ဂွါဒီယိုလာနဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲတွေမှာ ရလဒ်မကောင်းခဲ့တဲ့ စီရော်နယ်လ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနက်ဖြန်(စနေနေ့)ကျရင် ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် မန်ချက်စတာယူနိုက်တက်နဲ့မန်စီးတီးအသင်းတို့ကစားမယ့်

မန်ချက်စတာဒါဘီပွဲစဉ်ပါဝင်နေပြီး နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ သူ့ပြိုင်ဘက်ဟောင်းဂွါဒီယိုလာနဲ့တစ်ကျော့ပြန်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ဒီရာသီမှာ (၁၂)နှစ်ကြာဝေးကွာနေတဲ့ သူ့အသင်းဟောင်းဆီပြန်လည်ရောက်ရှိခဲ့ပြီး

အသင်းအတွက်ပွဲဦးထွက်ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲကစလို့ အခုအချိန်အထိတောက်လျှောက်ဂိုးတွေသွင်းယူနေသလို အခုဆိုရင် ပြိုင်ပွဲစုံ(၁၁)ပွဲကစား၊ (၉)ဂိုးအထိသွင်းထားတာပါ။

ဂွါဒီယိုလာကတော့ ဒါဘီပွဲမတိုင်ခင် စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးပါလို့ ချီးကျူးခဲ့ပေမယ့် စီရော်နယ်လ်ဒိုဟာ ဂွါဒီယိုလာနဲ့ဆုံတွေ့ဖူးတဲ့ပွဲမှတ်တမ်းအရ ပွဲအများစုမှာရုန်းကန်ခဲ့ရပါတယ်။

ဂွါဒီယိုလာနဲ့ဆုံတွေ့ခဲ့တဲ့ (၁၆)ပွဲမှာ စီရော်နယ်လ်ဒိုက (၄)ပွဲသာအနိုင်ရခဲ့ပြီး ဂွါဒီယိုလာရဲ့အသင်းက (၈)ပွဲအထိအနိုင်ရခဲ့ပြီး (၄)ပွဲသရေကျခဲ့ပြီးတော့ အဲဒီ(၁၆)ပွဲမှာ စီရော်နယ်လ်ဒိုက (၇)ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာဒါဘီပွဲမတိုင်ခင် ဂွါဒီယိုလာက “အတ္တလန်တာနဲ့ယူနိုက်တက်ကစားခဲ့တဲ့ပွဲကို ကျွန်တော်မကြည့်လိုက်ရပါဘူး။

အဲဒီပွဲကို ပြန်ကြည့်ပြီးတော့ ယူနိုက်တက်အသင်းရဲ့အနေအထားကို သုံးသပ်သွားမှာဖြစ်ပြီး အဲ့တော့မှ သူတို့အသင်းဘယ်လောက်ကောင်းလဲဆိုတာ ကျွန်တော်သိရမှာပါ။

အခုဆိုရင် သူတို့အသင်းမှာ ဂိုးသွင်းစက်တစ်လုံးလို့သတ်မှတ်ရမယ့် ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတစ်ဦးလည်းရှိနေပါပြီဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

စီရော်နယ်လ်ဒိုဟာ ယူနိုက်တက်ကစားသမားဘဝပထမဆုံးအကြိမ် နောက်ဆုံးရာသီဖြစ်တဲ့ ၂၀၀၈-၀၉ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဂွါဒီယိုလာရဲ့ဘာစီလိုနာအသင်းနဲ့ ပထမဆုံးရင်ဆိုင်ခဲ့ရပြီး

(၂-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့သလို ရီးယဲလ်အသင်းကို ပြောင်းခဲ့ချိန်မှာလည်း ဘာစီလိုနာအသင်းကို ၂၀၀၉-၁၀ လာလီဂါမှာ (၁-၀)၊ (၂-၀)ဂိုးတွေနဲ့ ဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၀-၁၁ ရာသီ၊ နူးကမ့်မှာကစားခဲ့တဲ့လာလီဂါပွဲတုန်းက (၅-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ဒါက စီရော်နယ်လ်ဒိုရဲ့ကစားသမားဘဝမှာ အကြီးမားဆုံးရှုံးပွဲတစ်ပွဲလည်းဖြစ်ပါတယ်။

စီရော်နယ်လ်ဒိုအနေနဲ့ ဂွါဒီယိုလာကို ပြတ်ပြတ်သားသားအနိုင်ရခဲ့တာက သူတို့နှစ်ယောက် နောက်ဆုံးရင်ဆိုင်ခဲ့ရတဲ့

၂၀၁၃-၁၄ ချန်ပီယံလိဆီမီးဖိုင်နယ်ပွဲမှာဖြစ်ပြီး ရီးယဲလ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့ပေါင်း(၅-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့အပြင် စီရော်နယ်လ်ဒိုလည်း (၂)ဂိုးသွင်းယူခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂြါဒီယိုလာနဲ႔ရင္ဆိုင္ခဲ့ရတဲ့ပြဲေတြမွာ ရလဒ္မေကာင္းခဲ့တဲ့ စီေရာ္နယ္လ္ဒို

မနက္ျဖန္(စေနေန႔)က်ရင္ ပရီးမီးယားလိဂ္ပြဲႀကီးပြဲေကာင္းအျဖစ္ မန္ခ်က္စတာယူႏိုက္တက္နဲ႔မန္စီးတီးအသင္းတို႔ကစားမယ့္ မန္ခ်က္စတာဒါဘီပြဲစဥ္ပါဝင္ေနၿပီး နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ သူ႔ၿပိဳင္ဘက္ေဟာင္းဂြါဒီယိုလာနဲ႔တစ္ေက်ာ့ျပန္ရင္ဆိုင္ရမွာျဖစ္ပါတယ္။

အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ စီေရာ္နယ္လ္ဒိုဟာ ဒီရာသီမွာ (၁၂)ႏွစ္ၾကာေဝးကြာေနတဲ့ သူ႔အသင္းေဟာင္းဆီျပန္လည္ေရာက္ရွိခဲ့ၿပီး အသင္းအတြက္ပြဲဦးထြက္ကစားခဲ့တဲ့ နယူးကာဆယ္နဲ႔ပြဲကစလို႔ အခုအခ်ိန္အထိေတာက္ေလွ်ာက္ဂိုးေတြသြင္းယူေနသလို အခုဆိုရင္ ၿပိဳင္ပြဲစုံ(၁၁)ပြဲကစား၊ (၉)ဂိုးအထိသြင္းထားတာပါ။ ဂြါဒီယိုလာကေတာ့ ဒါဘီပြဲမတိုင္ခင္ စီေရာ္နယ္လ္ဒိုဟာ ကမာၻ႔အေကာင္းဆုံးကစားသမားတစ္ဦးပါလို႔ ခ်ီးက်ဴးခဲ့ေပမယ့္ စီေရာ္နယ္လ္ဒိုဟာ ဂြါဒီယိုလာနဲ႔ဆုံေတြ႕ဖူးတဲ့ပြဲမွတ္တမ္းအရ ပြဲအမ်ားစုမွာ႐ုန္းကန္ခဲ့ရပါတယ္။

ဂြါဒီယိုလာနဲ႔ဆုံေတြ႕ခဲ့တဲ့ (၁၆)ပြဲမွာ စီေရာ္နယ္လ္ဒိုက (၄)ပြဲသာအႏိုင္ရခဲ့ၿပီး ဂြါဒီယိုလာရဲ႕အသင္းက (၈)ပြဲအထိအႏိုင္ရခဲ့ၿပီး (၄)ပြဲသေရက်ခဲ့ၿပီးေတာ့ အဲဒီ(၁၆)ပြဲမွာ စီေရာ္နယ္လ္ဒိုက (၇)ဂိုးသာသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာဒါဘီပြဲမတိုင္ခင္ ဂြါဒီယိုလာက “အတၱလန္တာနဲ႔ယူႏိုက္တက္ကစားခဲ့တဲ့ပြဲကို ကြၽန္ေတာ္မၾကည့္လိုက္ရပါဘူး။ အဲဒီပြဲကို ျပန္ၾကည့္ၿပီးေတာ့ ယူႏိုက္တက္အသင္းရဲ႕အေနအထားကို သုံးသပ္သြားမွာျဖစ္ၿပီး အဲ့ေတာ့မွ သူတို႔အသင္းဘယ္ေလာက္ေကာင္းလဲဆိုတာ ကြၽန္ေတာ္သိရမွာပါ။ အခုဆိုရင္ သူတို႔အသင္းမွာ ဂိုးသြင္းစက္တစ္လုံးလို႔သတ္မွတ္ရမယ့္ ေဘာလုံးသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားတစ္ဦးလည္းရွိေနပါၿပီျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

စီေရာ္နယ္လ္ဒိုဟာ ယူႏိုက္တက္ကစားသမားဘဝပထမဆုံးအႀကိမ္ ေနာက္ဆုံးရာသီျဖစ္တဲ့ ၂၀၀၈-၀၉ ရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဂြါဒီယိုလာရဲ႕ဘာစီလိုနာအသင္းနဲ႔ ပထမဆုံးရင္ဆိုင္ခဲ့ရၿပီး (၂-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့သလို ရီးယဲလ္အသင္းကို ေျပာင္းခဲ့ခ်ိန္မွာလည္း ဘာစီလိုနာအသင္းကို ၂၀၀၉-၁၀ လာလီဂါမွာ (၁-၀)၊ (၂-၀)ဂိုးေတြနဲ႔ ဆက္တိုက္ရႈံးနိမ့္ခဲ့ပါတယ္။

ဒါ့အျပင္ ၂၀၁၀-၁၁ ရာသီ၊ ႏူးကမ့္မွာကစားခဲ့တဲ့လာလီဂါပြဲတုန္းက (၅-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ဒါက စီေရာ္နယ္လ္ဒိုရဲ႕ကစားသမားဘဝမွာ အႀကီးမားဆုံးရႈံးပြဲတစ္ပြဲလည္းျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုအေနနဲ႔ ဂြါဒီယိုလာကို ျပတ္ျပတ္သားသားအႏိုင္ရခဲ့တာက သူတို႔ႏွစ္ေယာက္ ေနာက္ဆုံးရင္ဆိုင္ခဲ့ရတဲ့ ၂၀၁၃-၁၄ ခ်န္ပီယံလိဆီမီးဖိုင္နယ္ပြဲမွာျဖစ္ၿပီး ရီးယဲလ္အသင္းက ဘိုင္ယန္ျမဴးနစ္အသင္းကို ႏွစ္ေက်ာ့ေပါင္း(၅-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အျပင္ စီေရာ္နယ္လ္ဒိုလည္း (၂)ဂိုးသြင္းယူခဲ့ပါတယ္။