စူပါဆန်းဒေးပွဲစဉ်မှာ အီဒါဆန်ကိုပါဝင်ဖို့ ရာနှုန်းပြည့်သေချာနေတယ်လို့ ကလော့ပ်ဖွင့်ဟ

Photo Credit

Photo Credit

လီဗာပူးနည်းပြဂျာဂန်ကလော့ပ်က ချန်ပီယံလိဂ်ပွဲစဉ်မှာ စီးတီးဂိုးသမားအီဒါဆန် ဒဏ်ရာပြဿနာကြောင့် ကွင်းထဲကထွက်ခွာသွားခဲ့ပေမယ့် လာမယ့် တနင်္ဂနွေနေ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာဖို့ ၁၀၀ ရာခိုင်နှုန်းသေချာတယ်လို့ ပြောပါတယ်။

Photo Credit

ဘရာဇီးအီဒါဆန်ဟာ အတ္တလန္တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ပထမပိုင်းပြီးခါနီးမှာ ဒဏ်ရာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ စီးတီးနည်းပြပက်ဂွါဒီယိုလာရဲ့ အသင်းဟာ ကံဆိုးမှုတွေ ကြုံတွေ့ခဲ့ရပြီး လူစားလဲခဲ့တဲ့ ဂိုးသမားကလောက်ဒီယိုဘရာဗိုကလည်း ပွဲပြီးဖို့ ၉ မိနစ်အလိုမှာ အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit

ဒါကြောင့် နောက်ခံလူကိုင်လီဝေါ်ကာကိုဂိုးဖမ်းခိုင်းခဲ့ရပါတယ်။ လီဗာပူးနည်းပြဂျာဂန်ကလော့ပ်ကတော့ ဂွါဒီယိုလာက သူယုံကြည်စိတ်အချရဆုံးဦးစားပေးဂိုးသမားကိုသာ ရွေးချယ်မှာဖြစ်ပြီး အားနည်းတဲ့ ပြိုင်ဘက်အသင်းနဲ့ တွေ့ကြုံရမှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

Photo Credit

ကလော့ပ်က“ သူမကစားနိုင်ခဲ့ရင် တချို့အရာတွေ ပြောင်းလဲသွားပါလိမ့်မယ်။ ဘာလို့လဲဆိုရင် အီဒါဆန်က ပြိုင်ပွဲမှာအရေးပါတဲ့ အခန်းကဏ္ဍကကစားသမားပါ။ ဘရာဗိုလည်းတူညီတဲ့စွမ်းဆောင်မှုတွေ လုပ်ပြနိုင်ပါတယ်။ ဒါပေမယ့် လုံးဝတစ်ထပ်တည်းတော့ တူညီနိုင်မှာမဟုတ်ပါဘူး”

Photo Credit

”သူ ၁၀၀ ရာခိုင်နှုန်းပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူကပွဲတိုင်းမှာပါဝင်ကစားတဲ့ ဂိုးသမားပါ။ ပြီးခဲ့တဲ့ရာသီကတူညီတဲ့ အဖြစ်အပျက်မျိုး ဖြစ်ခဲ့ပါသေးတယ်။ သူဒဏ်ရာကြောင့် ကွင်းထဲကထွက်ခွာသွားခဲ့ရရင်တောင် ၂ ရက် အကြာမှာ ကွင်းထဲပြန်ရောက်နေပြီလို့ ကျွန်တော်ထင်ပါတယ်”

Photo Credit

”ဒါက ကြိုတင်ပြင်ဆင်မှု ပြုလုပ်လိုက်တာ ဖြစ်မှာပါ။ သူဘာပြဿနာမှ မရှိဘဲ တနင်္ဂနွေနေ့မှာပါဝင်နိုင်တဲ့ ပွဲစဉ်ကို ကျွန်တော် ကြည့်ချင်ပါတယ်“လို့ ပြောကြားသွားခဲ့ပါတယ်။ လီဗာပူးဟာ လက်ရှိအချိန်မှာ လက်ရှိချန်ပီယံ စီးတီးကို ၆ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

Photo Credit

Zawgyi

စူပါဆန္းေဒးပြဲစဥ္မွာ အီဒါဆန္ကိုပါဝင္ဖို႔ ရာႏႈန္းျပည့္ေသခ်ာေနတယ္လုိ႔ ကေလာ့ပ္ဖြင့္ဟ

လီဗာပူးနည္းျပဂ်ာဂန္ကေလာ့ပ္က ခ်န္ပီယံလိဂ္ပြဲစဥ္မွာ စီးတီးဂိုးသမားအီဒါဆန္ ဒဏ္ရာျပႆနာေၾကာင့္ ကြင္းထဲကထြက္ခြာသြားခဲ့ေပမယ့္ လာမယ့္ တနဂၤေႏြေန႔ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ မန္စီးတီးအသင္းလူစာရင္းမွာ ျပန္လည္ပါဝင္လာဖို႔ ၁၀၀ ရာခိုင္ႏႈန္းေသခ်ာတယ္လို႔ ေျပာပါတယ္။
ဘရာဇီးအီဒါဆန္ဟာ အတၱလႏၱာအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ ပထမပိုင္းၿပီးခါနီးမွာ ဒဏ္ရာခဲ့တာ ျဖစ္ပါတယ္။ အဆိုပါပြဲစဥ္မွာ စီးတီးနည္းျပပက္ဂြါဒီယိုလာရဲ႕ အသင္းဟာ ကံဆိုးမႈေတြ ႀကံဳေတြ႕ခဲ့ရၿပီး လူစားလဲခဲ့တဲ့ ဂိုးသမားကေလာက္ဒီယိုဘရာဗိုကလည္း ပြဲၿပီးဖို႔ ၉ မိနစ္အလိုမွာ အနီကဒ္ျပ ထုတ္ပယ္ခံခဲ့ရပါတယ္။
ဒါေၾကာင့္ ေနာက္ခံလူကိုင္လီေဝၚကာကိုဂိုးဖမ္းခိုင္းခဲ့ရပါတယ္။ လီဗာပူးနည္းျပဂ်ာဂန္ကေလာ့ပ္ကေတာ့ ဂြါဒီယိုလာက သူယံုၾကည္စိတ္အခ်ရဆံုးဦးစားေပးဂိုးသမားကိုသာ ေရြးခ်ယ္မွာျဖစ္ၿပီး အားနည္းတဲ့ ၿပိဳင္ဘက္အသင္းနဲ႔ ေတြ႕ႀကံဳရမွာမဟုတ္ဘူးလို႔ ယံုၾကည္ေနပါတယ္။
ကေလာ့ပ္က“ သူမကစားႏိုင္ခဲ့ရင္ တခ်ိဳ႕အရာေတြ ေျပာင္းလဲသြားပါလိမ့္မယ္။ ဘာလို႔လဲဆိုရင္ အီဒါဆန္က ၿပိဳင္ပြဲမွာအေရးပါတဲ့ အခန္းက႑ကကစားသမားပါ။ ဘရာဗိုလည္းတူညီတဲ့စြမ္းေဆာင္မႈေတြ လုပ္ျပႏိုင္ပါတယ္။ ဒါေပမယ့္ လံုးဝတစ္ထပ္တည္းေတာ့ တူညီႏိုင္မွာမဟုတ္ပါဘူး”
”သူ ၁၀၀ ရာခုိင္ႏႈန္းပါဝင္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ သူကပြဲတိုင္းမွာပါဝင္ကစားတဲ့ ဂိုးသမားပါ။ ၿပီးခဲ့တဲ့ရာသီကတူညီတဲ့ အျဖစ္အပ်က္မ်ိဳး ျဖစ္ခဲ့ပါေသးတယ္။ သူဒဏ္ရာေၾကာင့္ ကြင္းထဲကထြက္ခြာသြားခဲ့ရရင္ေတာင္ ၂ ရက္ အၾကာမွာ ကြင္းထဲျပန္ေရာက္ေနျပီလို႔ ကၽြန္ေတာ္ထင္ပါတယ္”
”ဒါက ႀကိဳတင္ျပင္ဆင္မႈ ျပဳလုပ္လိုက္တာ ျဖစ္မွာပါ။ သူဘာျပႆနာမွ မရွိဘဲ တနဂၤေႏြေန႔မွာပါဝင္ႏိုင္တဲ့ ပြဲစဥ္ကို ကၽြန္ေတာ္ ၾကည့္ခ်င္ပါတယ္“လို႔ ေျပာၾကားသြားခဲ့ပါတယ္။ လီဗာပူးဟာ လက္ရိွအခ်ိန္မွာ လက္ရွိခ်န္ပီယံ စီးတီးကို ၆ မွတ္ျဖတ္ကာ အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။