စီးရီးအေချန်ပီယံ ဖြစ်ဖို့ တာစူနေတဲ့ အေစီမီလန်အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဟာကန် ချာလန်နိုလူ နှင့် သီယို ဟာနန်ဒက်စ်တို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့အတွက် အေစီမီလန်အသင်းရဲ့ လာမယ့် ပွဲစဉ် ( ၂ ) ပွဲကို လွဲချော်ဖို့ ရှိနေပါတယ်။ အဆိုပါ ကစားသမား ( ၂ ) ဦးဟာ ပြီးခဲ့တဲ့ စနေနေ့က ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရာမှာ ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ရပြီး ရောဂါ လက္ခဏာ ပြသခြင် မရှိကြောင်း အသင်းက အတည်ပြု ပြောကြားခဲ့ပါတယ်။

သူတို့ ( ၂ ) ဦးဟာ အိမ်မှာ သီးသန့်နေထိုင်လျက်ရှိပြီး တနင်္လာနေ့ နှင့် လာမယ့် အပတ်မှာ Cagliari နှင့် အတ္တလန္တာအသင်းတွေနဲ့ ကစားရမယ့် အေစီမီလန်အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် ယခုလ နှောင်းပိုင်းမှာ မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းနဲ့ ကစားရမယ့် ကိုပါ အီတလီဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြန်လည် ကစားခွင့်ရဖွယ် ရှိနေပါတယ်။

ဒါက စီးရီးအေ အမှတ်ပေးဇယားထိပ်က အသင်းအတွက် နောက်ထပ် ထိုးနှက်ချက် တစ်ခုဖြစ်ပြီး တိုက်စစ်မှူး ရေးဘစ် နှင့် Rade Krunic တို့ဟာလည်း ဂျူဗင်တပ်အသင်းကို ( 3 -1 ) ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပါအဝင် နောက်ဆုံး ( ၃ ) ပွဲကို လွဲချော်ထားပါတယ်။

ဒါ့အပြင် Rafael Leao ကလည်း ပွဲပယ် ပြစ်ဒဏ် ကျခံရဖို့ ရှိနေပြီး Matteo Gabbia နှင့် Ismael Bennacer တို့ကလည်း ဒဏ်ရာပြဿနာကြောင့် လွဲချော်ဖို့ ရှိနေပါတယ်။

“အရေးကြီးတဲ့ လွဲချော်မှာတွေပါ ။ ဒီလို ဘောလုံးရာသီမျိုးမှာ ဒဏ်ရာပြဿနာကို ဘယ်အချိန်မဆို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့်မို့ အဆင်သင့် ဖြစ်နေဖို့ လိုအပ်ပါတယ်။ ” လို့ အေစီမီလန်နည်းပြ Pioli က သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ စီးရီးအေ အမှတ်ပေးဇယား အဆင့် ( ၁ ) နေရာမှာ ရပ်တည်နေပြီး တစ်ပွဲလျော့အနေအထားမှာ ဒုတိယနေရာက အင်တာမီလန်အသင်းနဲ့ ရမှတ်တူနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စီးရီးေအခ်န္ပီယံ ျဖစ္ဖို႔ တာစူေနတဲ့ ေအစီမီလန္အတြက္ ေနာက္ထပ္ ထိုးႏွက္ခ်က္တစ္ခု

ဟာကန္ ခ်ာလန္ႏိုလူ ႏွင့္ သီယို ဟာနန္ဒက္စ္တို႔ဟာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရတဲ့အတြက္ ေအစီမီလန္အသင္းရဲ႕ လာမယ့္ ပြဲစဥ္ ( ၂ ) ပြဲကို လြဲေခ်ာ္ဖို႔ ရွိေနပါတယ္။ အဆိုပါ ကစားသမား ( ၂ ) ဦးဟာ ၿပီးခဲ့တဲ့ စေနေန႔က ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးရာမွာ ကူးစက္ခံထားရေၾကာင္းေတြ႕ရွိခဲ့ရၿပီး ေရာဂါ လကၡဏာ ျပသျခင္ မရွိေၾကာင္း အသင္းက အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။ သူတို႔ ( ၂ ) ဦးဟာ အိမ္မွာ သီးသန႔္ေနထိုင္လ်က္ရွိၿပီး တနလၤာေန႔ ႏွင့္ လာမယ့္ အပတ္မွာ Cagliari ႏွင့္ အတၱလႏၲာအသင္းေတြနဲ႔ ကစားရမယ့္ ေအစီမီလန္အသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ဖို႔ ရွိေနပါတယ္။

ဒါေပမယ့္ ယခုလ ေႏွာင္းပိုင္းမွာ ၿမိဳ႕ခံၿပိဳင္ဘက္ အင္တာမီလန္အသင္းနဲ႔ ကစားရမယ့္ ကိုပါ အီတလီဖလား ကြာတားဖိုင္နယ္ပြဲစဥ္မွာ ျပန္လည္ ကစားခြင့္ရဖြယ္ ရွိေနပါတယ္။ ဒါက စီးရီးေအ အမွတ္ေပးဇယားထိပ္က အသင္းအတြက္ ေနာက္ထပ္ ထိုးႏွက္ခ်က္ တစ္ခုျဖစ္ၿပီး တိုက္စစ္မႉး ေရးဘစ္ ႏွင့္ Rade Krunic တို႔ဟာလည္း ဂ်ဴဗင္တပ္အသင္းကို ( 3 -1 ) ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အပါအဝင္ ေနာက္ဆုံး ( ၃ ) ပြဲကို လြဲေခ်ာ္ထားပါတယ္။ ဒါ့အျပင္ Rafael Leao ကလည္း ပြဲပယ္ ျပစ္ဒဏ္ က်ခံရဖို႔ ရွိေနၿပီး Matteo Gabbia ႏွင့္ Ismael Bennacer တို႔ကလည္း ဒဏ္ရာျပႆနာေၾကာင့္ လြဲေခ်ာ္ဖို႔ ရွိေနပါတယ္။

“အေရးႀကီးတဲ့ လြဲေခ်ာ္မွာေတြပါ ။ ဒီလို ေဘာလုံးရာသီမ်ိဳးမွာ ဒဏ္ရာျပႆနာကို ဘယ္အခ်ိန္မဆို ရင္ဆိုင္ရႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ အဆင္သင့္ ျဖစ္ေနဖို႔ လိုအပ္ပါတယ္။ ” လို႔ ေအစီမီလန္နည္းျပ Pioli က သတင္းစာ ရွင္းလင္းပြဲတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။ ေအစီမီလန္အသင္းဟာ စီးရီးေအ အမွတ္ေပးဇယား အဆင့္ ( ၁ ) ေနရာမွာ ရပ္တည္ေနၿပီး တစ္ပြဲေလ်ာ့အေနအထားမွာ ဒုတိယေနရာက အင္တာမီလန္အသင္းနဲ႔ ရမွတ္တူေနပါတယ္။