စိတ်ကြီးဝင်မှုအတွက် မန်ယူနဲ့ပွဲမှာပြန်ပေးဆပ်ခဲ့ရတာလို့ ဒယ်လီအလီဖွင့်ဟ

PC ; Internet

နည်းပြသစ်မော်ရင်ညိုနဲ့အတူ ရာနှုန်းပြည့်နိုင်ပွဲရခဲ့တာကြောင့် စိတ်ကြီးဝင်ခဲ့မှုအတွက် မန်ယူနဲ့ပွဲမှာ ပေးဆပ်ခဲ့ရတာဖြစ်တယ်လို့ စပါးကွင်းလယ်ကြယ်ပွင့်ဒယ်လီအလီက ဖွင့်ဟလိုက်ပါတယ်။ပြီးခဲ့တဲ့လက ပိုချက်တီနိုနေရာကိုဆက်ခံခဲ့ပြီးတဲ့နောက် မော်ရင်ညိုဟာ စပါးနည်းပြဘ၀ ပထမဆုံး ၃ပွဲလုံး အနိုင်ရအာင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ မနေ့က အိုးလ်ထရက်ဖို့ဒ်ကို ပထမဆုံးအကြိမ်အပြန်ခရီးမှာတော့ ၂-၁ဂိုးနဲ့ရှုံးနိမ့်ပြီး နိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့ရတာပါ။

PC L Internet

ရက်ရှ်ဖို့ဒ်ရဲ့အစောပိုင်းသွင်းဂိုးကို ပထမပိုင်းမပြီးခင်မှာ အလီကပြန်လည်ချေပပေးခဲ့ပေမယ့် ဒုတိယပိုင်းအစမှာ ပင်နယ်တီကတစ်ဆင့် အင်္ဂလန်တိုက်စစ်မှူးကပဲ အနိုင်ဂိုးသွင်းသွားခဲ့တာဖြစ်ပါတယ်။အသင်းရဲ့စိတ်ပျက်စရာကောင်းတဲ့ကစားပုံဟာ ၃ပွဲဆက်အနိုင်ဆိုတဲ့ရလဒ်ကြောင့် ယုံကြည်မှုလွန်ကဲခဲ့တာရဲ့ အကျိုးသက်ရောက်မှုလို့ အလီကယုံကြည်နေပါတယ်။

PC ; Internet

“ မန်ယူရဲ့စွမ်းအားကို ကျွန်တော်တို့မြင်တွေ့ခဲ့ကြရတယ်။ကစားပုံမကောင်းတာတစ်ခုတည်းကြောင့် ဒီပွဲကိုကျွန်တော်တို့ရှုံးခဲ့တာမဟုတ်ဘူး။စွမ်းဆောင်ရည်ပါ ကျရှုံးခဲ့တာပါ။ကျွန်တော်တို့မှာ လုံလောက်တဲ့ဆာလောင်စိတ်မရှိခဲ့ဘူး။ကျွန်တော်တို့ရဲ့လှုပ်ရှားမှုက အမြဲတမ်း သူတို့နောက်မှာချည်းပဲ။ဒါဟာ အနည်းငယ်စိတ်ကြီးဝင်မှုနဲ့ယုံကြည်မှုလွန်ကဲတာကြောင့်လို့ဆိုနိုင်ပါတယ်။ဒါကို ကျွန်တော်တို့ သင်ခန်းစာယူရမယ် ” လို့ ဒယ်လီအလီက ပြောဆိုသွားခဲ့ပါတယ်။

PC ; Internet

ဒီပွဲရလဒ်ကြောင့် မန်ယူဟာ လိုအပ်နေတဲ့နိုင်ပွဲနဲ့အတူ အမှတ်ပေးဇယားအဆင့်-၆နေရာတက်သွားပြီး မြို့ခံပြိုင်ဘက်မန်စီးတီးနဲ့ရင်ဆိုင်ရမယ့် မန်ချက်စတာဒါဘီအတွက် ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ခဲ့ပေမယ့် စပါးကတော့ အဆင့်-၈နေရာကိုဆင်းပေးခဲ့ရပါတယ်။

(zawgyi)

နည္းျပသစ္ေမာ္ရင္ညိဳနဲ႔အတူ ရာႏႈန္းျပည့္ႏိုင္ပြဲရခဲ့တာေၾကာင့္ စိတ္ႀကီး၀င္ခဲ့မႈအတြက္ မန္ယူနဲ႔ပြဲမွာ ေပးဆပ္ခဲ့ရတာျဖစ္တယ္လို႔ စပါးကြင္းလယ္ၾကယ္ပြင့္ဒယ္လီအလီက ဖြင့္ဟလိုက္ပါတယ္။ၿပီးခဲ့တဲ့လက ပိုခ်က္တီႏိုေနရာကိုဆက္ခံခဲ့ၿပီးတဲ့ေနာက္ ေမာ္ရင္ညိဳဟာ စပါးနည္းျပဘ၀ ပထမဆံုး ၃ပြဲလံုး အႏိုင္ရအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ မေန႔က အိုးလ္ထရက္ဖို႔ဒ္ကို ပထမဆံုးအႀကိမ္အျပန္ခရီးမွာေတာ့ ၂-၁ဂိုးနဲ႔ရံႈးနိမ့္ၿပီး ႏိုင္ပြဲဆက္မႈရပ္တန္႔သြားခဲ့ရတာပါ။ရက္ရွ္ဖို႔ဒ္ရဲ႕အေစာပိုင္းသြင္းဂိုးကို ပထမပိုင္းမၿပီးခင္မွာ အလီကျပန္လည္ေခ်ပေပးခဲ့ေပမယ့္ ဒုတိယပိုင္းအစမွာ ပင္နယ္တီကတစ္ဆင့္ အဂၤလန္တိုက္စစ္မွဴးကပဲ အႏိုင္ဂိုးသြင္းသြားခဲ့တာျဖစ္ပါတယ္။အသင္းရဲ႕စိတ္ပ်က္စရာေကာင္းတဲ့ကစားပံုဟာ ၃ပြဲဆက္အႏိုင္ဆိုတဲ့ရလဒ္ေၾကာင့္ ယံုၾကည္မႈလြန္ကဲခဲ့တာရဲ႕ အက်ိဳးသက္ေရာက္မႈလို႔ အလီကယံုၾကည္ေနပါတယ္။“ မန္ယူရဲ႕စြမ္းအားကို ကၽြန္ေတာ္တို႔ျမင္ေတြ႔ခဲ့ၾကရတယ္။ကစားပံုမေကာင္းတာတစ္ခုတည္းေၾကာင့္ ဒီပြဲကိုကၽြန္ေတာ္တို႔ရံႈးခဲ့တာမဟုတ္ဘူး။စြမ္းေဆာင္ရည္ပါ က်ရံႈးခဲ့တာပါ။ကၽြန္ေတာ္တို႔မွာ လံုေလာက္တဲ့ဆာေလာင္စိတ္မရွိခဲ့ဘူး။ကၽြန္ေတာ္တို႔ရဲ႕လႈပ္ရွားမႈက အၿမဲတမ္း သူတို႔ေနာက္မွာခ်ည္းပဲ။ဒါဟာ အနည္းငယ္စိတ္ႀကီး၀င္မႈနဲ႔ယံုၾကည္မႈလြန္ကဲတာေၾကာင့္လို႔ဆိုႏိုင္ပါတယ္။ဒါကို ကၽြန္ေတာ္တို႔ သင္ခန္းစာယူရမယ္ ” လို႔ ဒယ္လီအလီက ေျပာဆိုသြားခဲ့ပါတယ္။ဒီပြဲရလဒ္ေၾကာင့္ မန္ယူဟာ လိုအပ္ေနတဲ့ႏိုင္ပြဲနဲ႔အတူ အမွတ္ေပးဇယားအဆင့္-၆ေနရာတက္သြားၿပီး ၿမိဳ႔ခံၿပိဳင္ဘက္မန္စီးတီးနဲ႔ရင္ဆိုင္ရမယ့္ မန္ခ်က္စတာဒါဘီအတြက္ ယုံၾကည္မႈျပန္လည္တည္ေဆာက္ႏိုင္ခဲ့ေပမယ့္ စပါးကေတာ့ အဆင့္-၈ေနရာကိုဆင္းေပးခဲ့ရပါတယ္။