ဆိုးလ်ရှား အလုပ်ထွက်သင့်ပြီလို့ ဖာဒီနန်ပြောဆို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်အသင်းကနေ ထွက်ခွာသွားချိန်တန်ပြီလို့ ယူနိုက်တက်ကစားသမားဟောင်းရီယိုဖာဒီနန်က ပြောဆိုလိုက်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ ရလဒ်တွေဆိုးရွားခဲ့ပြီး လီဗာပူးကို ၅-ဝ၊ မန်စီးတီးကို ၂-၀ တို့နဲ့ အရေးနိမ့်ခဲ့မှုအပါအဝင် ယူနိုက်တက်ဟာ ၄ ပွဲအထိ ရှုံးနိမ့်ခဲ့ကာ ဆိုးလ်ရှားလည်း ဖိအားတွေ အကြီးအကျယ်ခံစားနေရတာဖြစ်ပါတယ်။

အသင်းကို တာဝန်ယူချိန်ကစလို့ လက်ရှိအချိန်ထိ ဆုဖလားတစ်လုံးမှ ရယူပေးနိုင်ခြင်းမရှိသေးဘဲ ဒီရာသီမှာ အမှတ်ပေးပွဲ ၁၁ ပွဲကစားအပြီး ချယ်လ်ဆီးနဲ့ ၉ မှတ်အထိ ပြတ်တောက်နေပြီလည်းဖြစ်ပါတယ်။

ဖာဒီနန်ဟာ သူ့ရဲ့အသင်းဖော်ဟောင်းဖြစ်သူ ယူနိုက်တက်ကို တာဝန်ယူချိန်ကစပြီး အကြီးအကျယ်ထောက်ခံမှုတွေပြုလုပ်ပေးခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဆိုးလ်ရှားရဲ့ အရည်အသွေးအပေါ် သံသယဝင်လာခဲ့ပြီဖြစ်ပါတယ်။

“ဒီနှစ်ဘောလုံးရာသီအစမှာ မျှော်လင့်ချက်တွေ အပြည့်နဲ့ပါ။

အားလုံးက ယူနိုက်တက်အသင်းအတွက် အချိန်ကောင်းပဲလို့ တွေးခဲ့ကြပါတယ်။

ကစားသမားအပြောင်းအရွှေ့တွေအပြီးမှာ စိတ်လှုပ်ရှားခဲ့ရတာပါ။

ဆိုးလ်ရှားနဲ့အတူ ဒီနေရာကို အရောက်သွားမယ်လို့ အားလုံးက မျှော်လင့်ခဲ့ကြတယ်။

ဆိုးလ်ရှားက အသင်းသားတွေကို စုစည်းပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ်လို့ ယူဆခဲ့ကြပါတယ်။

အခုအချိန်မှာတော့ ယူနိုက်တက်က ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မယ်လို့ ကျွန်တော် မထင်တော့ပါဘူး။

အပတ်စဉ် ယူနိုက်တက်ကို ထိုင်ကြည့်ရင်း နည်းစနစ်ပိုင်းမှာ ဘာတွေလုပ်နေတာလဲလို့ တွေးမိပါတယ်”

“ယူနိုက်တက်ရဲ့ကစားဟန်မှာ တိကျတဲ့ အတွေးအခေါ်နဲ့ ပုံစံမရှိဘူး။ ဒါက နည်းပြအဖွဲ့ရဲ့တာဝန်ဖြစ်ပါတယ်။

ဆိုးလ်ရှားက ယူနိုက်တက်ကို ချန်ပီယံဖြစ်စေနိုင်မလား မေးခွန်းထုတ်ရပါလိမ့်မယ်။

ကျွန်တော်ကတော့ သိပ်မထင်ဘူး။ သူဒီလိုလုပ်နိုင်မယ်ဆိုတာ မသေချာဘူး”

“လက်ရှိ ယူနိုက်တက်အသင်းရဲ့ စုစည်းထားတဲ့ ကစားသမားအင်အား၊ ရာသီအစက အခြေအနေနဲ့

လက်ရှိရာသီက ခြေစွမ်းတွေကိုကြည့်ပြီး ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်ကို ချန်ပီယံဖြစ်အောင် လုပ်နိုင်မယ့်သူတစ်ဦးကို တာဝန်လွှဲပေးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။

ဆိုးလ်ရှားအနေနဲ့လည်း ဂုဏ်ငယ်စရာမရှိပါဘူး။

သူအသင်းကို စတင်ကိုင်တွယ်စဉ်ကနဲ့ ယှဉ်ကြည့်ရင် ယူနိုက်တက်က အများကြီး အကောင်းဘက်ကို ပြောင်းလဲလာပါတယ်” လို့ ဖာဒီနန်က ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi





