ဆိုးလ်ရှားကို အကောင်းမြင်သူနှင့် ဘောင်ချာစုတ်ချင်သူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းကတော့ မနေ့ညက စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိသရေရလဒ်နဲ့ အဆုံးသတ်သွားခဲ့ရတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးနဲ့ ရမှတ်ကွာဟချက်က (၁၂)မှတ်အထိ ရှိခဲ့ပါပြီ။

အဲဒီပွဲအပြီး ရွိုင်ကိန်းက ခုလိုပြောထားပါတယ်။”အဲဒီပွဲကိုကြည့်ရတာစိတ်မချမ်းသာစရာပါပဲ။ ပွဲချိန်ကြာလေ ကြည့်ရတာစိတ်အနှောင့်အယှက်ဖြစ်လေပါပဲ။ ဧရိယာထဲရောက်ရင် ဘာလုပ်ရမလဲ မဆုံးဖြတ်တတ်ကြပါဘူး။ ယူနိုက်တက်ရဲ့ပုံစံအစစ် ပျောက်ဆုံးနေတာပါ။” “ပွဲကြီးဆိုသူတို့ဘာမှမလုပ်နိုင်ပါဘူး။မန်နေဂျာတွေကတော့ အင်တာဗျူးဖြေရင်ပထမဆုံးဖြေကြတာက clean-sheet ရလို့သူတို့ကျေနပ်ကြောင်းပါ။ ကျွန်တော်ကတော့ ဂိုးတွေသွင်းတာကိုပဲ မြင်ချင်တာပါ”

“သူတို့က အရှေ့ပွဲတွေမှ ာနိုင်ပွဲတွေရခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပွဲမျိုးမှာတော့ သူတို့မရှုံးဖို့လောက်ပဲကစားနေတာကို တွေ့ရပါတယ်။ ယူနိုက်တက်က မန်စီးတီးကိုလိုက်မှီဖို့ထက် အနောက်ကအသင်းတွေကိုကြည့်နေသလိုပါပဲ။ ဒုတိယနေရာမှာပဲနေဖို့ ဆုံးဖြတ်ထားသလိုပါပဲ။”လို့ပြောပါတယ်။ ဂယ်ရီနဗီးလ်ကတော့ “သူတို့က အမှတ်ရရှိမှုနှုန်းတစ်နှစ်ပြီးတစ်နှစ်တိုးတက်လာတယ်။ အဝေးကွင်း ပွဲ ၂၀ ဆက်နိုင်ပွဲရထားတာနဲ့တင် ချီးကျူးလို့ရနေပြီ။ အဲဒီလိုရလဒ်ဖြစ်ဖို့ လွယ်မှမလွယ်တာ။”

“အဲဒါကြောင့် လက်ရှိယူနိုက်တက်အသင်းက လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်က မော်ရင်ဟိုလက်အောက်က အဆင့် ၂ ကိုရောက်ခဲ့တဲ့ အသင်းထက် ပိုကောင်းတယ်လို့ ထင်ပါတယ်။ ယူနိုက်တက်သာ ဒီရာသီကို ဒုတိယနေရာနဲ့ သိမ်းနိုင်မယ်ဆိုရင် ပြီးခဲ့တဲ့ရာသီကထက်ပိုတိုးတက်လာတယ်လို့ ပြောလို့ရနေပြီ”လို့ ဆိုပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆိုးလ္ရွားကို အေကာင္းျမင္သူႏွင့္ ေဘာင္ခ်ာစုတ္ခ်င္သူ

ယူႏိုက္တက္အသင္းကေတာ့ မေန႔ညက စတမ္းဖိုဒ့္ဘရစ္ခ်္ကြင္းမွာ ခ်ယ္လ္ဆီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ဂိုးမရွိသေရရလဒ္နဲ႔ အဆုံးသတ္သြားခဲ့ရတာေၾကာင့္ အမွတ္ေပးဇယားရဲ႕ အဆင့္(၁)ေနရာမွာ ရပ္တည္ေနတဲ့ မန္စီးတီးနဲ႔ ရမွတ္ကြာဟခ်က္က (၁၂)မွတ္အထိ ရွိခဲ့ပါၿပီ။

အဲဒီပြဲအၿပီး ႐ြိဳင္ကိန္းကခုလို​ေျပာထားပါတယ္။”အဲဒီပြဲကိုၾကည့္ရတာစိတ္မခ်မ္းသာစရာပါပဲ။ပြဲခ်ိန္ၾကာေလၾကည့္ရတာစိတ္အေႏွာင့္အယွက္ျဖစ္ေလပါပဲ။ ဧရိယာထဲေရာက္ရင္ဘာလုပ္ရမလဲမဆုံးျဖတ္တတ္ၾကပါဘူး။ယူႏိုက္တက္ရဲ႕ပုံစံအစစ္ေပ်ာက္ဆုံးေနတာပါ။” “ပြဲႀကီးဆိုသူတို႔ဘာမွမလုပ္ႏိုင္ပါဘူး။မန္ေနဂ်ာေတြက​ေတာ့ အင္တာဗ်ဴးေျဖရင္ပထမဆုံးေျဖၾကတာကclean-sheet ရလို႔သူတို႔ေက်နပ္ေၾကာင္းပါ။ကြၽန္ေတာ္က​ေတာ့ဂိုးေတြသြင္းတာကိုပဲျမင္ခ်င္တာပါ” “သူတို႔ကအေရွ႕ပြဲ​ေတြမွာႏိုင္ပြဲေတြရခဲ့ပါတယ္။ဒါေပမယ့္ဒီလိုပြဲမ်ိဳးမွာေတာ့သူတို႔မရႈံးဖို႔ေလာက္ပဲကစားေနတာကိုေတြ႕ရပါတယ္။ယူႏိုက္တက္ကမန္စီးတီးကိုလိုက္မွီဖို႔ထက္အေနာက္ကအသင္းေတြကိုၾကည့္ေနသလိုပါပဲ။ ဒုတိယေနရာမွာပဲေနဖို႔ဆုံးျဖတ္ထားသလိုပါပဲ။”လို႔​ေျပာပါတယ္။

ဂယ္ရီနဗီးလ္က​ေတာ့ “သူတို႔က အမွတ္ရရွိမႈႏႈန္းတစ္ႏွစ္ၿပီးတစ္ႏွစ္တိုးတက္လာတယ္။ အေဝးကြင္း ပြဲ ၂၀ ဆက္ႏိုင္ပြဲရထားတာနဲ႔တင္ ခ်ီးက်ဴးလို႔ရေနၿပီ။ အဲဒီလိုရလဒ္ျဖစ္ဖို႔ လြယ္မွမလြယ္တာ။” “အဲဒါေၾကာင့္ လက္ရွိယူႏိုက္တက္အသင္းက လြန္ခဲ့တဲ့ ၂ ႏွစ္ ၃ ႏွစ္ေလာက္က ေမာ္ရင္ဟိုလက္ေအာက္က အဆင့္ ၂ ကိုေရာက္ခဲ့တဲ့ အသင္းထက္ ပိုေကာင္းတယ္လို႔ ထင္ပါတယ္။ ယူႏိုက္တက္သာ ဒီရာသီကို ဒုတိယေနရာနဲ႔ သိမ္းႏိုင္မယ္ဆိုရင္ ၿပီးခဲ့တဲ့ရာသီကထက္ပိုတိုးတက္လာတယ္လို႔ ေျပာလို႔ရေနၿပီ”လို႔ ဆိုပါတယ္။