ဇာပတာ အောင့်သက်သက်ဖြစ်အောင် ပြောနိုင်စွမ်းရှိတဲ့ ဇလာတန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အေစီမီလန်အသင်းဟာမနေ့ညကအိမ်ကွင်းမှာ အတ္တလန္တာ အသင်းနဲ့ စီးရီးအေ ပွဲစဉ် 19 ကစားခဲ့ရပြီး 0 – 3 ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့် သွားခဲ့ရပါတယ်။ ဒါက အမှတ်ပေးဇယားကိုဦးဆောင်နေခဲ့တဲ့ အေစီမီလန်အသင်းအတွက် ဒီရာသီရဲ့ဒုတိယမြောက်ရှုံးပွဲ ဖြစ်သွားခဲ့ရပါတယ်။

ဘောလုံးပွဲစဉ်တွေမှာ စကားစစ်ထိုးပွဲတွေဖြစ်လေ့ရှိတတ်တာကြောင့် အဲပွဲစဉ်မှာလည်းဖြစ်ခဲ့ပါတယ်။ ၂၉နှစ်အရွယ် အတ္တလန်တာတိုက်စစ်မှူးဇာပတာက “မင်းပင်နယ်တီလိုချင်နေတာလားကွ” လို့ခနဲ့တဲ့တဲ့ ပြောတာကို ၃၉နှစ်အရွယ် ဘောလုံးနတ်ဘုရားကြီးက “မင်းကစားသမားဘဝတလျှောက်လုံးကစားခဲ့တဲ့ပွဲအရေအတွက်အားလုံးထက် ငါသွင်းယူခဲ့တဲ့ဂိုးအရေအတွက်ကပိုများတယ်ကွသိလား” ဆိုပြီး တောက်ချခဲ့ပါတယ်။

ဇလာတန်ဟာ ကစားသမားသက်တမ်းတလျှောက် ကလပ်အသင်းအသီးသီးမှာ ဂိုးပေါင်း ၄၈၀ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပရိုပွဲပေါင်း ၃၃၄ ပွဲကစားထားခဲ့တဲ့ ဇာပတာထက် ဇလာတန်ရဲ့ ပရိုကစားသမားသက်တမ်းတလျှောက်ကလပ်အသင်းတွေမှာ သွင်းယူခဲ့တဲ့ဂိုးပေါင်းက ၁၄၆ ဂိုးတောင် ပိုမိုများပြားနေတာဖြစ်ပါတယ်။

ဂျူနီယာကစားသမားက ကိုယ့်ဘာသာပါးစပ်ပိတ် အေးဆေးကစားနေရင် ပြီးတာကို ဟိုက ရှူံးလို့ စိတ်ညစ်နေပါတယ်ဆိုတာကို အပြောမတတ် သွားစတာ ခုတော့ ခံရခက်ခက် အောင့်သက်သက်ဖြစ်ရပါပြီ။

”အခုပွဲမှာ အမှားတွေများခဲ့ပါတယ်။ အဲဒီအတွက် ပြန်လည်ဆင်ခြင်ကြရမှာပါ။ ကျွန်တော်တို့ဟာ အမြဲလိုပဲ အနိုင်ရလဒ် ရယူလိုတဲ့ စိတ်ဓါတ်နဲ့အတူ ကစားကြ ပါတယ် ။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော် တို့ကွင်းထဲမှာအခြေအနေကောင်းတွေ မရှိခဲ့ကြပါဘူး ”

” အခုအချိန်မှာ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ရဲ့ စွမ်းအင်တွေကို ပြန်လည် ပြည့်ဝအောင် လုပ်ဆောင်ဖို့နဲ့ နောက်ပွဲ စဉ်အတွက် အာရုံ ပြန်လည်စူးစိုက်ဖို့ပါပဲ။ နောက်ပွဲက နှစ်ရက်လောက် နေရင် ကစားရမှာပါ။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေကို အမြန် ပြန်လည်ပိုင်ဆိုင်ဖို့ လုပ်ရပါမယ်”ဆိုပြီး ဇလာတန်က အင်တာဗျူးမှာ ပြောထားပါသေးတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဇာပတာ ေအာင့္သက္သက္ျဖစ္ေအာင္ ေျပာႏိုင္စြမ္းရွိတဲ့ ဇလာတန္

ေအစီမီလန္အသင္းဟာမေန႔ညကအိမ္ကြင္းမွာ အတၱလႏၲာ အသင္းနဲ႔ စီးရီးေအ ပြဲစဥ္ 19 ကစားခဲ့ရၿပီး 0 – 3 ဆိုတဲ့ရလဒ္နဲ႔ ဂိုးျပတ္ရႈံးနိမ့္ သြားခဲ့ရပါတယ္။ ဒါက အမွတ္ေပးဇယားကိုဦးေဆာင္ေနခဲ့တဲ့ ေအစီမီလန္ အသင္းအတြက္ ဒီရာသီရဲ႕ဒုတိယေျမာက္ရႈံးပြဲ ျဖစ္သြားခဲ့ရပါတယ္။

ေဘာလုံးပြဲစဥ္ေတြမွာ စကားစစ္ထိုးပြဲေတြျဖစ္ေလ့ရွိတတ္တာေၾကာင့္ အဲပြဲစဥ္မွာလည္းျဖစ္ခဲ့ပါတယ္။ ၂၉ႏွစ္အ႐ြယ္ အတၱလန္တာတိုက္စစ္မႉးဇာပတာက “မင္းပင္နယ္တီလိုခ်င္ေနတာလားကြ” လို႔ခနဲ႔တဲ့တဲ့ ေျပာတာကို ၃၉ႏွစ္အ႐ြယ္ ေဘာလုံးနတ္ဘုရားႀကီးက “မင္းကစားသမားဘဝတေလွ်ာက္လုံးကစားခဲ့တဲ့ပြဲအေရအတြက္အားလုံးထက္ ငါသြင္းယူခဲ့တဲ့ဂိုးအေရအတြက္ကပိုမ်ားတယ္ကြသိလား” ဆိုၿပီး ေတာက္ခ်ခဲ့ပါတယ္။

ဇလာတန္ဟာ ကစားသမားသက္တမ္းတေလွ်ာက္ ကလပ္အသင္းအသီးသီးမွာ ဂိုးေပါင္း ၄၈၀ဂိုးသြင္းယူေပးထားႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ ပ႐ိုပြဲေပါင္း ၃၃၄ပြဲကစားထားခဲ့တဲ့ ဇာပတာထက္ ဇလာတန္ရဲ႕ ပ႐ိုကစားသမားသက္တမ္းတေလွ်ာက္ကလပ္အသင္းေတြမွာ သြင္းယူခဲ့တဲ့ဂိုးေပါင္းက၁၄၆ဂိုးေတာင္ပိုမိုမ်ားျပားေနတာျဖစ္ပါတယ္။ ဂ်ဴနီယာကစားသမားက ကိုယ့္ဘာသာပါးစပ္ပိတ္ ေအးေဆးကစားေနရင္ ၿပီးတာကို ဟိုက ရႉံးလို႔ စိတ္ညစ္ေနပါတယ္ဆိုတာကို အေျပာမတတ္ သြားစတာ ခုေတာ့ ခံရခက္ခက္ ေအာင့္သက္သက္ျဖစ္ရပါၿပီ။

”အခုပြဲမွာ အမွားေတြမ်ားခဲ့ပါတယ္။ အဲဒီအတြက္ ျပန္လည္ဆင္ျခင္ၾကရမွာပါ။ ကြၽန္ေတာ္တို႔ဟာ အၿမဲလိုပဲ အႏိုင္ရလဒ္ ရယူလိုတဲ့ စိတ္ဓါတ္နဲ႔အတူ ကစားၾကပါတယ္။ ဒါေပမယ့္ ဒီေန႔မွာေတာ့ ကြၽန္ေတာ္ တို႔ကြင္းထဲမွာအ​ေျခအ​ေန​ေကာင္း​ေတြ မရွိခဲ့ၾကပါဘူး ” ” အခုအခ်ိန္မွာ အေရးအႀကီးဆုံးကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ စြမ္းအင္ေတြကို ျပန္လည္ ျပည့္ဝေအာင္ လုပ္ေဆာင္ဖို႔နဲ႔ ေနာက္ပြဲ စဥ္အတြက္ အာ႐ုံ ျပန္လည္စူးစိုက္ဖို႔ပါပဲ။ ေနာက္ပြဲက ႏွစ္ရက္ေလာက္ ေနရင္ ကစားရမွာပါ။ ကြၽန္ေတာ္တို႔ အခြင့္အေရး​ေကာင္း​ေတြကို အျမန္ ျပန္လည္ပိုင္ဆိုင္ဖို႔ လုပ္ရပါမယ္”ဆိုၿပီး ဇလာတန္က အင္တာဗ်ဴး​မွာ ​​ေျပာထားပါ​ေသးတယ္။