စပါးနဲ့ဝက်ဖို့ဒ်ကို အမှားအတွက် Hawk-Eye ပြန်တောင်းပန်

PC ; Internet

ပရီးမီးယားလိဂ်မှာ ဗွီဒီယိုအကူဒိုင်နည်းပညာ(VAR)အသုံးပြုဖို့ စီစဉ်ပံ့ပိုးပေးနေတဲ့ နည်းပညာကုမ္ပဏီ Hawk-Eye ကတော့ စပါးနဲ့ဝက်ဖို့ဒ် နှစ်သင်းလုံးကို သူတို့အမှားအတွက် တောင်းပန်လိုက်တယ်လို့ သိရပါတယ်။စနေညကစားခဲ့တဲ့ ဒီနှစ်သင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ၁-၁ ဂိုးနဲ့ပြီးဆုံးသွားခဲ့ပါတယ်။ဒါပေမဲ့ စပါးအတွက်ဒယ်လီအလီ ချေပဂိုးသွင်းပေးနိုင်ပေမယ့် ကွင်းထဲကဧရာမရုပ်သံဖန်သားပြင်ကြီးပေါ်မှာ VAR ဆုံးဖြတ်ချက်အရ No Goal လို့ ဖေါ်ပြထားတာကြောင့် အားလုံးဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြရပါတယ်။

PC ; Internet

အဲဒီအချိန်မှာ VAR အကဲဖြတ်အဖွဲ့က အလီလက်ထိဘော ဖြစ်မဖြစ်ပြန်ကြည့်နေတာဖြစ်ပြီး ဂိုးအဖြစ်ခွင့်ပြုပေးခဲ့ပေမယ့် ရုပ်သံဖန်သားပြင်မှာတော့ အရင်တင်ထားတာကြီး ပေါ်နေခဲ့တာဖြစ်ပါတယ်။“ ဇဝေဇဝါဖြစ်ကုန်ကြရသည့်အတွက် စပါးနှင့်ဝက်ဖို့ဒ်တို့အား Hawk-Eye မှ တောင်းပန်အပ်ပါသည်။ကျွန်တော်တို့သည် Professional Game Match Officials Board (အင်္ဂလန်ရှိပရော်ဖက်ရှင်နယ်တရားဝင်ပွဲများအားလုံးရဲ့တာဝန်ရှိအဖွဲ့အစည်း)နှင့် အတူတကွပူးပေါင်း လုပ်ဆောင်နေပါသည်။ပရီးမီးယားလိဂ်အနေဖြင့်လည်း ယခုပြသနာ၏အခြေခံအမှားအပေါ် နားလည်မည်ဟုယုံကြည်ပြီး ထပ်မံမဖြစ်ပွားစေရန် လေ့လာမှုများစွာဖြင့်ကာကွယ်သွားမည်ဖြစ်ပါသည် ” လို့ Hawk-Eye ရဲ့ကြေညာချက်မှာ ပါရှိပါတယ်။

PC ; Internet

ဝက်ဖို့ဒ်ဟာ အဲဒီပွဲစဉ် ပထမပိုင်းမှာ ပင်နယ်တီအခွင့်အရေးတစ်ရပ်ရခဲ့ပေမယ့် VAR ကြောင့် ငြင်းဆန်ခံခဲ့ရပြီး နိုင်ပွဲမရသေးတဲ့ တစ်ခုတည်းသောအသင်းအဖြစ် အမှတ်ပေးဇယားကြမ်းခင်းမှာ ရပ်တည်နေရပါတယ်။

(zawgyi)

ပရီးမီးယားလိဂ္မွာ ဗီြဒီယိုအကူဒိုင္နည္းပညာ(VAR)အသံုးျပဳဖို႔ စီစဥ္ပံ့ပိုးေပးေနတဲ့ နည္းပညာကုမၸဏီ Hawk-Eye ကေတာ့ စပါးနဲ႔၀က္ဖို႔ဒ္ ႏွစ္သင္းလံုးကို သူတို႔အမွားအတြက္ ေတာင္းပန္လိုက္တယ္လို႔ သိရပါတယ္။စေနညကစားခဲ့တဲ့ ဒီႏွစ္သင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ဟာ ၁-၁ ဂိုးနဲ႔ၿပီးဆံုးသြားခဲ့ပါတယ္။ဒါေပမဲ့ စပါးအတြက္ဒယ္လီအလီ ေခ်ပဂိုးသြင္းေပးႏိုင္ေပမယ့္ ကြင္းထဲကဧရာမရုပ္သံဖန္သားျပင္ႀကီးေပၚမွာ VAR ဆံုးျဖတ္ခ်က္အရ No Goal လို႔ ေဖၚျပထားတာေၾကာင့္ အားလံုးဘာလုပ္ရမွန္းမသိျဖစ္ကုန္ၾကရပါတယ္။အဲဒီအခ်ိန္မွာ VAR အကဲျဖတ္အဖြဲ႔က အလီလက္ထိေဘာ ျဖစ္မျဖစ္ျပန္ၾကည့္ေနတာျဖစ္ၿပီး ဂိုးအျဖစ္ခြင့္ျပဳေပးခဲ့ေပမယ့္ ရုပ္သံဖန္သားျပင္မွာေတာ့ အရင္တင္ထားတာႀကီး ေပၚေနခဲ့တာျဖစ္ပါတယ္။“ ဇေ၀ဇ၀ါျဖစ္ကုန္ၾကရသည့္အတြက္ စပါးႏွင့္၀က္ဖို႔ဒ္တို႔အား Hawk-Eye မွ ေတာင္းပန္အပ္ပါသည္။ကၽြန္ေတာ္တို႔သည္ Professional Game Match Officials Board (အဂၤလန္ရွိပေရာ္ဖက္ရွင္နယ္တရား၀င္ပြဲမ်ားအားလံုးရဲ႕တာ၀န္ရွိအဖြဲ႔အစည္း)ႏွင့္ အတူတကြပူးေပါင္း လုပ္ေဆာင္ေနပါသည္။ပရီးမီးယားလိဂ္အေနျဖင့္လည္း ယခုျပသနာ၏အေျခခံအမွားအေပၚ နားလည္မည္ဟုယံုၾကည္ၿပီး ထပ္မံမျဖစ္ပြားေစရန္ ေလ့လာမႈမ်ားစြာျဖင့္ကာကြယ္သြားမည္ျဖစ္ပါသည္ ” လို႔ Hawk-Eye ရဲ႕ေၾကညာခ်က္မွာ ပါရွိပါတယ္။၀က္ဖို႔ဒ္ဟာ အဲဒီပြဲစဥ္ ပထမပိုင္းမွာ ပင္နယ္တီအခြင့္အေရးတစ္ရပ္ရခဲ့ေပမယ့္ VAR ေၾကာင့္ ျငင္းဆန္ခံခဲ့ရၿပီး ႏိုင္ပြဲမရေသးတဲ့ တစ္ခုတည္းေသာအသင္းအျဖစ္ အမွတ္ေပးဇယားၾကမ္းခင္းမွာ ရပ္တည္ေနရပါတယ္။