ဆန်ချိုရပြီးတဲ့နောက် ဖာနန်ဒက်စ်ကို စာချုပ်သစ်ချုပ်ဖို့ ကြိုးစားနေတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အနေနဲ့ ဆန်ချိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာတော့ အဓိကကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဖာနန်ဒက်စ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် ဦးစားပေးလုပ်ဆောင်နေတယ်လို့သိရပါတယ်။

ယူနိုက်တက်ဟာ စာချုပ်သက်တမ်း ၄ နှစ်ကျန်နေသေးတဲ့ ဖာနန်ဒက်စ်ကို ကာလရှည်စာချုပ်ချုပ်ဆိုဖို့အတွက် မေလအစောပိုင်းကတည်းက လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။

ယူနိုက်တက်ဟာယမန်နေ့တုန်းကဒေါ့မွန်အသင်းမှအင်္ဂလန်လက်ရွေးစင်တောင်ပံသမားဆန်ချိုအားပြောင်းရွှေ့ကြေးယူရို ၈၅ သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့မှာ စပို့တင်းလစ္စဘွန်းအသင်းကနေ ပေါင် ၄၇ သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိလာခဲ့ပြီးနောက် ၁၈ လအတွင်းမှာကောင်းမွန်တဲ့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို ရောက်လာပြီးနောက်ပြိုင်ပွဲစုံမှာ ၂၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၈ ကြိမ်အထိပြုလုပ်ထားပါတယ်။

ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ နောက်ထပ် ကစားသမား ခေါ်ယူမှုအဖြစ် ရီးရဲလ်နောက်ခံလူ ဗာရန်းကိုခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။

ဖာနန်ဒက်စ်ဟာ ယူရိုပွဲ သွားရောက် ဆင်နွှဲခဲ့ပေမယ့် အခုအချိန်မှာတော့ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။

ယူရိုပွဲမှာတော့ ဖာနန်ဒက်စ်ဟာ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတချို့ ခံရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆန္ခ်ိဳ​​ရၿပီးတဲ့​ေနာက္ ဖာနန္ဒက္စ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ ႀကိဳးစား​ေနတဲ့ ယူႏိုက္တက္

ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳကို ေခၚယူႏိုင္ခဲ့ၿပီးေနာက္မွာေတာ့ အဓိကကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဖာနန္ဒက္စ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔အတြက္ ဦးစားေပးလုပ္ေဆာင္ေနတယ္လို႔သိရပါတယ္။ယူႏိုက္တက္ဟာ စာခ်ဳပ္သက္တမ္း ၄ ႏွစ္က်န္ေနေသးတဲ့ ဖာနန္ဒက္စ္ကို ကာလရွည္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔အတြက္ ေမလအေစာပိုင္းကတည္းက လုပ္ေဆာင္ေနတာျဖစ္တယ္လို႔လည္း သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ယူႏိုက္တက္ဟာယမန္ေန႔တုန္းကေဒါ့မြန္အသင္းမွအဂၤလန္လက္ေ႐ြးစင္ေတာင္ပံသမားဆန္ခ်ိဳအားေျပာင္းေ႐ႊ႕ေၾကးယူ႐ို ၈၅ သန္းျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိခဲ့ပါတယ္။

ဖာနန္ဒက္စ္ဟာ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ စပို႔တင္းလစၥဘြန္းအသင္းကေန ေပါင္ ၄၇ သန္းနဲ႔ ယူႏိုက္တက္ကို ေရာက္ရွိလာခဲ့ၿပီးေနာက္ ၁၈ လအတြင္း​​မွာေကာင္းမြန္တဲ့ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္ကို ေရာက္လာၿပီးေနာက္ၿပိဳင္ပြဲစုံမွာ ၂၆ ဂိုးသြင္းၿပီး ဂိုးဖန္တီးမႈ ၁၈ ႀကိမ္အထိျပဳလုပ္ထားပါတယ္။ ယူႏိုက္တက္အသင္းဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ​ေနာက္ထပ္ ကစားသမား ​ေခၚယူမႈအျဖစ္ ရီးရဲလ္ေနာက္ခံလူ ဗာရန္းကို​ေခၚဖို႔ စိတ္၀င္စား​ေနပါတယ္။

ဖာနန္ဒက္စ္ဟာ ယူ႐ိုပြဲ သြား​ေရာက္ ဆင္ႏႊဲခဲ့​ေပမယ့္ အခုအခ်ိန္မွာ​ေတာ့ ၿပိဳင္ပြဲကို လက္ျပႏႈတ္ဆက္ခဲ့ရၿပီ ျဖစ္ပါတယ္။ ယူ႐ိုပြဲမွာ​ေတာ့ ဖာနန္ဒက္စ္ဟာ ​ေျခစြမ္းပိုင္းနဲ႔ ပတ္သက္ၿပီး ​ေ၀ဖန္မႈတခ်ိဳ႕ ခံရပါတယ္။