စီရော်နယ်လ်ဒိုနောက်ပိုင်း (၁)နှစ်အတွင်းဂိုး(၆၀)သွင်းယူခဲ့သူအဖြစ် လီဝန်ဒေါစကီးမှတ်တမ်းဝင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်နာမည်ကျော်တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ ဖရိုင်းဘတ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက်တစ်ဂိုးသွင်းယူခဲ့ပြီး စီရော်နယ်လ်ဒိုနောက်ပိုင်း

ဘောလုံးပြက္ခဒိန်တစ်ခုအတွင်း နိုင်ငံနဲ့ကလပ်အသင်းအတွက် ဂိုး(၆၀)နဲ့အထက်သွင်းယူခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

မနေ့က,ကစားခဲ့တဲ့ဖရိုင်းဘတ်နဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းက(၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး အသင်းအတွက်ဂိုးတွေကို ဂိုဟက်ဇ်ကာ၊ လီဝန်ဒေါစကီးတို့ကသွင်းယူခဲ့သလို ဖရိုင်းဘတ်အသင်းကို ဒီရာသီဘွန်ဒစ်လီဂါမှာ ပထမဆုံးရှုံးပွဲကြုံတွေ့စေခဲ့ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးသွင်းစက်တစ်လုံးဖြစ်နေဆဲ လီဝန်ဒေါစကီးဟာ ဒီရာသီဘွန်ဒစ်လီဂါမှာ(၁၁)ပွဲကစား၊ (၁၃)ဂိုးအထိသွင်းယူထားသလို ပြိုင်ပွဲစုံ(၁၇)ပွဲမှာ(၂၃)ဂိုးအထိသွင်းယူထားတာဖြစ်ပါတယ်။

ဒ့ါအပြင် ၂၀၁၄ ခုနှစ်တုန်းက စီရော်နယ်လ်ဒို ရီးယဲလ်အသင်းအတွက် ဘောလုံးပြက္ခဒိန်တစ်ခုအတွင်းသွင်းယူခဲ့တဲ့(၆၁)ဂိုးအရေအတွက်ကို အမီလိုက်ဖို့(၁)ဂိုးသာလိုတော့ပြီး

နှစ်ကုန်အထိ လက်ကျန်(၁၀)ပွဲကစားဖို့ရှိနေတာကြောင့် အဲဒီအရေအတွက်ကို ကျော်ဖြတ်နိုင်ဖို့သေချာနေသလို ၂၀၁၃ ခုနှစ်တုန်းက စီရော်နယ်လ်ဒိုရဲ့သွင်းဂိုးအရေအတွက်ကို အမီလိုက်နိုင်ဖို့ ဒါမှမဟုတ် ကျော်ဖြတ်ဖို့ရှိနေပါပြီ။

စီရော်နယ်လ်ဒိုဟာ ၂၀၁၃ ခုနှစ်မှာ နိုင်ငံနဲ့ကလပ်အသင်းအတွက် စုစုပေါင်း(၆၉)အထိသွင်းယူခဲ့ပြီး ဒါဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်နောက်ပိုင်း ဘောလုံးပြက္ခဒိန်တစ်ခုအတွင်း ဂိုး(၆၀)နဲ့အထက်သွင်းယူခဲ့သူတစ်ယောက်မှမရှိတော့ဘဲ အနီးစပ်ဆုံးဖြစ်ခဲ့တာက မက်ဆီ၊ လီဝန်ဒေါစကီးနဲ့ဟယ်ရီကိန်းတို့ပဲဖြစ်ပါတယ်။

မက်ဆီဟာ ၂၀၁၆ ခုနှစ်တုန်းက အာဂျင်တီးနားနဲ့ဘာစီလိုနာအသင်းအတွက် (၅၉)ဂိုးသွင်းယူခဲ့ပြီး

စပါးအသင်းနာမည်ကျော်တိုက်စစ်မှူးဟယ်ရီကိန်းက ၂၀၁ရခုနှစ်မှာ နိုင်ငံနဲ့ကလပ်အသင်းအတွက် (၅၇)ဂိုး၊ ၂၀၁၉ ခုနှစ်မှာတော့ လီဝန်ဒေါစကီးက (၅၄)ဂိုးသွင်းယူခဲ့ကြပါတယ်။

စီရော်နယ်လ်ဒိုကိုယ်တိုင်လည်း ၂၀၁၄ ခုနှစ်နောက်ပိုင်း သွင်းဂိုး(၆၀)နဲ့အထက်မသွင်းနိုင်တော့ဘဲ ၂၀၁၅ ခုနှစ်မှာ (၅၇)ဂိုးသွင်းယူခဲ့တာက အမြင့်ဆုံးပါပဲ။

ဒါပေမဲ့ စီရော်နယ်လ်ဒို၊ လီဝန်ဒေါစကီးတို့ဟာ ဘောလုံးပြက္ခဒိန်တစ်ခုအတွင်း သွင်းဂိုးအများဆုံးကစားသမားအဖြစ်စံချိန်တင်ထားတဲ့ မက်ဆီရဲ့သွင်းဂိုးအရေအတွက်ကို အမီလိုက်ဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။

မက်ဆီဟာ ၂၀၁၂ ခုနှစ်တုန်းက စုစုပေါင်း(၉၁)ဂိုးအထိသွင်းယူခဲ့ပြီး လီဝန်ဒေါစကီးအနေနဲ့ အဲဒီစံချိန်ကိုအမီလိုက်ဖို့ဆိုရင် လက်ကျန်(၁၀)မှာ ဂိုး(၃၀)ကျော်သွင်းယူမှပဲဖြစ်ပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

စီေရာ္နယ္လ္ဒိုေနာက္ပိုင္း (၁)ႏွစ္အတြင္းဂိုး(၆၀)သြင္းယူခဲ့သူအျဖစ္ လီဝန္ေဒါစကီးမွတ္တမ္းဝင္

ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ပိုလန္နာမည္ေက်ာ္တိုက္စစ္မႉးလီဝန္ေဒါစကီးဟာ ဖ႐ိုင္းဘတ္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ အသင္းအတြက္တစ္ဂိုးသြင္းယူခဲ့ၿပီး

စီေရာ္နယ္လ္ဒိုေနာက္ပိုင္း ေဘာလုံးျပကၡဒိန္တစ္ခုအတြင္း ႏိုင္ငံနဲ႔ကလပ္အသင္းအတြက္ ဂိုး(၆၀)နဲ႔အထက္သြင္းယူခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။

မေန႔က,ကစားခဲ့တဲ့ဖ႐ိုင္းဘတ္နဲ႔ပြဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းက(၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး အသင္းအတြက္ဂိုးေတြကို ဂိုဟက္ဇ္ကာ၊ လီဝန္ေဒါစကီးတို႔ကသြင္းယူခဲ့သလို ဖ႐ိုင္းဘတ္အသင္းကို ဒီရာသီဘြန္ဒစ္လီဂါမွာ ပထမဆုံးရႈံးပြဲႀကဳံေတြ႕ေစခဲ့ပါတယ္။ အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ ဘိုင္ယန္ျမဴးနစ္အသင္းအတြက္ ဂိုးသြင္းစက္တစ္လုံးျဖစ္ေနဆဲ လီဝန္ေဒါစကီးဟာ ဒီရာသီဘြန္ဒစ္လီဂါမွာ(၁၁)ပြဲကစား၊ (၁၃)ဂိုးအထိသြင္းယူထားသလို ၿပိဳင္ပြဲစုံ(၁၇)ပြဲမွာ(၂၃)ဂိုးအထိသြင္းယူထားတာျဖစ္ပါတယ္။

ဒ့ါအျပင္ ၂၀၁၄ ခုႏွစ္တုန္းက စီေရာ္နယ္လ္ဒို ရီးယဲလ္အသင္းအတြက္ ေဘာလုံးျပကၡဒိန္တစ္ခုအတြင္းသြင္းယူခဲ့တဲ့(၆၁)ဂိုးအေရအတြက္ကို အမီလိုက္ဖို႔(၁)ဂိုးသာလိုေတာ့ၿပီး ႏွစ္ကုန္အထိ လက္က်န္(၁၀)ပြဲကစားဖို႔ရွိေနတာေၾကာင့္ အဲဒီအေရအတြက္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ေသခ်ာေနသလို ၂၀၁၃ ခုႏွစ္တုန္းက စီေရာ္နယ္လ္ဒိုရဲ႕သြင္းဂိုးအေရအတြက္ကို အမီလိုက္ႏိုင္ဖို႔ ဒါမွမဟုတ္ ေက်ာ္ျဖတ္ဖို႔ရွိေနပါၿပီ။

စီေရာ္နယ္လ္ဒိုဟာ ၂၀၁၃ ခုႏွစ္မွာ ႏိုင္ငံနဲ႔ကလပ္အသင္းအတြက္ စုစုေပါင္း(၆၉)အထိသြင္းယူခဲ့ၿပီး ဒါဟာ သူ႔ရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ အေကာင္းဆုံးစြမ္းေဆာင္ရည္ျဖစ္ခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း ေဘာလုံးျပကၡဒိန္တစ္ခုအတြင္း ဂိုး(၆၀)နဲ႔အထက္သြင္းယူခဲ့သူတစ္ေယာက္မွမရွိေတာ့ဘဲ အနီးစပ္ဆုံးျဖစ္ခဲ့တာက မက္ဆီ၊ လီဝန္ေဒါစကီးနဲ႔ဟယ္ရီကိန္းတို႔ပဲျဖစ္ပါတယ္။

မက္ဆီဟာ ၂၀၁၆ ခုႏွစ္တုန္းက အာဂ်င္တီးနားနဲ႔ဘာစီလိုနာအသင္းအတြက္ (၅၉)ဂိုးသြင္းယူခဲ့ၿပီး စပါးအသင္းနာမည္ေက်ာ္တိုက္စစ္မႉးဟယ္ရီကိန္းက ၂၀၁ရခုႏွစ္မွာ ႏိုင္ငံနဲ႔ကလပ္အသင္းအတြက္ (၅၇)ဂိုး၊ ၂၀၁၉ ခုႏွစ္မွာေတာ့ လီဝန္ေဒါစကီးက (၅၄)ဂိုးသြင္းယူခဲ့ၾကပါတယ္။ စီေရာ္နယ္လ္ဒိုကိုယ္တိုင္လည္း ၂၀၁၄ ခုႏွစ္ေနာက္ပိုင္း သြင္းဂိုး(၆၀)နဲ႔အထက္မသြင္းႏိုင္ေတာ့ဘဲ ၂၀၁၅ ခုႏွစ္မွာ (၅၇)ဂိုးသြင္းယူခဲ့တာက အျမင့္ဆုံးပါပဲ။

ဒါေပမဲ့ စီေရာ္နယ္လ္ဒို၊ လီဝန္ေဒါစကီးတို႔ဟာ ေဘာလုံးျပကၡဒိန္တစ္ခုအတြင္း သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္စံခ်ိန္တင္ထားတဲ့ မက္ဆီရဲ႕သြင္းဂိုးအေရအတြက္ကို အမီလိုက္ဖို႔ခက္ခဲေနဆဲျဖစ္ပါတယ္။ မက္ဆီဟာ ၂၀၁၂ ခုႏွစ္တုန္းက စုစုေပါင္း(၉၁)ဂိုးအထိသြင္းယူခဲ့ၿပီး လီဝန္ေဒါစကီးအေနနဲ႔ အဲဒီစံခ်ိန္ကိုအမီလိုက္ဖို႔ဆိုရင္ လက္က်န္(၁၀)မွာ ဂိုး(၃၀)ေက်ာ္သြင္းယူမွပဲျဖစ္ပါလိမ့္မယ္။