ဆိုးလ်ရှားလို မဟုတ် အမှန်မြင်တဲ့ ဒီဂီယာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် အသင်းကတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၆)မှာ အက်စတွန် ဗီလာ အသင်းကို (ဝ-၁)ဖြင့် ရှုံး နိမ့်ခဲ့ပါတယ်။

အဲဒါဟာ ယူနိုက်တက် တို့အတွက် ယခုရာသီ ပရီးမီးယားလိဂ် ပထမဆုံး ရှုံးပွဲလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ အနေအထား အရတော့ နောက်ဆုံး(၄)ပွဲမှာ (၃)ပွဲ အထိ ရှုံးနိမ့်မှု ဖြစ်ခဲ့ တာပါ။

အဲဒီ(၃)ပွဲကတော့ ချန်ပီယံလိဂ်မှာ ယန်းဘွိုင်းစ်၊ လိဂ်ဖလားပြိုင်ပွဲမှာ ဝက်စ်ဟမ်းနဲ့ ခု နောက်ဆုံး အက်စတွန်ဗီလာ အသင်းတို့ပဲ ဖြစ်ပါတယ်။

အဲဒီရှုံးပွဲကြောင့် ယူနိုက်တက်တို့အနေနဲ့ အမှတ် ပေးဇယားကို ဦးဆောင်နိုင်မယ့် အခွင့်အရေးကနေ လွဲချော်ခဲ့သလို၊နည်းပြဖြစ်သူ ဆိုးလ်ရှားရဲ့ နည်းဗျူဟာ အားနည်းချက် ကိုလည်း ထောက်ပြမှုတွေ မြင့်တက် လာခဲ့ပါတယ်။

ဒါပေမယ့်လည်း နည်းပြ ဆိုးလ်ရှားကတော့ အက်စတွန် ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အတွက် ဆင်ခြေပေးနေဆဲပါ။

ဒါပေမယ့် ဒီဂီယာကတော့ အမှန်မြင်တတ်ပါတယ်။

“တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့နေ့တစ်နေ့ပါ။

ဒါပေမယ့် ဒီနေ့ရှုံးပွဲအတွက် ဘာအကြောင်းပြချက်မှပေးစရာမရှိဘူးလို့ကျွန်တော်ထင်ပါတယ်။

ပရီးမီးယားလိဂ်လိုဖလားမျိုးကိုလိုချင်ရင် ဒီလိုပွဲတွေတော့နိုင်အောင်ကန်ရမှာပေါ့”

“ကျွန်တော်တို့ အနေနဲ့ အိမ်ကွင်း ပရိတ်သတ် ရှေ့မှာ ဒီလိုပွဲမျိုးကိုမှ နိုင်အောင် မကန် နိုင်ရင်၊ ဆုဖလား မျှော်လင့်ဖို့ မလိုပါဘူး။

ဆုဖလားတွေ လိုချင်ရင်တော့ ဒီလိုပွဲမျိုး ကိုတော့ သေချာပေါက် အနိုင်ရဖို့ လိုပါတယ် ” ဆိုပြီး ဒီဂီယာက မှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဆိုးလ္ရွားလို မဟုတ္ အမွန္ျမင္တဲ့ ဒီဂီယာ

ယူႏိုက္တက္ အသင္းကေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္(၆)မွာ အက္စတြန္ ဗီလာ အသင္းကို (ဝ-၁)ျဖင့္ ရႈံး နိမ့္ခဲ့ ပါ တယ္။အဲဒါဟာ ယူႏိုက္တက္ တို႔အတြက္ ယခုရာသီ ပရီးမီးယားလိဂ္ ပထမဆုံး ရႈံးပြဲလည္း ျဖစ္ပါတယ္။ ၿပိဳင္ပြဲစုံ အေနအထား အရေတာ့ ေနာက္ဆုံး(၄)ပြဲမွာ (၃)ပြဲ အထိ ရႈံးနိမ့္မႈ ျဖစ္ခဲ့ တာပါ။

အဲဒီ(၃)ပြဲကေတာ့ ခ်န္ပီယံလိဂ္မွာ ယန္းဘြိဳင္းစ္၊ လိဂ္ဖလားၿပိဳင္ပြဲမွာ ဝက္စ္ဟမ္းနဲ႔ ခု ေနာက္ဆုံး အက္စတြန္ဗီလာ အသင္းတို႔ပဲ ျဖစ္ပါတယ္။ အဲဒီရႈံးပြဲေၾကာင့္ ယူႏိုက္တက္တို႔အေနနဲ႔ အမွတ္ ေပးဇယားကို ဦးေဆာင္ႏိုင္မယ့္ အခြင့္အေရး ကေန လြဲေခ်ာ္ခဲ့သလို၊နည္းျပျဖစ္သူ ဆိုးလ္ရွားရဲ႕ နည္းဗ်ဴဟာ အားနည္းခ်က္ ကိုလည္း ေထာက္ျပမႈေတြ ျမင့္တက္ လာခဲ့ပါတယ္။

ဒါေပမယ့္လည္း နည္းျပ ဆိုးလ္ရွားကေတာ့ အက္စတြန္ ဗီလာကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္ အတြက္ ဆင္ေျခေပးေနဆဲပါ။ ဒါေပမယ့္ ဒီဂီယာကေတာ့ အမွန္ျမင္တတ္ပါတယ္။

“ေတာ္ေတာ္စိတ္ပ်က္ဖို႔ေကာင္းတဲ့ေန႔တစ္ေန႔ပါ။ ဒါေပမယ့္ ဒီေန႔ရႈံးပြဲအတြက္ ဘာအေၾကာင္းျပခ်က္မွေပးစရာမရွိဘူးလို႔ကြၽန္ေတာ္ထင္ပါတယ္။ ပရီးမီးယားလိဂ္လိုဖလားမ်ိဳးကိုလိုခ်င္ရင္ ဒီလိုပြဲေတြေတာ့ႏိုင္ေအာင္ကန္ရမွာေပါ့”

“ကြၽန္ေတာ္တို႔ အေနနဲ႔ အိမ္ကြင္း ပရိတ္သတ္ ေရွ႕မွာ ဒီလိုပြဲမ်ိဳးကိုမွ ႏိုင္ေအာင္ မကန္ ႏိုင္ရင္၊ ဆုဖလား ေမွ်ာ္လင့္ဖို႔ မလိုပါဘူး။ ဆုဖလားေတြ လိုခ်င္ရင္ေတာ့ ဒီလိုပြဲမ်ိဳး ကိုေတာ့ ေသခ်ာေပါက္ အႏိုင္ရဖို႔ လိုပါတယ္ ” ဆိုၿပီး ဒီဂီယာက မွတ္ခ်က္ ေပးခဲ့တာ ျဖစ္ပါတယ္။