ဂွာဒီယိုလာရဲ့အနာဂတ်သေချာမှ စာချုပ်သစ်ကို စတာလင်းလက်မှတ်ထိုးမယ်လို့ဆို

မန်စီးတီးအသင်းဟာ တောင်ပံကစားသမား စတာလင်းကို တစ်ပတ်လစာပေါင် ၄၅၀၀၀၀ အထိပေးမယ့် စာချုပ်သစ်ကမ်းလှမ်းထားပေမယ့် နည်းပြဂွာဒီယိုလာရဲ့ အနာဂတ်ကိုသေချာသိမှ လက်မှတ်ရေးထိုးဖို့ စီစဉ်ထားတယ်လို့ သတင်းတစ်ရပ်မှာဖော်ပြသွားပါတယ်။

စတာလင်းဟာ မန်စီးတီးအတွက် ခြေစွမ်းပြနေပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းဝင်ဖြစ်လာတဲ့သူပါ။ သူဟာပြီးခဲ့တဲ့ ၁၂ လကမှစာချုပ်သစ်လက်မှတ်ထိုးထားသူဖြစ်ပေမယ့် သူ့ကိုထိပ်သီးအသင်းတွေက ခေါ်ယူဖို့စောင့်ကြည့်လာကြတဲ့အတွက် စာချုပ်သက်တမ်းထပ်တိုးဖို့ မန်စီးတီးက ပြင်ဆင်နေတာဖြစ်ပါတယ်။

အသက် ၂၄ နှစ်ရှိတဲ့ စတာလင်းဟာ စာချုပ်သစ်အရ တစ်ပတ်လစာပေါင် ၄၅၀၀၀၀ အထိရရှိမှာဖြစ်ပေမယ့် ဂွာဒီယိုလာ ကအသင်းမှာရေရှည်ဆက်ရှိမှ လက်မှတ်ရေးထိုးဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ သူဟာ ဂွာဒီယိုလာလက်ထက်မှာ ခြေစွမ်းအရမ်းကိုတိုးတက်လာသူဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကနေစပြီးတွက်ကြည့်မယ်ဆိုရင် ၆၈ ပွဲကစားခဲ့ရာမှာ ၃၉ ဂိုးသွင်းပြီး ၂၃ ဂိုးဖန်တီးပေးခဲ့တဲ့အထိ သူ့ခြေစွမ်းမြင့်မားခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ၁၈ လကျန်နေသေးပြီး ဘိုင်ယန်နဲ့သတင်းထွက်ပေါ်နေမှုကို ငြင်းပယ်ခဲ့ပြီး မန်စီးတီးမှာ ဆက်ရှိမယ်လို့ ပြောထားပေမယ့် သူ့ကိုရေရှည်ဆက်နေဖို့ စတာလင်းကဆန္ဒရှိနေတာပါ။ သူသာ စာချုပ်သက်တမ်းမကုန်ခင် အသင်းကထွက်မယ်ဆိုရင် စတာလင်းကလည်း ဂွာဒီယိုလာရှိရာကို လိုက်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် နည်းပြရဲ့အနာဂတ်သေချာမှ လက်မှတ်ရေးထိုးဖို့ သူကပြင်ဆင်ထားတာဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိစာချုပ်အရ စတာလင်းဟာ တစ်ပတ်ကိုပေါင် ၃၀၀၀၀၀ ရရှိနေတယ်လို့လည်း သိရပါတယ်။ သူဟာ ၂၀၁၅ ကလီဗာပူးကနေပေါင် ၄၉ သန်းနဲ့ မန်စီးတီးကိုပြောင်းလာတဲ့သူ ဖြစ်ပါတယ်။

Zawgyi

ဂြာဒီယိုလာရဲ႕အနာဂတ္ေသခ်ာမွ စာခ်ဳပ္သစ္ကို ဒစတာလင္းလက္မွတ္ထိုးမယ္လို႔ဆို

မန္စီးတီးအသင္းဟာ ေတာင္ပံကစားသမား စတာလင္းကို တစ္ပတ္လစာေပါင္ ၄၅၀၀၀၀ အထိေပးမယ္႔ စာခ်ဳပ္သစ္ကမ္းလွမ္းထားေပမယ္႔ နည္းျပဂြာဒီယိုလာရဲ႕ အနာဂတ္ကိုေသခ်ာသိမွ လက္မွတ္ေရးထိုးဖို႔ စီစဥ္ထားတယ္လို႔ သတင္းတစ္ရပ္မွာေဖာ္ျပသြားပါတယ္။

စတာလင္းဟာ မန္စီးတီးအတြက္ ေျခစြမ္းျပေနၿပီး ကမၻာ႔အေကာင္းဆုံး ကစားသမားစာရင္း၀င္ျဖစ္လာတဲ႔သူပါ။ သူဟာၿပီးခဲ့တဲ႔ ၁၂ လကမွစာခ်ဳပ္သစ္လက္မွတ္ထိုးထားသူျဖစ္ေပမယ္႔ သူ႔ကိုထိပ္သီးအသင္းေတြက ေခၚယူဖို႔ေစာင့္ၾကည့္လာၾကတဲ႔အတြက္ စာခ်ဳပ္သက္တမ္းထပ္တိုးဖို႔ မန္စီးတီးက ျပင္ဆင္ေနတာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္ရွိတဲ႔ စတာလင္းဟာ စာခ်ဳပ္သစ္အရ တစ္ပတ္လစာေပါင္ ၄၅၀၀၀၀ အထိရရွိမွာျဖစ္ေပမယ္႔ ဂြာဒီယိုလာ ကအသင္းမွာေရရွည္ဆက္ရွိမွ လက္မွတ္ေရးထိုးဖို႔ ျပင္ဆင္ထားတာျဖစ္ပါတယ္။ သူဟာ ဂြာဒီယိုလာလက္ထက္မွာ ေျခစြမ္းအရမး္ကိုတိုးတက္လာသူျဖစ္ၿပီး ၿပီးခဲ့တဲ႔ ရာသီကေနစၿပီးတြက္ၾကည့္မယ္ဆိုရင္ ၆၈ ပြဲကစားခဲ့ရာမွာ ၃၉ ဂိုးသြင္းၿပီး ၂၃ ဂိုးဖန္တီးေပးခဲ့တဲ႔အထိ သူ႔ေျခစြမ္းျမင့္မားခဲ့တာျဖစ္ပါတယ္။

ဂြာဒီယိုလာဟာ မန္စီးတီးနဲ႔ စာခ်ဳပ္သက္တမ္း ၁၈ လက်န္ေနေသးၿပီး ဘိုင္ယန္နဲ႔သတင္းထြက္ေပၚေနမႈကို ျငင္းပယ္ခဲ့ၿပီး မန္စီးတီးမွာ ဆက္ရွိမယ္လို႔ ေျပာထားေပမယ္႔ သူ႔ကိုေရရွည္ဆက္ေနဖို႔ စတာလင္းကဆႏၵရွိေနတာပါ။ သူသာ စာခ်ဳပ္သက္တမ္းမကုန္ခင္ အသင္းကထြက္မယ္ဆိုရင္ စတာလင္းကလည္း ဂြာဒီယိုလာရွိရာကို လိုက္ဖို႔ ျပင္ဆင္ထားတယ္လို႔လည္း ဆိုပါတယ္။

ဒါေၾကာင့္ နည္းျပရဲ႕အနာဂတ္ေသခ်ာမွ လက္မွတ္ေရးထိုးဖို႔ သူကျပင္ဆင္ထားတာျဖစ္ပါတယ္။ သူ႔ရဲ႕လက္ရွိစာခ်ဳပ္အရ စတာလင္းဟာ တစ္ပတ္ကိုေပါင္ ၃၀၀၀၀၀ ရရွိေနတယ္လို႔လည္း သိရပါတယ္။ သူဟာ ၂၀၁၅ ကလီဗာပူးကေနေပါင္ ၄၉ သန္းနဲ႔ မန္စီးတီးကိုေျပာင္းလာတဲ႔သူ ျဖစ္ပါတယ္။