ချဲလ်ဆီးကို နိုင်ခဲ့တဲ့ပွဲက သရဲနီတို့ရဲ့စွမ်းဆောင်ရည်သတ်မှတ်ချက်များ…..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဒီမနက်ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ချဲလ်ဆီးပွဲစဉ်မှာ ယူနိုက်တက်အသင်းက နှစ်ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရရှိသွားခဲ့ပါပြီ။ ဒါကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့အဆင့်(၇)နေရာကိုတက်လှမ်းလာ နိုင်ခဲ့ပြီးတော့ အဆင့်(၄)နေရာကချဲလ်ဆီးနဲ့လည်း (၃)မှတ်သာကွာဟပါတော့မယ်။

Photo internet

ယူနိက်တက်အသင်းက ၃-၅-၂ ဆန်တဲ့ကစားကွက်မှာ ဘရူနို ပါဝင်လာပေမယ့် လင်ဒီလောဖ့်မပါဝင်နိုင်တာကြောင့် အဲရစ်ဘိုင်ယီက အစားဝင်တာကလွဲရင် အသင်းကြီးတွေနဲ့ရင်ဆိုင်ရတိုင်းအသုံးပြုနေကြခံစစ်နှစ်ထပ်လူစာရင်းကိုပဲ အသုံးပြုခဲ့ပါတယ်။ အဲဒီပွဲမှာယူနိုက်တက်က အဝေးကွင်းမှာအနိုင်ရရှိခဲ့ပေမယ့် VAR ဆုံးဖြတ်ချက်တွေက အများကြီးအထောက်အကူပေးခဲ့တဲ့အပိုင်းတွေလည်းရှိပါတယ်။ ချဲလ်ဆီးကိုအနိုင်ရခဲ့တဲ့ပွဲက သရဲနီတို့ရဲ့စွမ်းဆောင်ရည်သတ်မှတ်ချက်တွေကိုတင်ဆက်ပေးလိုက်ပါတယ်။
ဒီဂီယာ -7
ချယ်လ်ဆီး ဖက်က ဂိုးသွင်းနိုင်မှုတွေရှိပေမယ့် အရာတော့မရောက်ခဲ့ပါဘူး။ အခြားကန်သွင်းချက်တွေမှာ လည်းလွဲချော်မှုတွေရှိခဲ့ပါတယ်။ ဒီပွဲမှာ ဒီဂီယာတစ်ယောက်အရမ်းကြီးတော့အခက်မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် Clean Sheet အတွက်တော့ active ဖြစ်နေခဲ့ပါတယ် ။

Photo internet

ဝမ်ဘစ်ဆာကာ-7
အကောင်းဆုံးနဲ့အမှားအယွင်းအနည်းဆုံးကစားနိုင်ခဲ့ပါတယ်။ အသင်းဖော်တွေနဲ့လည်းချိတ်ဆက် ကစားနိုင်ခဲ့ပါတယ်။
ဘိုင်လီ-8
ယုံကြည်မှုရှိရှိကစားသွားတဲ့ဟန်တွေတွေ့ခဲ့ရပါတယ်။ အရေးကြီးတဲ့စိန်ခေါ်မှုတွေလုပ်ဆောင် သွားတာလည်းရှိပါတယ်။
မက်ဂွိုင်းယား-8
ဒီပွဲမှာမက်ဂွိုင်းယားရဲ့ခြေစွမ်းတွေဟာသဘောကျစရာကောင်းပါတယ်။ ဒုတိယပိုင်းမှာ အသင်းအတွက်ဂိုးသွင်းပေးနိုင်ခဲ့တဲ့သူဖြစ်ပြီး၊ ပြိုင်ဘက်အသင်းကိုလည်းဟန့်တားနိုင်ခဲ့ပါတယ်။

Photo internet

လုခ်ရှော-8
ဘယ်တောင်ပံနောက်ခံထက် အလယ်နေရာကနေကစားတာပိုကောင်းခဲ့ပါတယ်။ ဘောလုံးပေးပို့ချက်တွေကောင်းခဲ့ပါတယ်။ အသင်းဖော်တွေနဲ့ချိတ်ဆက်ကစားနိုင်မှုလည်းအားကောင်းပါတယ်။
ဝီလီယမ်-7
VAR ကသူ့ကိုအများကြီးကူညီပေးခဲ့ပါတယ်။ အဲလိုမဟုတ်ဘူးဆိုရင်တော့ ယူနိုက်တက်တို့အတွက် နောက်ဆုံးရလဒ်အဖြေတစ်မျိုးတစ်မည်ဖြစ်သွားနိုင်ပါတယ်။ ခြေစွမ်းပိုင်းအကောင်းဆုံးကစားပေးခဲ့ပါတယ်။

Photo internet

မာတစ်-8
မာတစ် ကသူ့ရဲ့ Solid ပုံစံ ကို ပြသ သွားခဲ့ပြီး ၊ ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ် က ထိုးဖောက်မှု တချို့ ကို တားဆီး ပြခဲ့ပါတယ်။
ဖရက်-7
ကွင်းလယ်မှာ ဖရက်ဒ်က အထူး ခြေစွမ်း ပြနိုင်ခဲ့ပါတယ် ။ ဖိကစားတဲ့အပိုင်းနဲ့ဘောလုံးရယူတဲ့ အခြေအနေ တွေမှာ သူ့ရဲ့ ခွန်အား နဲ့ ရုန်းအား ကို အပြည့်အဝ အသုံးချကာ ယူနိုက်တက် အတွက် ဘောလုံး တွေကို မကြာခဏ လုယူ ပေးနိုင်ခဲ့ပါတယ်။

Photo internet

ဖာနန်ဒက်စ်-8
သရဲနီသစ်လေး ဖာနန်ဒက်စ်ကတော့ ပထမဆုံးသွင်းဂိုးရဖို့ နီးစပ်ခဲ့သလို တိုက်စစ်ပိုင်း အတွက် လိုအပ်တဲ့ ပံ့ပိုးမှု တွေ တောက်လျှောက် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒန်နီရယ် ဂျိမ်းစ် – 6
ချယ်လ်ဆီး နောက်တန်းကို လှုပ်ခတ်အောင်လုပ်နိုင်ခဲ့သလို၊ မာရှယ်နဲ့လည်း တွဲဖက်ညီခဲ့ပါတယ်။
မာရှယ်-7
အဖွင့်ဂိုး ကို သွင်းယူ ပေးနိုင်ခဲ့တဲ့ မာရှယ် ဟာ တန်ပြန် တိုက်စစ် မှာ ယူနိုက်တက် အတွက် အသက် ဖြစ်ခဲ့ပါတယ် ။လျင်မြန်တဲ့ခြေစွမ်းတွေပြသခဲ့ပါတယ်။ လူစားဝင်ကစားသမားတွေဖြစ်တဲ့ ပါရဲရား ၊ အီဟာလို ၊ ဒါးလော့တို့ကတော့ အဆင့် 6 ရထားပါတယ်။

Photo internet

ပွဲပြီးခါနီးမှာ ချဲလ်ဆီး ရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကတိုင်ထိခဲ့သလို အီဟာလို ရဲ့ကန်ချက်ကိုလည်း ကာဘယ်ယိုလာက ပုပ်ထုတ်ခဲ့လို့ ပွဲသိမ်းခရာမှုတ်ချိန်မှာ ယူနိုက်တက်တို့ နှစ်ဂိုး၊ဂိုးမရှိရလဒ်နဲ့အတူ အမှတ်ပေးဖလားပြိုင်ပွဲ အတွင်း ချဲဘ်ဆီးအသင်းကယူနိက်တက်ကိုနှစ်ကျော့လုံးရှုံးနိမ့်ဖူးတဲ့မှတ် တမ်းဆိုးတင်ခံလိုက်ရပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

ခ်ဲလ္ဆီးကို ႏိုင္ခဲ့တဲ့ပြဲက သရဲနီတို႔ရဲ႕စြမ္းေဆာင္ရည္သတ္မွတ္ခ်က္္မ်ား…..

ဒီမနက္ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူႏိုက္တက္နဲ႔ခ်ဲလ္ဆီးပြဲစဥ္မွာ ယူႏိုက္တက္အသင္းက ႏွစ္ဂိုး၊ ဂိုးမရိွနဲ႔အႏိုင္ရရိွသြားခဲ့ပါၿပီ။ ဒါေၾကာင့္ ယူႏိုက္တက္ဟာ အမွတ္ေပးဇယားရဲ႕အဆင့္(၇)ေနရာကိုတက္လွမ္းလာ ႏိုင္ခ့ဲျပီးေတာ့ အဆင့္(၄)ေနရာကခ်ဲလ္ဆီးနဲ႔လည္း (၃)မွတ္သာကြာဟပါေတာ့မယ္။ ယူနိက္တက္အသင္းက ၃-၅-၂ ဆန္တဲ့ကစားကြက္မွာ ဘ႐ူႏို ပါဝင္လာေပမယ့္ လင္ဒီေလာဖ့္မပါဝင္ႏိုင္တာေၾကာင့္ အဲရစ္ဘိုင္ယီက အစားဝင္တာကလြဲရင္ အသင္းႀကီးေတြနဲ႔ရင္ဆိုင္ရတိုင္းအသုံးျပဳေနၾကခံစစ္ႏွစ္ထပ္လူစာရင္းကိုပဲ အသုံးျပဳခဲ့ပါတယ္။ အဲဒီပြဲမွာယူႏိုက္တက္က အေဝးကြင္းမွာအႏိုင္ရရွိခဲ့ေပမယ့္ VAR ဆုံးျဖတ္ခ်က္ေတြက အမ်ားႀကီးအေထာက္အကူေပးခဲ့တဲ့အပိုင္းေတြလည္းရိွပါတယ္။ ခ်ဲလ္ဆီးကိုအႏိုင္ရခဲ့တဲ့ပြဲက သရဲနီတို႔ရဲ႕စြမ္းေဆာင္ရည္သတ္မွတ္ခ်က္ေတြကိုတင္ဆက္ေပးလုိက္ပါတယ္။
ဒီဂီယာ -7
ခ်ယ္လ္ဆီး ဖက္က ဂိုးသြင္းႏိုင္မႈေတြရိွေပမယ့္ အရာေတာ့မေရာက္ခဲ့ပါဘူး။ အျခားကန္သြင္းခ်က္ေတြမွာ လည္းလြဲေခ်ာ္မႈေတြရိွခဲ့ပါတယ္။ ဒီပြဲမွာ ဒီဂီယာတစ္ေယာက္အရမ္းႀကီးေတာ့အခက္မေတြ႕ခဲ့ပါဘူး။ ဒါေပမယ့္ Clean Sheet အတြက္ေတာ့ active ျဖစ္ေနခဲ့ပါတယ္ ။
၀မ္ဘစ္ဆာကာ-7
အေကာင္းဆုံးနဲ႔အမွားအယြင္းအနည္းဆုံးကစားႏိုင္ခဲ့ပါတယ္။ အသင္းေဖာ္ေတြနဲ႔လည္းခ်ိတ္ဆက္ ကစားႏိုင္ခဲ့ပါတယ္။
ဘိုင္လီ-8
ယုံၾကည္မႈရိွရိွကစားသြားတဲ့ဟန္ေတြေတြ႕ခဲ့ရပါတယ္။ အေရးႀကီးတဲ့စိန္ေခၚမႈေတြလုပ္ေဆာင္ သြားတာလည္းရိွပါတယ္။
မက္ဂိြဳင္းယား-8
ဒီပြဲမွာမက္ဂိြဳင္းယားရဲ႕ေျခစြမ္းေတြဟာသေဘာက်စရာေကာင္းပါတယ္။ ဒုတိယပုိင္းမွာ အသင္းအတြက္ဂိုးသြင္းေပးႏိုင္ခဲ့တဲ့သူျဖစ္ၿပီး၊ ၿပိဳင္ဘက္အသင္းကိုလည္းဟန္႔တားႏိုင္ခဲ့ပါတယ္။
လုခ္ေရွာ-8
ဘယ္ေတာင္ပံေနာက္ခံထက္ အလယ္ေနရာကေနကစားတာပိုေကာင္းခဲ့ပါတယ္။ ေဘာလုံးေပးပို႔ခ်က္ေတြေကာင္းခဲ့ပါတယ္။ အသင္းေဖာ္ေတြနဲ႔ခ်ိတ္ဆက္ကစားႏိုင္မႈလည္းအားေကာင္းပါတယ္။
၀ီလီယမ္-7
VAR ကသူ႔ကိုအမ်ားႀကီးကူညီေပးခဲ့ပါတယ္။ အဲလုိမဟုတ္ဘူးဆိုရင္ေတာ့ ယူႏိုက္တက္တို႔အတြက္ ေနာက္ဆုံးရလဒ္အေျဖတစ္မ်ဳိးတစ္မည္ျဖစ္သြားႏုိင္ပါတယ္။ ေျခစြမ္းပိုင္းအေကာင္းဆုံးကစားေပးခဲ့ပါတယ္။
မာတစ္-8
မာတစ္ ကသူ႔ရဲ႕ Solid ပုံစံ ကို ျပသ သြားခဲ့ၿပီး ၊ ခ်ယ္လ္ဆီး အသင္း ရဲ႕ ကြင္းလယ္ က ထိုးေဖာက္မႈ တခ်ိဳ႕ ကို တားဆီး ျပခဲ့ပါတယ္။
ဖရက္-7
ကြင္းလယ္မွာ ဖရက္ဒ္က အထူး ေျခစြမ္း ျပႏိုင္ခဲ့ပါတယ္ ။ ဖိကစားတဲ့အပိုင္းနဲ႔ေဘာလုံးရယူတဲ့ အေျခအေန ေတြမွာ သူ႔ရဲ႕ ခြန္အား နဲ႔ ႐ုန္းအား ကို အျပည့္အဝ အသုံးခ်ကာ ယူႏိုက္တက္ အတြက္ ေဘာလုံး ေတြကို မၾကာခဏ လုယူ ေပးႏိုင္ခဲ့ပါတယ္။
ဖာနန္ဒက္စ္-8
သရဲနီသစ္ေလး ဖာနန္ဒက္စ္ကေတာ့ ပထမဆုံးသြင္းဂိုးရဖို႔ နီးစပ္ခဲ့သလို တိုက္စစ္ပိုင္း အတြက္ လိုအပ္တဲ့ ပံ့ပိုးမႈ ေတြ ေတာက္ေလွ်ာက္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။
ဒန္နီရယ္ ဂ်ိမ္းစ္ – 6
ခ်ယ္လ္ဆီး ေနာက္တန္းကို လႈပ္ခတ္ေအာင္လုပ္ႏိုင္ခဲ့သလို၊ မာရွယ္နဲ႔လည္း တြဲဖက္ညီခဲ့ပါတယ္။
မာရွယ္-7
အဖြင့္ဂိုး ကို သြင္းယူ ေပးႏိုင္ခဲ့တဲ့ မာရွယ္ ဟာ တန္ျပန္ တိုက္စစ္ မွာ ယူႏိုက္တက္ အတြက္ အသက္ ျဖစ္ခဲ့ပါတယ္ ။လ်င္ျမန္တဲ့ေျခစြမ္းေတြျပသခဲ့ပါတယ္။ လူစား၀င္ကစားသမားေတြျဖစ္တဲ့ ပါရဲရား ၊ အီဟာလို ၊ ဒါးေလာ့တို႔ကေတာ့ အဆင့္ 6 ရထားပါတယ္။
ပြဲၿပီးခါနီးမွာ ခ်ဲလ္ဆီး ရဲ႕ ျပစ္ဒဏ္ေဘာကန္ခ်က္ကတိုင္ထိခဲ့သလို အီဟာလို ရဲ႕ကန္ခ်က္ကိုလည္း ကာဘယ္ယိုလာက ပုပ္ထုတ္ခဲ့လို႔ ပြဲသိမ္းခရာမႈတ္ခ်ိန္မွာ ယူႏိုက္တက္တို႔ ႏွစ္ဂိုး၊ဂိုးမရိွရလဒ္နဲ႔အတူ အမွတ္ေပးဖလားၿပိဳင္ပြဲအတြင္း ခ်ဲဘ္ဆီးအသင္းကယူနိက္တက္ကိုႏွစ္ေက်ာ့လုံးရႈံးနိမ့္ဖူးတဲ့မွတ္ တမ္းဆိုးတင္ခံလိုက္ရပါၿပီ။