စီရော်နယ်ဒိုနဲ့ သူ၏ချစ်သူများ

photo internet

ဘောလုံးသမားတွေထဲမှာ ခြေစွမ်းကောင်း၊ရုပ်ရှိရေလျှံ၊စော်ကြည်ဘဲဖြစ်သူကတော့ နာမည်ကျော်ကစားသမား စီရော်နယ်ဒိုပဲဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ မြက်ခင်းစိမ်းပေါ်မှာ သူမတူအောင်ခြေစွမ်းပြနိုင်သလို၊ ကွင်းပြင်ပဘဝမှာလည်း အတော်ကိုမှခြေရှုပ်တဲ့သူဖြစ်ပါတယ်။ မိန်းကလေးတွေတိမ်းညွှတ်ချင်စရာကောင်း အောင်လည်း ပိုက်ဆံကိုရေလိုသုံးနိုင်သူတစ်ယောက်ဖြစ်ကာ၊ ကိုယ်ခန္ဓာပိုင်းလည်းခပ်မိုက်မိုက်စတိုင်ရှိ တာကြောင့် မဆွတ်ခင်ကညွှတ်ချင်တဲ့မိန်းကလေးပရိသတ်ထုနဲ့ဒေးရှိသူတစ်ယောက်ပါ။ စီရော်နယ်ဒိုရဲ့ မြက်ခင်းစိမ်း ပေါ်ကခြေစွမ်းကိုစိတ်ဝင်စားတဲ့သူတွေရှိသလို၊ပြင်ပဘဝအကြောင်းကို သိချင်သူတွေလည်း ရှိတာကြောင့် စီရော်နယ်ဒိုနဲ့ချစ်ကြိုက်ခဲ့သူတွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

photo internet

စီရော်နယ်ဒိုနဲ့ချစ်ကြိုက်ခဲ့သူတွေဟာ မော်ဒယ်တွေ၊နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ပြီး လှပတဲ့ရုပ်ရည်၊ ဆွဲမက်စရာခန္ဓာကိုယ်အချိုးအစားရှိသူတွေဖြစ်ပါတယ်။ ပေါ်တူဂီမော်ဒယ် Karina Ferro နဲ့စီရော်နယ်ဒိုဟာ 2002 ခုနှစ်ကနေ 2006 ခုနှစ်အထိတွဲခုတ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့နေပူစာ လုံနေတဲ့ဓာတ်ပုံတွေဟာ အဲဒီအချိန်တုန်းက အတော်ကို လူပြောများခဲ့ပါတယ်။ စီရော်နယ်ဒိုဟာအသင်းဖော်တစ်ဦးဖြစ်တဲ့ Mario Jardel ရဲ့အစ်မဖြစ်သူ Jordana Jardel နဲ့လည်းချစ်ကြိုက်ခဲ့ပါသေးတယ်။ ဂျော်ဂျီယာ ဘရာဇီးမော်ဒယ်ဖြစ်သူ Jordana Jardel နဲ့စီရော်နယ်ဒိုဟာ 2003 ခုနှစ်ဝန်းကျင်မှာတွဲခဲ့တာပါ။

photo internet

2005 ဇန်နဝါရီကနေ 2006 အထိချစ်ကြိုက်ခဲ့သူကတော့ Merche Romero ဖြစ်ပါတယ်။ အဲဒီမိန်းကလေးဟာလည်း မော်ဒယ်၊အစီအစဉ်တင်ဆက်သူ၊သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အကြီးမားဆုံးဆွေးနွေးခဲ့ရတဲ့ကိစ္စကတော့ အသက်ကွာဟမှုလို့ဆိုပါတယ်။ စီရော်နယ်ဒိုဟာ အဲဒီမိန်းကလေးထက် 9 နှစ်လောက်ငယ်ပါတယ်။ Merche Romero နဲ့ပြတ်ပြီးနောက်မှာ စီရော်နယ်ဒိုဟာ ပေါ်တူဂီမော်ဒယ်မင်းသမီးဖြစ်သူ Soraia Chaves နဲ့တွဲခဲ့ပါတယ်။

photo internet

2006 ခုနှစ်မှာပဲ စီရော်နယ်ဒိုဟာအသက် 18 နှစ်အရွယ် ပေါ်တူဂီသူလေး Mia Judaken နဲ့တွဲခဲ့ပါသေးတယ်။ အဲဒီကောင်မလေးဟာဒိုလေးမိသားစုနဲ့လည်းရင်းနှီးတယ်လို့ဆိုပါတယ်။ ဗြိတိန်မော်ဒယ် Gemma Atkinson နဲ့စီရော်နယ်ဒိုဟာ 2007 ခုနှစ်နှစ်စမှာချစ်ကြိုက်ခဲ့ပေမယ့်သူတို့နှစ်ယောက်ရဲ့ရည်းစားသက်တမ်းသိပ်မကြာ ခဲ့ပါဘူး။ 2007 ခုနှစ်မှာပဲစီရော်နယ်ဒိုတစ်ယောက် အိန္ဒိယသူလေးတစ်ယောက်ဖြစ်တဲ့ Bipasha Basu နဲ့ချစ်ကြိုက်ခဲ့ပါသေးတယ်။ သူလေးဟာလည်း မော်ဒယ်သရုပ်ဆောင်တစ်ယောက်ပါ။ 2008 ခုနှစ်မှာ စီရော်နယ်ဒိုဟာ စပိန်မော်ဒယ် Nereida Gallardo နဲ့ချစ်ကြိုက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက စီရော်နယ်ဒိုဟာ သူ့ရဲ့အားလပ်ချိန်တွေကို Nereida Gallardo နဲ့အများဆုံးကုန်ဆုံးခဲ့တာဖြစ်ပြီး၊သူတို့နှစ်ယောက်ရဲ့ ကမ်းခြေကပုံတွေကိုမီဒီယာတွေကရိုက်ယူနိုင်ခဲ့ပါတယ်။

photo internet

2009 ခုနှစ်မှာစီရော်နယ်ဒိုတစ်ယောက် ရီးရဲလ်ကိုရောက်လာတဲ့အချိန်မှာလည်း မဒီကညာများစွာနဲ့တွဲခုတ်ခဲ့ပါ တယ်။အဲဒီထဲကတစ်ယောက်ကတော့ နာမည်ကျော်သရုပ်ဆောင်၊သူဌေးသမီးလေး ပဲရစ်ဟီတန်ဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ဘဝထဲမှာ ရုရှားမော်ဒယ်မလေး အာရီနာရှေးတစ်ယောက် ကမပါမဖြစ်ပါ။ သူတို့နှစ်ယောက်ဟာ 2010 ခုနှစ်ကနေ 2015 ခုနှစ်အထိတပူးတတွဲတွဲချစ်ကြိုက်ခဲ့ကြတာကြောင့် လက်ထပ်မယ့်စုံတွဲလို့တောင် အများကထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ လမ်းခွဲတာနဲ့ပဲအဆုံးသတ်ခဲ့ရပါ တယ်။ထွက်ပေါ်လာတဲ့အချို့သတင်းများအရတော့ စီရော်နယ်ဒိုရဲ့အမေဖြစ်သူကြောင့် သူတို့နှစ်ယောက် လမ်းခွဲခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။

photo internet

အာရီနာရှေးနဲ့ပြတ်ပြီးနောက်မှာ စပိန်တီဗွီရဲ့သတင်းထောက်လေး Lucia Villalon နဲ့ကြိုက်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ မော်ဒယ်သရုပ်ဆောင် Kim Kardashian , ပေါ်တူဂီ တီဗွီရဲ့မင်းသမီးနဲ့ အစီအစဉ်တင်ဆက်သူဖြစ်သူ Rita Pereira တို့နဲ့လည်းချစ်ကြိုက်ခဲ့ပါသေးတယ်။ စီရော်နယ်ဒိုတစ်ယောက် 2002 ခုနှစ်ကနေ 2019 ခုနှစ်အထိတွဲခဲ့တဲ့မိန်းကလေးအရေအတွက်ဟာ အယောက် 40ကျော်ရှိတယ် လို့ဆိုပါတယ်။ အချို့ရည်းစားတွေကတော့ သာမန်သဘောမျိုးသာတွဲခဲ့ပေမယ့် အချို့တွေနဲ့ကတော့ အတူနေခဲ့တဲ့ဇာတ်လမ်း တွေရှိခဲ့ပါတယ်။ စီရော်နယ်ဒိုတစ်ယောက်ငွေကြေးပေးပျော်ပါးခဲ့တဲ့ မိန်းကလေးတွေ ရှိကြောင်းလည်း သတင်းတွေထွက်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာအပြာကားသရုပ်ဆောင်မင်းသမီးတွေ၊ တင်ပါးအလှမယ် ဘွဲ့ရမိန်းကလေးတွေကို ဟိုတယ်ကိုခေါ်ပြီးပျော်ပါးခဲ့တယ်ဆိုတဲ့သတင်းတွေလည်းရှိပါတယ်။

photo internet

ဒီလိုအပျော်အပါးကိစ္စခုံမင်တဲ့စီရော်နယ်ဒိုဟာ မိန်းကလေးတွေဘက်က တရားစွဲဆိုတာကိုလည်း ခံရပါတယ်။ ဒါပေမယ့်ပြစ်ဒဏ်အရေးကိစ္စတွေကနေလွတ်မြောက်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ မိန်းကလေးတွေနဲ့ပွေရှုပ်ခဲ့ တာကြောင့် သူ့ရဲ့သား ခရစ်စတီယာနို ဂျူနီယာဟာဘယ်သူနဲ့ရခဲ့တာလဲဆိုတာ ထုတ်ဖော်မပြောခဲ့ပါဘူး။ အခုလောလောဆယ်မှာတော့ စီရော်နယ်ဒိုတစ်ယောက် Gucci စတိုးဆိုင်မှာ ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့တဲ့ ဂျော်ဂျီနာနဲ့အတူနေနေပါတယ်။ စီရော်နယ်ဒိုဟာ ဂျော်ဂျီနာနဲ့လည်း သမီးမိန်းကလေးမွေးထားပါတယ်။ အခုအချိန်မှာတော့ ကလေး လေးယောက်ဖခင် စီရော်နယ်ဒိုတစ်ယောက် သာယာပျော်ရွှင်ဖွယ်မိသားစုဘဝကို ပိုင်ဆိုင်နိုင် ဖို့ကြိုးစားနေထိုင်နေပါတယ်။

photo internet

(Zawgyi Version)

စီေရာ္နယ္ဒိုနဲ႔ သူ၏ခ်စ္သူမ်ား

ေဘာလုံးသမားေတြထဲမွာ ေျခစြမ္းေကာင္း၊ရုပ္ရိွေရလွ်ံ၊ေစာ္ၾကည္ဘဲျဖစ္သူကေတာ့ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္ဒိုပဲျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ ျမက္ခင္းစိမ္းေပၚမွာ သူမတူေအာင္ေျခစြမ္းျပႏိုင္သလို၊ ကြင္းျပင္ပဘ၀မွာလည္း အေတာ္ကိုမွေျခရႈပ္တဲ့သူျဖစ္ပါတယ္။ မိန္းကေလးေတြတိမ္းညႊတ္ခ်င္စရာေကာင္း ေအာင္လည္း ပိုက္ဆံကိုေရလိုသုံးႏိုင္သူတစ္ေယာက္ျဖစ္ကာ၊ ကိုယ္ခႏၶာပိုင္းလည္းခပ္မိုက္မိုက္စတိုင္ရိွ တာေၾကာင့္ မဆြတ္ခင္ကညႊတ္ခ်င္တဲ့မိန္းကေလးပရိသတ္ထုနဲ႔ေဒးရိွသူတစ္ေယာက္ပါ။ စီေရာ္နယ္ဒိုရဲ႕ ျမက္ခင္းစိမ္း ေပၚကေျခစြမ္းကိုစိတ္၀င္စားတဲ့သူေတြရိွသလုိ၊ျပင္ပဘ၀အေၾကာင္းကို သိခ်င္သူေတြလည္း ရိွတာေၾကာင့္ စီေရာ္နယ္ဒိုနဲ႔ခ်စ္ႀကိဳက္ခဲ့သူေတြအေၾကာင္းကို တင္ဆက္ေပးလုိက္ပါတယ္။

စီေရာ္နယ္ဒိုနဲ႔ခ်စ္ႀကိဳက္ခဲ့သူေတြဟာ ေမာ္ဒယ္ေတြ၊နာမည္ႀကီးသရုပ္ေဆာင္ေတြျဖစ္ၿပီး လွပတဲ့ရုပ္ရည္၊ ဆြဲမက္စရာခႏၶာကိုယ္အခ်ဳိးအစားရိွသူေတြျဖစ္ပါတယ္။ ေပၚတူဂီေမာ္ဒယ္ Karina Ferro နဲ႔စီေရာ္နယ္ဒိုဟာ 2002 ခုႏွစ္ကေန 2006 ခုႏွစ္အထိတြဲခုတ္ခဲ့ၾကတာျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ေနပူစာ လုံေနတဲ့ဓာတ္ပုံေတြဟာ အဲဒီအခ်ိန္တုန္းက အေတာ္ကို လူေျပာမ်ားခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာအသင္းေဖာ္တစ္ဦးျဖစ္တဲ့ Mario Jardel ရဲ႕အစ္မျဖစ္သူ Jordana Jardel နဲ႔လည္းခ်စ္ႀကိဳက္ခဲ့ပါေသးတယ္။ ေဂ်ာ္ဂ်ီယာ ဘရာဇီးေမာ္ဒယ္ျဖစ္သူ Jordana Jardel နဲ႔စီေရာ္နယ္ဒိုဟာ 2003 ခုႏွစ္၀န္းက်င္မွာတြဲခဲ့တာပါ။

2005 ဇန္န၀ါရီကေန 2006 အထိခ်စ္ႀကိဳက္ခဲ့သူကေတာ့ Merche Romero ျဖစ္ပါတယ္။ အဲဒီမိန္းကေလးဟာလည္း ေမာ္ဒယ္၊အစီအစဥ္တင္ဆက္သူ၊သရုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ အႀကီးမားဆုံးေဆြးေႏြးခဲ့ရတဲ့ကိစၥကေတာ့ အသက္ကြာဟမႈလို႔ဆိုပါတယ္။ စီေရာ္နယ္ဒိုဟာ အဲဒီမိန္းကေလးထက္ 9 ႏွစ္ေလာက္ငယ္ပါတယ္။ Merche Romero နဲ႔ျပတ္ၿပီးေနာက္မွာ စီေရာ္နယ္ဒိုဟာ ေပၚတူဂီေမာ္ဒယ္မင္းသမီးျဖစ္သူ Soraia Chaves နဲ႔တြဲခဲ့ပါတယ္။

2006 ခုႏွစ္မွာပဲ စီေရာ္နယ္ဒိုဟာအသက္ 18 ႏွစ္အရြယ္ ေပၚတူဂီသူေလး Mia Judaken နဲ႔တြဲခဲ့ပါေသးတယ္။ အဲဒီေကာင္မေလးဟာဒိုေလးမိသားစုနဲ႔လည္းရင္းႏွီးတယ္လို႔ဆိုပါတယ္။ ၿဗိတိန္ေမာ္ဒယ္ Gemma Atkinson နဲ႔စီေရာ္နယ္ဒိုဟာ 2007 ခုႏွစ္ႏွစ္စမွာခ်စ္ႀကိဳက္ခဲ့ေပမယ့္သူတို႔ႏွစ္ေယာက္ရဲ႕ရည္းစားသက္တမ္းသိပ္မၾကာ ခဲ့ပါဘူး။ 2007 ခုႏွစ္မွာပဲစီေရာ္နယ္ဒိုတစ္ေယာက္ အိႏၵိယသူေလးတစ္ေယာက္ျဖစ္တဲ့ Bipasha Basu နဲ႔ခ်စ္ႀကိဳက္ခဲ့ပါေသးတယ္။ သူေလးဟာလည္း ေမာ္ဒယ္သရုပ္ေဆာင္တစ္ေယာက္ပါ။ 2008 ခုႏွစ္မွာ စီေရာ္နယ္ဒိုဟာ စပိန္ေမာ္ဒယ္ Nereida Gallardo နဲ႔ခ်စ္ႀကိဳက္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕အားလပ္ခ်ိန္ေတြကို Nereida Gallardo နဲ႔အမ်ားဆုံးကုန္ဆုံးခဲ့တာျဖစ္ၿပီး၊သူတို႔ႏွစ္ေယာက္ရဲ႕ ကမ္းေျခကပုံေတြကိုမီဒီယာေတြကရိုက္ယူႏိုင္ခဲ့ပါတယ္။

2009 ခုႏွစ္မွာစီေရာ္နယ္ဒိုတစ္ေယာက္ ရီးရဲလ္ကိုေရာက္လာတဲ့အခ်ိန္မွာလည္း မဒီကညာမ်ားစြာနဲ႔တြဲခုတ္ခဲ့ပါ တယ္။အဲဒီထဲကတစ္ေယာက္ကေတာ့ နာမည္ေက်ာ္သရုပ္ေဆာင္၊သူေဌးသမီးေလး ပဲရစ္ဟီတန္ျဖစ္ပါတယ္။ စီေရာ္နယ္ဒိုရဲ႕ဘ၀ထဲမွာ ရုရွားေမာ္ဒယ္မေလး အာရီနာေရွးတစ္ေယာက္ ကမပါမျဖစ္ပါ။ သူတို႔ႏွစ္ေယာက္ဟာ 2010 ခုႏွစ္ကေန 2015 ခုႏွစ္အထိတပူးတတြဲတြဲခ်စ္ႀကိဳက္ခဲ့ၾကတာေၾကာင့္ လက္ထပ္မယ့္စုံတြဲလို႔ေတာင္ အမ်ားကထင္ျမင္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ လမ္းခြဲတာနဲ႔ပဲအဆုံးသတ္ခဲ့ရပါ တယ္။ထြက္ေပၚလာတဲ့အခ်ဳိ႕သတင္းမ်ားအရေတာ့ စီေရာ္နယ္ဒိုရဲ႕အေမျဖစ္သူေၾကာင့္ သူတို႔ႏွစ္ေယာက္ လမ္းခြဲခဲ့ရတာျဖစ္တယ္လို႔ဆုိပါတယ္။

အာရီနာေရွးနဲ႔ျပတ္ၿပီးေနာက္မွာ စပိန္တီဗြီရဲ႕သတင္းေထာက္ေလး Lucia Villalon နဲ႔ႀကိဳက္ခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ ေမာ္ဒယ္သရုပ္ေဆာင္ Kim Kardashian , ေပၚတူဂီ တီဗြီရဲ႕မင္းသမီးနဲ႔ အစီအစဥ္တင္ဆက္သူျဖစ္သူ Rita Pereira တုိ႔နဲ႔လည္းခ်စ္ႀကိဳက္ခဲ့ပါေသးတယ္။ စီေရာ္နယ္ဒိုတစ္ေယာက္ 2002 ခုႏွစ္ကေန 2019 ခုႏွစ္အထိတြဲခဲ့တဲ့မိန္းကေလးအေရအတြက္ဟာ အေယာက္ 40ေက်ာ္ရိွတယ္ လို႔ဆိုပါတယ္။ အခ်ဳိ႕ရည္းစားေတြကေတာ့ သာမန္သေဘာမ်ဳိးသာတြဲခဲ့ေပမယ့္ အခ်ဳိ႕ေတြနဲ႔ကေတာ့ အတူေနခဲ့တဲ့ဇာတ္လမ္းေတြရိွခဲ့ပါတယ္။ စီေရာ္နယ္ဒိုတစ္ေယာက္ေငြေၾကးေပးေပ်ာ္ပါးခဲ့တဲ့ မိန္းကေလးေတြ ရိွေၾကာင္းလည္းသတင္းေတြထြက္ခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာအျပာကားသရုပ္ေဆာင္မင္းသမီးေတြ၊ တင္ပါးအလွမယ္ဘြဲ႕ရမိန္းကေလးေတြကို ဟုိတယ္ကိုေခၚၿပီးေပ်ာ္ပါးခဲ့တယ္ဆိုတဲ့သတင္းေတြလည္းရိွပါတယ္။

ဒီလုိအေပ်ာ္အပါးကိစၥခုံမင္တဲ့စီေရာ္နယ္ဒိုဟာ မိန္းကေလးေတြဘက္က တရားစြဲဆိုတာကိုလည္း ခံရပါတယ္။ ဒါေပမယ့္ျပစ္ဒဏ္အေရးကိစၥေတြကေနလြတ္ေျမာက္ခဲ့ပါတယ္။ စီေရာ္နယ္ဒိုဟာ မိန္းကေလးေတြနဲ႔ေပြရႈပ္ခဲ့ တာေၾကာင့္ သူ႔ရဲ႕သား ခရစ္စတီယာႏို ဂ်ဴနီယာဟာဘယ္သူနဲ႔ရခဲ့တာလဲဆိုတာ ထုတ္ေဖာ္မေျပာခဲ့ပါဘူး။ အခုေလာေလာဆယ္မွာေတာ့ စီေရာ္နယ္ဒုိတစ္ေယာက္ Gucci စတိုးဆိုင္မွာ ၀န္ထမ္းအျဖစ္လုပ္ကိုင္ခဲ့တဲ့ ေဂ်ာ္ဂ်ီနာနဲ႔အတူေနေနပါတယ္။ စီေရာ္နယ္ဒိုဟာ ေဂ်ာ္ဂ်ီနာနဲ႔လည္း သမီးမိန္းကေလးေမြးထားပါတယ္။ အခုအခ်ိန္မွာေတာ့ ကေလး ေလးေယာက္ဖခင္ စီေရာ္နယ္ဒိုတစ္ေယာက္ သာယာေပ်ာ္ရႊင္ဖြယ္မိသားစုဘ၀ကို ပိုင္ဆိုင္ႏိုင္ ဖို႔ႀကိဳးစားေနထိုင္ေနပါတယ္။