ဆန်ချိုကို ယူနိုက်တက် တကယ်ပဲ မဖြစ်မနေခေါ်သင့်သလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုရက်ပိုင်း ​ဗြိတိန်မီဒီယာစာမျက်နှာတွေပေါ်မှာ ပြန်လည်ရေပန်းစားနေတဲ့ သတင်းက မန်ချက်စတာယူနိုက်တက်နဲ့ ဆန်ချိုတို့ရဲ့ အပြောင်းအရွှေ့ပုံပြင်ပါပဲ။ အသက်(၂၀)သာရှိသေးတဲ့ အင်္ဂလန်လူငယ်ကစားသမား ဆန်ချိုကို ​ပြီးခဲ့တဲ့နှစ်ကတည်းက ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အသင်းက တစိုက်မတ်မတ် ကြိုးပမ်းခဲ့ပေမယ့် ဒေ့ါမွန်အသင်းက သူတို့ကစားသမားအတွက် ပေါင်သန်း(၁၀၀)ကျော် အထိ လိုချင်နေတာကြောင့် အဆင်မပြေခဲ့ပါဘူး။

ဒါပေမဲ့ ယူနိုက်တက်အသင်းကတော့ ဆန်ချိုကို ​ခေါ်ယူနိုင်ဖို့ အခုအချိန်အထိ မျော်လင့်နေတုန်းပါပဲ။ အဲဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ဆန်ချိုကို တကယ်ပဲ မဖြစ်မနေ ခေါ်သင့်လားဆိုတာကို သုံးသပ်ကြည့်ချင်ပါတယ်။ ဒါပေမဲ့ ဒါက တစ်ဦးတည်းအမြင်သာဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ထင်မြင်ချက်နဲ့ ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။

စာရေးသူရဲ့ အမြင်အရဆိုရင်တော့ ဆန်ချိုသာ ရောက်လာရင် ယူနိုက်တက်တိုက်စစ်ပိုင်း အားကောင်းသွားမှာ မှန်ပေမယ့် ပေါင်သန်း(၁၀၀)ဝန်းကျင်အထိ သုံးရမယ်ဆိုရင်တော့ တခြားကစားသမားတစ်ဦးကိုပဲ ခေါ်သင့်တယ်လို့ထင်ပါတယ်။ ပထမဆုံးပြောချင်တာက ပရီးမီးယားလိဂ်ဆိုတာက တခြားလိဂ်ပြိုင်ပွဲတွေနဲ့ ကစားပုံ မတူပါဘူး။

Physical ပိုင်းကို ဦးစားပေးကစားတာကြောင့် တချို့ နာမည်ကြီးကစားသမားတွေတောင် ပရီးမီးယားလိဂ်မှာ ကျရှုံးခဲ့တာကို ပရိသတ်တွေ အသိပဲဖြစ်ပါလိမ့်မယ်။ ဆန်ချိုဟာ ဒေ့ါမွန်မှာ ဘယ်လောက်ပဲ ခြေစွမ်းပြနိုင်ပါစေ ဘွန်ဒစ်လီဂါထက် ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ ဖိအားဒဏ်တွေ ပိုခံရမယ်ဆိုတာ အသေအချာပါပဲ။

ဒီနေရာမှာ ဆန်ချိုရဲ့ ဒေ့ါမွန်ကစားသမားဘ၀ စွမ်းဆောင်ရည် Data တွေထက် ဖြစ်နိုင်ခြေရှိတဲ့အလားအလားတွေကိုပဲ ဦးစားပေးသုံးသပ်ချင်ပါတယ်။ တခြားလိဂ်ပြိုင်ပွဲက ကစားသမားကို ကြေးကြီးပေးခေါ်တာထက် ပရီးမီးယားလိဂ်မှာ အစမ်းသပ်ခံပြီးသား ကစားသမားကို ခေါ်တာက အသင်းအတွက် ပိုအကျိုးရှိနိုင်လိမ့်မယ်လို့လည်း ယူဆမိပါတယ်။

နောက်တစ်ချက်က ဆန်ချိုကို ခေါ်ဖြစ်ပြီပဲ ထားဦး၊ လက်ရှိတိုက်စစ် (၄)ယောက်ထဲက ဘယ်သူ့ကို ခေါက်မလဲဆိုတာက စဉ်းစားစရာပါပဲ။ ကာဗာနီကို စာချုပ်သက်တမ်းတိုးဖို့ မသေချာသေးဘူးလို့ သတင်းထွက်နေပေမယ့် လက်ရှိ သူ့ရဲ့စွမ်းဆောင်ရည်အရ ယူနိုက်တက်ဟာ ကာဗာနီကို ဆက်ထိန်းထားဖို့များပါတယ်။ ဆန်ချိုသာရောက်လာရင် ကာဗာနီ၊ ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်၊ ဂရင်းဝုဒ်တို့ထဲက တစ်ယောက်က သေချာပေါက်နေရာပျောက်ပါပြီ။

ဆန်ချိုက တိုက်စစ်ညာခြမ်းမှာ ကစားနိုင်တယ်ဆိုပေမယ့် များသောအားဖြင့် ဘယ်ခြမ်းမှာပဲ ကစားတာများလို့ အဲဒီနေရာမှာ ကစားနိုင်တဲ့သူတွေ ယူနိုက်တက်မှာ ရှိပြီးသားဖြစ်နေတယ်။ နောက်ပြီး လူငယ်တွေဖြစ်တဲ့ ဒီယာလို၊ ရှိုရီတီယာတို့လို အရည်အချင်းရှိတဲ့ ကစားသမားတွေကလည်း လာမယ့်နှစ်တွေအတွင်း အားကိုးလို့ရမယ့်အနေအထားကို ရောက်လာနိုင်လို့ ဆန်ချိုကို အသည်းအသန် ခေါ်ဖို့ သိပ်မလိုဘူးလို့မြင်မိတယ်။

တိုက်စစ်အားဖြည့်ဖို့အတွက် မဖြစ်မနေ ကစားသမားသစ်ခေါ်ချင်တယ်ဆိုရင်တောင် ​တောင်ပံတိုက်စစ်ထက် ဂန္ထဝင်​ကြီး နစ္စတယ်ရွိုင်းလို ပုံစံအမျိုးမျိုးနဲ့ ဂိုးသွင်းတတ်ပြီး ပယ်နယ်တီဧရိယာထဲမှာ အခွင့်အရေးတွေကို ကောင်းကောင်းအသုံးချနိုင်တဲ့ တိုက်စစ်မှူးစစ်စစ်တစ်ဦး ခေါ်သင့်တယ်လို့ထင်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်အစဉ်အလာကို ပြန်ကြည့်ရင်လည်း ကြေးကြီးပေးခေါ်ခဲ့တဲ့ ကစားသမား အများစုက မျှော်လင့်သလောက် မပေါက်ခဲ့ဘူးဆိုတာ တွေ့နိုင်ပါတယ်။ ဗာရွန်၊ ဒီမာရီယာ၊ လူကာကူ စတဲ့ကစားသမားတွေဟာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး။

အခုအခြေအနေအရလည်း ကိုဗစ်ကာလကြောင့် ကလပ်အသင်းရဲ့ ဘဏ္ဍာရေးက ကျရိပ်ပြနေတာကြောင့် ဆန်ချိုအတွက် ပေါင်သန်းရာဂဏန်းလောက်အထိ သုံးမယ်ဆိုရင် ငွေကြေးအရ ထိခိုက်မှုတွေ ရှိမှာ အသေအချာပါပဲ။ အဲဒါကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ဆန်ချိုကို လက်လျှော့လိုက်မယ်ဆိုရင် အပြစ်ပြောစရာ မရှိသလို၊ တကယ်လို့ စွန့်စားပြီး ဒေ့ါမွန်တောင်းတဲ့ဈေးအတိုင်း ပေးမယ်ဆိုလည်း ရာနှုန်းပြည့် သဘောမတူရင်တောင် ကန့်ကွက်စရာတော့ မရှိပါဘူး…

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဆန္ခ်ိဳကို ယူႏိုက္တက္ တကယ္ပဲ မျဖစ္မေနေခၚသင့္သလား

အခုရက္ပိုင္း ​ၿဗိတိန္မီဒီယာစာမ်က္ႏွာေတြေပၚမွာ ျပန္လည္ေရပန္းစားေနတဲ့ သတင္းက မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဆန္ခ်ိဳတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ပုံျပင္ပါပဲ။ အသက္(၂၀)သာရွိေသးတဲ့ အဂၤလန္လူငယ္ကစားသမား ဆန္ခ်ိဳကို ​ၿပီးခဲ့တဲ့ႏွစ္ကတည္းက ေခၚယူႏိုင္ဖို႔ ယူႏိုက္တက္အသင္းက တစိုက္မတ္မတ္ ႀကိဳးပမ္းခဲ့ေပမယ့္ ေဒ့ါမြန္အသင္းက သူတို႔ကစားသမားအတြက္ ေပါင္သန္း(၁၀၀)ေက်ာ္ အထိ လိုခ်င္ေနတာေၾကာင့္ အဆင္မေျပခဲ့ပါဘူး။ ဒါေပမဲ့ ယူႏိုက္တက္အသင္းကေတာ့ ဆန္ခ်ိဳကို ​ေခၚယူႏိုင္ဖို႔ အခုအခ်ိန္အထိ ေမ်ာ္လင့္ေနတုန္းပါပဲ။

အဲဒါေၾကာင့္ ယူႏိုက္တက္အသင္းအေနနဲ႔ ဆန္ခ်ိဳကို တကယ္ပဲ မျဖစ္မေန ေခၚသင့္လားဆိုတာကို သုံးသပ္ၾကည့္ခ်င္ပါတယ္။ ဒါေပမဲ့ ဒါက တစ္ဦးတည္းအျမင္သာျဖစ္တာေၾကာင့္ ပရိသတ္ေတြရဲ႕ ထင္ျမင္ခ်က္နဲ႔ ကိုက္ညီခ်င္မွ ကိုက္ညီပါလိမ့္မယ္။ စာေရးသူရဲ႕ အျမင္အရဆိုရင္ေတာ့ ဆန္ခ်ိဳသာ ေရာက္လာရင္ ယူႏိုက္တက္တိုက္စစ္ပိုင္း အားေကာင္းသြားမွာ မွန္ေပမယ့္ ေပါင္သန္း(၁၀၀)ဝန္းက်င္အထိ သုံးရမယ္ဆိုရင္ေတာ့ တျခားကစားသမားတစ္ဦးကိုပဲ ေခၚသင့္တယ္လို႔ထင္ပါတယ္။ ပထမဆုံးေျပာခ်င္တာက ပရီးမီးယားလိဂ္ဆိုတာက တျခားလိဂ္ၿပိဳင္ပြဲေတြနဲ႔ ကစားပုံ မတူပါဘူး။ Physical ပိုင္းကို ဦးစားေပးကစားတာေၾကာင့္ တခ်ိဳ႕ နာမည္ႀကီးကစားသမားေတြေတာင္ ပရီးမီးယားလိဂ္မွာ က်ရႈံးခဲ့တာကို ပရိသတ္ေတြ အသိပဲျဖစ္ပါလိမ့္မယ္။

ဆန္ခ်ိဳဟာ ေဒ့ါမြန္မွာ ဘယ္ေလာက္ပဲ ေျခစြမ္းျပႏိုင္ပါေစ ဘြန္ဒစ္လီဂါထက္ ပိုၿပီး ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ပရီးမီးယားလိဂ္မွာ ဖိအားဒဏ္ေတြ ပိုခံရမယ္ဆိုတာ အေသအခ်ာပါပဲ။ ဒီေနရာမွာ ဆန္ခ်ိဳရဲ႕ ေဒ့ါမြန္ကစားသမားဘ၀ စြမ္းေဆာင္ရည္ Data ေတြထက္ ျဖစ္ႏိုင္ေျခရွိတဲ့အလားအလားေတြကိုပဲ ဦးစားေပးသုံးသပ္ခ်င္ပါတယ္။ တျခားလိဂ္ၿပိဳင္ပြဲက ကစားသမားကို ေၾကးႀကီးေပးေခၚတာထက္ ပရီးမီးယားလိဂ္မွာ အစမ္းသပ္ခံၿပီးသား ကစားသမားကို ေခၚတာက အသင္းအတြက္ ပိုအက်ိဳးရွိႏိုင္လိမ့္မယ္လို႔လည္း ယူဆမိပါတယ္။

ေနာက္တစ္ခ်က္က ဆန္ခ်ိဳကို ေခၚျဖစ္ၿပီပဲ ထားဦး၊ လက္ရွိတိုက္စစ္ (၄)ေယာက္ထဲက ဘယ္သူ႔ကို ေခါက္မလဲဆိုတာက စဥ္းစားစရာပါပဲ။ ကာဗာနီကို စာခ်ဳပ္သက္တမ္းတိုးဖို႔ မေသခ်ာေသးဘူးလို႔ သတင္းထြက္ေနေပမယ့္ လက္ရွိ သူ႔ရဲ႕စြမ္းေဆာင္ရည္အရ ယူႏိုက္တက္ဟာ ကာဗာနီကို ဆက္ထိန္းထားဖို႔မ်ားပါတယ္။ ဆန္ခ်ိဳသာေရာက္လာရင္ ကာဗာနီ၊ ရပ္ရွ္ဖို႔ဒ္၊ မာစီယဲလ္၊ ဂရင္းဝုဒ္တို႔ထဲက တစ္ေယာက္က ေသခ်ာေပါက္ေနရာေပ်ာက္ပါၿပီ။ ဆန္ခ်ိဳက တိုက္စစ္ညာျခမ္းမွာ ကစားႏိုင္တယ္ဆိုေပမယ့္ မ်ားေသာအားျဖင့္ ဘယ္ျခမ္းမွာပဲ ကစားတာမ်ားလို႔ အဲဒီေနရာမွာ ကစားႏိုင္တဲ့သူေတြ ယူႏိုက္တက္မွာ ရွိၿပီးသားျဖစ္ေနတယ္။ ေနာက္ၿပီး လူငယ္ေတြျဖစ္တဲ့ ဒီယာလို၊ ရႈိရီတီယာတို႔လို အရည္အခ်င္းရွိတဲ့ ကစားသမားေတြကလည္း လာမယ့္ႏွစ္ေတြအတြင္း အားကိုးလို႔ရမယ့္အေနအထားကို ေရာက္လာႏိုင္လို႔ ဆန္ခ်ိဳကို အသည္းအသန္ ေခၚဖို႔ သိပ္မလိုဘူးလို႔ျမင္မိတယ္။ တိုက္စစ္အားျဖည့္ဖို႔အတြက္ မျဖစ္မေန ကစားသမားသစ္ေခၚခ်င္တယ္ဆိုရင္ေတာင္ ​ေတာင္ပံတိုက္စစ္ထက္ ဂႏၴဝင္​ႀကီး နစၥတယ္႐ြိဳင္းလို ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဂိုးသြင္းတတ္ၿပီး ပယ္နယ္တီဧရိယာထဲမွာ အခြင့္အေရးေတြကို ေကာင္းေကာင္းအသုံးခ်ႏိုင္တဲ့ တိုက္စစ္မႉးစစ္စစ္တစ္ဦး ေခၚသင့္တယ္လို႔ထင္ပါတယ္။

ယူႏိုက္တက္အသင္းရဲ႕ ပရီးမီးယားလိဂ္အစဥ္အလာကို ျပန္ၾကည့္ရင္လည္း ေၾကးႀကီးေပးေခၚခဲ့တဲ့ ကစားသမား အမ်ားစုက ေမွ်ာ္လင့္သေလာက္ မေပါက္ခဲ့ဘူးဆိုတာ ေတြ႕ႏိုင္ပါတယ္။ ဗာ႐ြန္၊ ဒီမာရီယာ၊ လူကာကူ စတဲ့ကစားသမားေတြဟာ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ခဲ့ပါဘူး။ အခုအေျခအေနအရလည္း ကိုဗစ္ကာလေၾကာင့္ ကလပ္အသင္းရဲ႕ ဘ႑ာေရးက က်ရိပ္ျပေနတာေၾကာင့္ ဆန္ခ်ိဳအတြက္ ေပါင္သန္းရာဂဏန္းေလာက္အထိ သုံးမယ္ဆိုရင္ ေငြေၾကးအရ ထိခိုက္မႈေတြ ရွိမွာ အေသအခ်ာပါပဲ။ အဲဒါေၾကာင့္ ယူႏိုက္တက္အသင္းအေနနဲ႔ ဆန္ခ်ိဳကို လက္ေလွ်ာ့လိုက္မယ္ဆိုရင္ အျပစ္ေျပာစရာ မရွိသလို၊ တကယ္လို႔ စြန႔္စားၿပီး ေဒ့ါမြန္ေတာင္းတဲ့ေဈးအတိုင္း ေပးမယ္ဆိုလည္း ရာႏႈန္းျပည့္ သေဘာမတူရင္ေတာင္ ကန႔္ကြက္စရာေတာ့ မရွိပါဘူး…