႔ ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔ယူရိုေျခစစ္ပြဲေအာင္ခဲ့တာ ဒါ ပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္။ ေျခစစ္ပြဲကာလတစ္ေလွ်ာက္ အီတလီဟာ ၃၇ ဂိုးသြင္းႏိုင္ခဲ့ၿပီး ၄ ဂိုးသာေပးခဲ့ရတာပါ။