ဇာဗီ နည္းျပလုိတဲ့ပရီးမီးယားလိဂ္အသင္းႀကီးစာရင္းမွာ လီဗာပူးမပါ၀င္

Photo Credit

Photo Credit

ဘာစီလုိနာအသင္းဂႏၳ၀င္ကစားသမား ဇာဗီက သူနည္းျပအျဖစ္ တာ၀န္ယူလုိတဲ့ပရီးမီးယားလိဂ္အသင္းႀကီးစာရင္းမွာ လီဗာပူးအသင္းမပါ၀င္ေၾကာင္း သိရပါတယ္။ အသက္ ၃၉ႏွစ္အရြယ္ရွိ စပိန္လက္ေရြးစင္ေဟာင္း ဇာဗီဟာ ၿပီးခဲ့တဲ့ရာသီအကုန္က ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀ကေန အနားယူခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာ ကာတာကလပ္ အယ္လ္ဆတ္အသင္းနည္းျပအျဖစ္ ေဆာင္ရြက္လ်က္ရွိပါတယ္။

Photo Credit

တစ္ေန႔ေန႔မွာ ဘာစီလိုနာအသင္းထံ နည္းျပအျဖစ္ တစ္ေက်ာ့ျပန္ေရာက္လာလိမ့္မယ္လုိ႔ ခန္႔မွန္းခံထားရတဲ့ ဇာဗီက ပရီးမီးယားလိဂ္မွာ နည္းျပအျဖစ္ ေဆာင္ရြက္ဖြယ္ရွိတယ္လုိ႔ ဆုိပါတယ္။ ကမၻာ့ဖလားခ်န္ပီယံ ဇာဗီက သူနည္းျပအျဖစ္ တာ၀န္ယူလိုတဲ့ပရီးမီးယားလိဂ္အသင္းႀကီးစာရင္းမွာ ယူႏုိက္တက္နဲ႔ အာဆင္နယ္တုိ႔ကို ထည့္သြင္းခဲ့ေပမယ့္ လီဗာပူးကို ထည့္သြင္းဖို႔ေတာ့ ျငင္းဆန္ခဲ့ပါတယ္။

Photo Credit

”ပရီးမီးယားလိဂ္ကို မႀကိဳက္တဲ့သူရွိပါ့မလဲ။ ကြင္းေတြရဲ႕အေနအထား၊ အဲဒီမွာကစားေနတဲ့ကစားသမားေတြေၾကာင့္ေရာ၊ ပရိသတ္ေတြေၾကာင့္ပါ ပရီးမီးယားလိဂ္က တကယ့္ကိုရင္ခုန္စရာပါ။ တကယ္လို႔မ်ား ကၽြန္ေတာ္သာ ေရြးခ်ယ္ခြင့္ရွိရင္ စီးတီး၊ ယူႏုိက္တက္၊ အာဆင္နယ္၊ ခ်ဲလ္ဆီး ဒါမွမဟုတ္ စပါး စတဲ့အသင္းႀကီးေတြကို ေရြးခ်ယ္ျဖစ္မွာပါ”လုိ႔ ဇာဗီက ေျပာပါတယ္။

Photo Credit

ဇာဗီက သူ နည္းျပအျဖစ္ တာ၀န္ယူလုိတဲ့ပရီးမီးယားလိဂ္အသင္းႀကီးေတြထဲမွာ လီဗာပူးကို မထည့္သြင္းခဲ့ေပမယ့္ ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆုရရွိခဲ့တဲ့ လီဗာပူးနည္းျပ ကေလာ့ပ္ကိုေတာ့ အျပည့္အ၀ခ်ီးက်ဴးသြားပါတယ္။ ဘာစီလုိနာရဲ႕နာမည္ေက်ာ္လာမာစီယာအကယ္ဒမီကေန ထြက္ေပၚခဲ့တဲ့ ဇာဗီက ဘာစီလုိနာအသင္းကို နည္းျပအျဖစ္ တစ္ေက်ာ့ျပန္လာလုိေၾကာင္း ဆုိပါတယ္။

Photo Credit

ဒါေပမဲ့ ဘာစီလုိနာအသင္းကို နည္းျပအျဖစ္ ျပန္မလာခင္ နည္းျပတစ္ဦးအေနနဲ႔ ေလ့လာသင္ယူစရာအမ်ားအျပားရွိေနေသးေၾကာင္း ၀န္ခံပါတယ္။ ”ကၽြန္ေတာ့္ရည္မွန္းခ်က္နဲ႔ပတ္သက္လုိ႔ တစ္ခါမွမလွ်ိဳ႕၀ွက္ခဲ့ဖူးပါဘူး။ တစ္ခ်ိန္ခ်ိန္မွာ ဘာစီလုိနာကို နည္းျပအျဖစ္ ျပန္လာႏုိင္ေရးက ကၽြန္ေတာ့္အိပ္မက္ပါ။ ဒါေပမဲ့ အဲဒီအိပ္မက္မတိုင္ခင္ သင္ယူစရာေတြအမ်ားႀကီးရွိေသးၿပီး ဒါကိုလည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ျဖတ္သန္းမွာပါ”လို႔ ဇာဗီက ေျပာပါတယ္။

Photo Credit

Unicode

ဇာဗီ နည်းပြလိုတဲ့ပရီးမီးယားလိဂ်အသင်းကြီးစာရင်းမှာ လီဗာပူးမပါဝင်

ဘာစီလိုနာအသင်းဂန္ထဝင်ကစားသမား ဇာဗီက သူနည်းပြအဖြစ် တာဝန်ယူလိုတဲ့ပရီးမီးယားလိဂ်အသင်းကြီးစာရင်းမှာ လီဗာပူးအသင်းမပါဝင်ကြောင်း သိရပါတယ်။ အသက် ၃၉နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ဟောင်း ဇာဗီဟာ ပြီးခဲ့တဲ့ရာသီအကုန်က ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် လက်ရှိအချိန်မှာ ကာတာကလပ် အယ်လ်ဆတ်အသင်းနည်းပြအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။
တစ်နေ့နေ့မှာ ဘာစီလိုနာအသင်းထံ နည်းပြအဖြစ် တစ်ကျော့ပြန်ရောက်လာလိမ့်မယ်လို့ ခန့်မှန်းခံထားရတဲ့ ဇာဗီက ပရီးမီးယားလိဂ်မှာ နည်းပြအဖြစ် ဆောင်ရွက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံ ဇာဗီက သူနည်းပြအဖြစ် တာဝန်ယူလိုတဲ့ပရီးမီးယားလိဂ်အသင်းကြီးစာရင်းမှာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ကို ထည့်သွင်းခဲ့ပေမယ့် လီဗာပူးကို ထည့်သွင်းဖို့တော့ ငြင်းဆန်ခဲ့ပါတယ်။
”ပရီးမီးယားလိဂ်ကို မကြိုက်တဲ့သူရှိပါ့မလဲ။ ကွင်းတွေရဲ့အနေအထား၊ အဲဒီမှာကစားနေတဲ့ကစားသမားတွေကြောင့်ရော၊ ပရိသတ်တွေကြောင့်ပါ ပရီးမီးယားလိဂ်က တကယ့်ကိုရင်ခုန်စရာပါ။ တကယ်လို့များ ကျွန်တော်သာ ရွေးချယ်ခွင့်ရှိရင် စီးတီး၊ ယူနိုက်တက်၊ အာဆင်နယ်၊ ချဲလ်ဆီး ဒါမှမဟုတ် စပါး စတဲ့အသင်းကြီးတွေကို ရွေးချယ်ဖြစ်မှာပါ”လို့ ဇာဗီက ပြောပါတယ်။
ဇာဗီက သူ နည်းပြအဖြစ် တာဝန်ယူလိုတဲ့ပရီးမီးယားလိဂ်အသင်းကြီးတွေထဲမှာ လီဗာပူးကို မထည့်သွင်းခဲ့ပေမယ့် ဖီဖာတစ်နှစ်တာအကောင်းဆုံးနည်းပြဆုရရှိခဲ့တဲ့ လီဗာပူးနည်းပြ ကလော့ပ်ကိုတော့ အပြည့်အဝချီးကျူးသွားပါတယ်။ ဘာစီလိုနာရဲ့နာမည်ကျော်လာမာစီယာအကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ ဇာဗီက ဘာစီလိုနာအသင်းကို နည်းပြအဖြစ် တစ်ကျော့ပြန်လာလိုကြောင်း ဆိုပါတယ်။
ဒါပေမဲ့ ဘာစီလိုနာအသင်းကို နည်းပြအဖြစ် ပြန်မလာခင် နည်းပြတစ်ဦးအနေနဲ့ လေ့လာသင်ယူစရာအများအပြားရှိနေသေးကြောင်း ဝန်ခံပါတယ်။ ”ကျွန်တော့်ရည်မှန်းချက်နဲ့ပတ်သက်လို့ တစ်ခါမှမလျှို့ဝှက်ခဲ့ဖူးပါဘူး။ တစ်ချိန်ချိန်မှာ ဘာစီလိုနာကို နည်းပြအဖြစ် ပြန်လာနိုင်ရေးက ကျွန်တော့်အိပ်မက်ပါ။ ဒါပေမဲ့ အဲဒီအိပ်မက်မတိုင်ခင် သင်ယူစရာတွေအများကြီးရှိသေးပြီး ဒါကိုလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းမှာပါ”လို့ ဇာဗီက ပြောပါတယ်။