ဇယားအောက်ဆုံးက ရှက်ဖီးကို ၃ မှတ်လက်ဆောင်ပေးခဲ့တဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုပွဲမတိုင်ခင် ၅ မှတ်သာရထားပြီး ဇယားအောက်ဆုံးမှာ ရပ်တည်နေတဲ့ ရှက်ဖီးယူနိုက်တက်လိုအသင်းမျိုးကို မန်ချက်စတာယူနိုက်တက်အသင်း အိမ်ကွင်းမှာရှုံးခဲ့တာကတော့ အရမ်းကိုဆိုးရွားလွန်းတယ်။ ရှေ့ပွဲတွေမှာ အသည်းအသန် ကစားပြီး နိုင်ပွဲတွေရခဲ့တာက ဒီတစ်ပွဲတည်းနဲ့ အလဟဿဖြစ်သွားတယ်လို့ ပြောရတော့မယ်။ ယူနိုက်တက်ရဲ့ ကစားပုံက ပုံမှန်အတိုင်းရှိပေမယ့် ခံစစ်ကတော့ တော်တော်လေး စိတ်ပျက်စရာကောင်းပါတယ်။

ရှက်ဖီးကတော့ တန်းဆင်းရဖို့က ရာနှုန်းများနေတာကြောင့် သိပ်ပြီးဖိအားမရှိတော့ပုံဖြစ်နေပြီး သရေဆိုလည်း အမြတ်ထွက်နေတာကနေ နိုင်ပွဲပါရသွားခဲ့တယ်။ ရှက်ဖီးအသင်းနည်းပြ ခရစ္စဝိုင်ဒါဟာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားပုံကို ကောင်းကောင်းခန့်မှန်းနိုင်ခဲ့ပြီး ခံစစ်ကလည်း အမ်ပါဒူ၊ ပရီးမီးယားလိဂ် ဝါရင့်နောက်ခံလူ ဂျာဂယ်လ်ကာနဲ့ ဘာရှမ်တို့ကလည်း အကောင်းဆုံးကစားနိုင်ခဲ့ကြတယ်။

ယူနိုက်တက်အသင်းဟာ ပွဲအစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ပေမယ့် အခွင့်အရေးတွေတော့ သိပ်မရခဲ့ဘူး။ အဓိက ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဆီက ဘောလုံးမထွက်လို့ ယူနိုက်တက်တိုက်စစ်က ထုံးစံအတိုင်း ရုန်းကန်ရတော့တာပါပဲ။ ရှက်ဖီးတို့ ခံစစ်မှာ ထိုင်ကစားနေရင်းက အဖွင့်ဂိုး အရင်ရခဲ့တယ်။ ထောင့်ကန်ဘောကနေ ဘရိုင်ယန်က ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပြီး ဒီဂီယာအနေနဲ့ ဒီထက်ပို အားစိုက်ကာကွယ်နိုင်သင့်တယ်လို့လည်း မြင်မိတယ်။

ဒီပွဲမှာ အပြစ်တင်ရမှာက ဆိုးလ်ရှားရဲ့ လူစားလဲမှုတွေပါပဲ။ ကွင်းလယ်မှာ ဖျက်အားကောင်းတဲ့ ဖရက်ဒ်လို Ball Winner ကစားသမားမျိုးကို ဒုတိယပိုင်းစကတည်းက ထည့်သုံးသင့်ပြီး မက်ဂွိုင်းယားနဲ့ တွဲမကစားနိုင်တဲ့ တွမ်ဇီဘီကို ထုတ်၊ ဖရက်ဒ်ကို လူစားထိုး၊ မာတစ်ကို Centre Defender အဖြစ်ကစားစေသင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီး တစ်ပွဲလုံး ဘာမှ မလုပ်နိုင်တဲ့ မာစီယဲလ်ကို မထုတ်ဘဲ အကောင်းကြီးမဟုတ်တောင် ပြိုင်ဘက်ခံစစ်ကို အလုပ်ရှုပ်စေတဲ့ ဂရင်းဝုဒ်ကိုထုတ်တာကလည်း မဖြစ်သင့်ဘူး။

၆၄ မိနစ်မှာတော့ ယူနိုက်တက်တို့ ချေပဂိုးရခဲ့ပြီး တဲလက်စ်ရဲ့ထောင့်ကန်ဘောကနေ မက်ဂွိုင်းယားက ခေါင်းတိုက်သွင်းယူခဲ့တာပါ။ နိုင်ပွဲရဖို့အတွက် ယူနိုက်တက်တို့ ကစားအားတင်ခဲ့ပေမယ့် ရှက်ဖီးခံစစ်ဟာ ချီးကျူးစရာကောင်းလောက်အောင် အမှားမရှိခဲ့ဘူး။ ယူနိုက်တက်တို့ ဖိကစားနေရင်းကနေ ၇၄ မိနစ်မှာ ဂိုးပေးလိုက်ရပြီး ရှက်ဖီးကစားသမား ဘာ့ခ်ရဲ့ကန်ချက် တွမ်ဇီဘီနဲ့ထိ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် ခံစစ်နဲ့ ကွင်းလယ်လူတွေပေါ့လျော့တာရယ်၊ ကိုယ့်ဂိုးဧရိယာနားရောက်နေတဲ့ ရှက်ဖီးကစားသမားတွေကို Tight Marking မလုပ်ထားတာရယ်ကြောင့် အခုလိုအလွယ်တကူ ဂိုးပေးလိုက်ရတာပဲဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ ချေပဂိုးရဖို့ ယူနိုက်တက် ဖိကစားခဲ့ပေမယ့် ရှက်ဖီးကတော့ ခံစစ်ကို လုံအောင်ထားပြီး သူတို့အတွက် ဂုဏ်ယူစရာကောင်းတဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့တယ်။

ရှက်ဖီးအသင်းဟာ ၁၉၇၃၊ ဒီဇင်ဘာလနောက်ပိုင်းမှ ယူနိုက်တက်အသင်းကို အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ပြန်ရခဲ့တာဖြစ်ပြီး အခုပွဲမှာ ဂိုးသွင်းယူခဲ့ကြတဲ့ ဘရိုင်ယန်နဲ့ အိုလီဗီယာဘာ့ခ်တို့ဟာ သူတို့ရဲ့ ပထမဆုံးပရီးယားလိဂ်ဂိုးတွေ ရရှိခဲ့တာဖြစ်ပါတယ်။ အခုရှုံးပွဲကြောင့် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ မျှော်လင့်ချက်ကတော့ အားနည်းသွားခဲ့ပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဇယားေအာက္ဆုံးက ရွက္ဖီးကို ၃ မွတ္လက္ေဆာင္ေပးခဲ့တဲ့ ယူႏိုက္တက္

အခုပြဲမတိုင္ခင္ ၅ မွတ္သာရထားၿပီး ဇယားေအာက္ဆုံးမွာ ရပ္တည္ေနတဲ့ ရွက္ဖီးယူႏိုက္တက္လိုအသင္းမ်ိဳးကို မန္ခ်က္စတာယူႏိုက္တက္အသင္း အိမ္ကြင္းမွာရႈံးခဲ့တာကေတာ့ အရမ္းကိုဆိုး႐ြားလြန္းတယ္။ ေရွ႕ပြဲေတြမွာ အသည္းအသန္ ကစားၿပီး ႏိုင္ပြဲေတြရခဲ့တာက ဒီတစ္ပြဲတည္းနဲ႔ အလဟႆျဖစ္သြားတယ္လို႔ ေျပာရေတာ့မယ္။ ယူႏိုက္တက္ရဲ႕ ကစားပုံက ပုံမွန္အတိုင္းရွိေပမယ့္ ခံစစ္ကေတာ့ ေတာ္ေတာ္ေလး စိတ္ပ်က္စရာေကာင္းပါတယ္။

ရွက္ဖီးကေတာ့ တန္းဆင္းရဖို႔က ရာႏႈန္းမ်ားေနတာေၾကာင့္ သိပ္ၿပီးဖိအားမရွိေတာ့ပုံျဖစ္ေနၿပီး သေရဆိုလည္း အျမတ္ထြက္ေနတာကေန ႏိုင္ပြဲပါရသြားခဲ့တယ္။ ရွက္ဖီးအသင္းနည္းျပ ခရစၥဝိုင္ဒါဟာ ယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္ကစားပုံကို ေကာင္းေကာင္းခန္႔မွန္းႏိုင္ခဲ့ၿပီး ခံစစ္ကလည္း အမ္ပါဒူ၊ ပရီးမီးယားလိဂ္ ဝါရင့္ေနာက္ခံလူ ဂ်ာဂယ္လ္ကာနဲ႔ ဘာရွမ္တို႔ကလည္း အေကာင္းဆုံးကစားႏိုင္ခဲ့ၾကတယ္။ ယူႏိုက္တက္အသင္းဟာ ပြဲအစကတည္းက ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ ကစားႏိုင္ေပမယ့္ အခြင့္အေရးေတြေတာ့ သိပ္မရခဲ့ဘူး။ အဓိက ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ဆီက ေဘာလုံးမထြက္လို႔ ယူႏိုက္တက္တိုက္စစ္က ထုံးစံအတိုင္း ႐ုန္းကန္ရေတာ့တာပါပဲ။ ရွက္ဖီးတို႔ ခံစစ္မွာ ထိုင္ကစားေနရင္းက အဖြင့္ဂိုး အရင္ရခဲ့တယ္။ ေထာင့္ကန္ေဘာကေန ဘ႐ိုင္ယန္က ေခါင္းတိုက္သြင္းခဲ့တာျဖစ္ၿပီး ဒီဂီယာအေနနဲ႔ ဒီထက္ပို အားစိုက္ကာကြယ္ႏိုင္သင့္တယ္လို႔လည္း ျမင္မိတယ္။ ဒီပြဲမွာ အျပစ္တင္ရမွာက ဆိုးလ္ရွားရဲ႕ လူစားလဲမႈေတြပါပဲ။ ကြင္းလယ္မွာ ဖ်က္အားေကာင္းတဲ့ ဖရက္ဒ္လို Ball Winner ကစားသမားမ်ိဳးကို ဒုတိယပိုင္းစကတည္းက ထည့္သုံးသင့္ၿပီး မက္ဂြိဳင္းယားနဲ႔ တြဲမကစားႏိုင္တဲ့ တြမ္ဇီဘီကို ထုတ္၊ ဖရက္ဒ္ကို လူစားထိုး၊ မာတစ္ကို Centre Defender အျဖစ္ကစားေစသင့္တယ္လို႔ ထင္ပါတယ္။ ေနာက္ၿပီး တစ္ပြဲလုံး ဘာမွ မလုပ္ႏိုင္တဲ့ မာစီယဲလ္ကို မထုတ္ဘဲ အေကာင္းႀကီးမဟုတ္ေတာင္ ၿပိဳင္ဘက္ခံစစ္ကို အလုပ္ရႈပ္ေစတဲ့ ဂရင္းဝုဒ္ကိုထုတ္တာကလည္း မျဖစ္သင့္ဘူး။

၆၄ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ေခ်ပဂိုးရခဲ့ၿပီး တဲလက္စ္ရဲ႕ေထာင့္ကန္ေဘာကေန မက္ဂြိဳင္းယားက ေခါင္းတိုက္သြင္းယူခဲ့တာပါ။ ႏိုင္ပြဲရဖို႔အတြက္ ယူႏိုက္တက္တို႔ ကစားအားတင္ခဲ့ေပမယ့္ ရွက္ဖီးခံစစ္ဟာ ခ်ီးက်ဴးစရာေကာင္းေလာက္ေအာင္ အမွားမရွိခဲ့ဘူး။ ယူႏိုက္တက္တို႔ ဖိကစားေနရင္းကေန ၇၄ မိနစ္မွာ ဂိုးေပးလိုက္ရၿပီး ရွက္ဖီးကစားသမား ဘာ့ခ္ရဲ႕ကန္ခ်က္ တြမ္ဇီဘီနဲ႔ထိ လမ္းေၾကာင္းေျပာင္း ဂိုးဝင္သြားခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္ ခံစစ္နဲ႔ ကြင္းလယ္လူေတြေပါ့ေလ်ာ့တာရယ္၊ ကိုယ့္ဂိုးဧရိယာနားေရာက္ေနတဲ့ ရွက္ဖီးကစားသမားေတြကို Tight Marking မလုပ္ထားတာရယ္ေၾကာင့္ အခုလိုအလြယ္တကူ ဂိုးေပးလိုက္ရတာပဲျဖစ္ပါတယ္။ လက္က်န္မိနစ္ေတြမွာ ေခ်ပဂိုးရဖို႔ ယူႏိုက္တက္ ဖိကစားခဲ့ေပမယ့္ ရွက္ဖီးကေတာ့ ခံစစ္ကို လုံေအာင္ထားၿပီး သူတို႔အတြက္ ဂုဏ္ယူစရာေကာင္းတဲ့ ႏိုင္ပြဲကို ရယူႏိုင္ခဲ့တယ္။

ရွက္ဖီးအသင္းဟာ ၁၉၇၃၊ ဒီဇင္ဘာလေနာက္ပိုင္းမွ ယူႏိုက္တက္အသင္းကို အိုးလ္ထရက္ဖို႔ဒ္မွာ အႏိုင္ျပန္ရခဲ့တာျဖစ္ၿပီး အခုပြဲမွာ ဂိုးသြင္းယူခဲ့ၾကတဲ့ ဘ႐ိုင္ယန္နဲ႔ အိုလီဗီယာဘာ့ခ္တို႔ဟာ သူတို႔ရဲ႕ ပထမဆုံးပရီးယားလိဂ္ဂိုးေတြ ရရွိခဲ့တာျဖစ္ပါတယ္။ အခုရႈံးပြဲေၾကာင့္ ယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံ ေမွ်ာ္လင့္ခ်က္ကေတာ့ အားနည္းသြားခဲ့ပါၿပီ။