ဂျူဗင်တပ်စ်နည်းပြသစ်ဖြစ်လာဖို့ မထင်မှတ်ဘဲ ရေပန်းစားနေတဲ့ ဟန်စီဖလစ်ခ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟန်စီဖလစ်ခ်ဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂျူဗင်တပ်စ်နည်းပြပီယာလိုရဲ့နေရာမှာ အစားထိုးခန့်အပ်ခံရဖို့ မထင်မှတ်ဘဲရေပန်းစားနေပါတယ်။ ဟန်စီဖလစ်ခ်ဟာ ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်နဲ့ ဆက်ဆံရေးအဆင်မပြေမှုတွေကြောင့် အခုရာသီကုန်ကျရင် နည်းပြအဖြစ်ကနေ နုတ်ထွက်တော့မှာဖြစ်တဲ့အတွက် ဂျူဗင်တပ်စ်အသင်းဟာ ဟန်စီဖလစ်ခ်ကို နည်းပြခန့်အပ်ဖို့ပစ်မှတ်ထားနေတာဖြစ်တယ်လို့ ဂျာမန်နာမည်ကျော်သတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အမှုဆောင်ချုပ်ရူမင်နစ်ဂီကတော့ ဟန်စီဖလစ်ခ်နဲ့ဆာလီဟာမစ်ဇ်တို့ရဲ့ ဆက်ဆံရေးကပြန်လည်အဆင်ပြေသွားပြီလို့ဆိုခဲ့ပေမယ့်လည်း ဒါက ဟန်စီဖလစ်ခ်နဲ့ အသင်းရဲ့ကြားမှာ ဘာပြဿနာမှမရှိဘဲ၊ သူ့ဆန္ဒအရနည်းပြရာထူးက နုတ်ထွက်တယ်ဆိုတဲ့သဘောဖြစ်အောင် ကာကွယ်ပြောဆိုခဲ့တာမျိုးပါပဲ။

ဟန်စီဖလစ်ခ်ရဲ့ စာချုပ်သက်တမ်းက ၂၀၂၃ ခုနှစ်အထိကျန်ရှိနေပြီး သူက ပြီးခဲ့တဲ့ရာသီတုန်းက ဘိုင်ယန်မြူးနစ်အသင်းကို (၁)နှစ်အတွင်း ဆုဖလား(၆)ခုအထိရရှိအောင်စွမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ဟန်စီဖလစ်ခ်အနေနဲ့ သူ့အနာဂတ်ကို ဘယ်အသင်းမှာဖြတ်သန်းမလဲဆိုတာ မသိရသေးပေမယ့် ဂျာမနီလက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ခံရဖို့ရှိတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ လက်ရှိဂျာမနီအသင်းနည်းပြဂျိုအာချင်လိုးဟာ ဒီနှစ်ထဲမှာကျင်းပမယ့် ယူရို-၂၀၂၀ ပြိုင်ပွဲအပြီး အသင်းနဲ့လမ်းခွဲဖို့ရှိနေတာကြောင့် အဲဒီနေရာအတွက် အသင့်တော်ဆုံးနည်းပြက ဟန်စီဖလစ်ခ်ဖြစ်တယ်လို့ ဂျာမန်မီဒီယာတွေကထောက်ခံနေကြတာပါ။

ဟန်စီဖလစ်ခ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဂျိုအာချင်လိုးရဲ့လက်ထောက်အဖြစ်ဆောင်ရွက်ခဲ့ဖူးပြီး ဂျိုအာချင်လိုးဆီကနေ ပညာသင်ယူပြီးတဲ့နောက်မှာ အခုအချိန်မှာတော့ အောင်မြင်တဲ့နည်းပြအဖြစ် ရပ်တည်နေပါပြီ။ စီးရီးအေထိပ်သီးဂျူဗင်တပ်စ်အသင်းကလည်း ဒီရာသီမှာ ရလဒ်ဆိုးတွေနဲ့မတည်မငြိမ်ဖြစ်နေတဲ့အတွက် သူတို့အသင်းနည်းပြပီယာလိုကို ရာထူးက စောစောထုတ်ပယ်ပြီး ဟန်စီဖလစ်ခ်ကို နည်းပြသစ်ခန့်အပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ပီယာလိုလက်ထက်မှာ လူငယ်ကစားသမားတချို့ထွက်ပေါ်လာခဲ့ပေမယ့် ရလဒ်ပိုင်းမှာတော့ အားရစရာမရှိသေးဘဲ ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်က ထွက်ခဲ့ရသလို၊ စီးရီးအေမှာလည်း ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်မရှိသလောက်ဖြစ်နေပြီး ဆုဖလားမျှော်လင့်ချက်ဆိုလို့ ကိုပါအီတာလီယာဖလားပဲကျန်ပါတော့တယ်။

အဲဒါကြောင့် ပီယာလိုရဲ့အနာဂတ်က မသေမချာဖြစ်နေသလို ဂျူဗင်တပ်စ်အသင်းတာဝန်ရှိသူတွေက ပီယာလိုကို ရာထူးကထုတ်ပယ်ဖြစ်ခဲ့ရင် ဟန်စီဖလစ်ခ်နဲ့အစားထိုးဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဂ်ဴဗင္တပ္စ္နည္းျပသစ္ျဖစ္လာဖို႔ မထင္မွတ္ဘဲ ေရပန္းစားေနတဲ့ ဟန္စီဖလစ္ခ္

ဘိုင္ယန္ျမဴးနစ္အသင္းနည္းျပဟန္စီဖလစ္ခ္ဟာ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ဂ်ဴဗင္တပ္စ္နည္းျပပီယာလိုရဲ႕ေနရာမွာ အစားထိုးခန႔္အပ္ခံရဖို႔ မထင္မွတ္ဘဲေရပန္းစားေနပါတယ္။ ဟန္စီဖလစ္ခ္ဟာ ဘိုင္ယန္ျမဴးနစ္အားကစားဒါ႐ိုက္တာ ဆာလီဟာမစ္ဇစ္နဲ႔ ဆက္ဆံေရးအဆင္မေျပမႈေတြေၾကာင့္ အခုရာသီကုန္က်ရင္ နည္းျပအျဖစ္ကေန ႏုတ္ထြက္ေတာ့မွာျဖစ္တဲ့အတြက္ ဂ်ဴဗင္တပ္စ္အသင္းဟာ ဟန္စီဖလစ္ခ္ကို နည္းျပခန႔္အပ္ဖို႔ပစ္မွတ္ထားေနတာျဖစ္တယ္လို႔ ဂ်ာမန္နာမည္ေက်ာ္သတင္းစာ Bild က ေဖာ္ျပခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္အမႈေဆာင္ခ်ဳပ္႐ူမင္နစ္ဂီကေတာ့ ဟန္စီဖလစ္ခ္နဲ႔ဆာလီဟာမစ္ဇ္တို႔ရဲ႕ ဆက္ဆံေရးကျပန္လည္အဆင္ေျပသြားၿပီလို႔ဆိုခဲ့ေပမယ့္လည္း ဒါက ဟန္စီဖလစ္ခ္နဲ႔ အသင္းရဲ႕ၾကားမွာ ဘာျပႆနာမွမရွိဘဲ၊ သူ႔ဆႏၵအရနည္းျပရာထူးက ႏုတ္ထြက္တယ္ဆိုတဲ့သေဘာျဖစ္ေအာင္ ကာကြယ္ေျပာဆိုခဲ့တာမ်ိဳးပါပဲ။ ဟန္စီဖလစ္ခ္ရဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၃ ခုႏွစ္အထိက်န္ရွိေနၿပီး သူက ၿပီးခဲ့တဲ့ရာသီတုန္းက ဘိုင္ယန္ျမဴးနစ္အသင္းကို (၁)ႏွစ္အတြင္း ဆုဖလား(၆)ခုအထိရရွိေအာင္စြမ္းေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။

ဟန္စီဖလစ္ခ္အေနနဲ႔ သူ႔အနာဂတ္ကို ဘယ္အသင္းမွာျဖတ္သန္းမလဲဆိုတာ မသိရေသးေပမယ့္ ဂ်ာမနီလက္ေ႐ြးစင္အသင္းနည္းျပအျဖစ္ ခန႔္အပ္ခံရဖို႔ရွိတယ္ဆိုတဲ့သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ လက္ရွိဂ်ာမနီအသင္းနည္းျပဂ်ိဳအာခ်င္လိုးဟာ ဒီႏွစ္ထဲမွာက်င္းပမယ့္ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲအၿပီး အသင္းနဲ႔လမ္းခြဲဖို႔ရွိေနတာေၾကာင့္ အဲဒီေနရာအတြက္ အသင့္ေတာ္ဆုံးနည္းျပက ဟန္စီဖလစ္ခ္ျဖစ္တယ္လို႔ ဂ်ာမန္မီဒီယာေတြကေထာက္ခံေနၾကတာပါ။ ဟန္စီဖလစ္ခ္ဟာ ၂၀၁၄ ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ဂ်ိဳအာခ်င္လိုးရဲ႕လက္ေထာက္အျဖစ္ေဆာင္႐ြက္ခဲ့ဖူးၿပီး ဂ်ိဳအာခ်င္လိုးဆီကေန ပညာသင္ယူၿပီးတဲ့ေနာက္မွာ အခုအခ်ိန္မွာေတာ့ ေအာင္ျမင္တဲ့နည္းျပအျဖစ္ ရပ္တည္ေနပါၿပီ။ စီးရီးေအထိပ္သီးဂ်ဴဗင္တပ္စ္အသင္းကလည္း ဒီရာသီမွာ ရလဒ္ဆိုးေတြနဲ႔မတည္မၿငိမ္ျဖစ္ေနတဲ့အတြက္ သူတို႔အသင္းနည္းျပပီယာလိုကို ရာထူးက ေစာေစာထုတ္ပယ္ၿပီး ဟန္စီဖလစ္ခ္ကို နည္းျပသစ္ခန႔္အပ္ဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။

ပီယာလိုလက္ထက္မွာ လူငယ္ကစားသမားတခ်ိဳ႕ထြက္ေပၚလာခဲ့ေပမယ့္ ရလဒ္ပိုင္းမွာေတာ့ အားရစရာမရွိေသးဘဲ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္က ထြက္ခဲ့ရသလို၊ စီးရီးေအမွာလည္း ခ်န္ပီယံျဖစ္ဖို႔ ေမွ်ာ္လင့္ခ်က္မရွိသေလာက္ျဖစ္ေနၿပီး ဆုဖလားေမွ်ာ္လင့္ခ်က္ဆိုလို႔ ကိုပါအီတာလီယာဖလားပဲက်န္ပါေတာ့တယ္။ အဲဒါေၾကာင့္ ပီယာလိုရဲ႕အနာဂတ္က မေသမခ်ာျဖစ္ေနသလို ဂ်ဴဗင္တပ္စ္အသင္းတာဝန္ရွိသူေတြက ပီယာလိုကို ရာထူးကထုတ္ပယ္ျဖစ္ခဲ့ရင္ ဟန္စီဖလစ္ခ္နဲ႔အစားထိုးဖို႔ ပစ္မွတ္ထားေနတာလည္းျဖစ္ပါတယ္။