ချန်ပီယံလိဂ်ပွဲအတွက် ယူနိုက်တက်ရဲ့ အနေအထား အချို့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် အတွက် ယနေ့ည ချန်ပီယံလိဂ် ပွဲက ရမှတ်သုံးမှတ်ဆိုတာထက်ပိုပြီးတော့ ဂုဏ်သိက္ခာနဲ့ ကစားသမားတွေရဲ့ စွမ်းအင် ကို ပြန်လည်ရှာဖွေ ရမယ့် ပွဲလည်းဖြစ်ပါတယ်။

မာရှယ် က အင်္ဂါနေ့ Training မှာ ပူးပေါင်းနိုင်ခဲ့ပေမယ့်လည်း ပွဲစဉ်ကို ပါဝင်နိုင်ဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိသေးပါဘူး။

မက်ဂွိုင်းယား လည်း အကောင်းဆုံးပုံစံမှာရှိနေလို့ အသင်းအတွက်ပွဲထွက်ပါလာပါလိမ့်မယ်။

ရာဖေးလ် ဗာရန်း ကတော့ ဒဏ်ရာကြောင့် မပူးပေါင်းနိုင်ပါဘူး။

ကာဗာနီ နဲ့ ဖရက်တို့ အသင်းနဲ့ ပြန်လည်ပူးပေါင်းလာနိုင်မယ်ဆိုတာက ကောင်းမွန်တဲ့ အချက်ပါပဲ။

အက်တလန်တာအသင်း ရဲ့ နောက်တန်း ကစားသမား အချို့ ဒီနေ့ပွဲစဉ်ကို လွဲချော်ပါလိမ့်မယ်။

နောက်ခံကစားသမား Toloi ဟာ အမ်ပိုလီ အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဒီနေ့ပွဲကို လွဲချော်မှာပါ။

သူ့နောက်မှာ Djimsiti , Hateboer , Gosens နှင့် အီတလီ အသင်း ရဲ့ယူရို ၂၀၂၀ ချန်ပီယံဖြစ်ခဲ့တဲ့လူစာရင်းမှာပါဝင်ခဲ့ပြီး အရေးကြီးသွင်းဂိုးတွေရယူပေးခဲ့တဲ့ Matteo Pessina တို့ဟာ ဒဏ်ရာကြောင့်ပွဲစဉ်ကိုလွဲချော်မှာပါ။

ယူနိုက်တက် က ချန်ပီယံလိဂ် မှာ အီတလီကလပ်အတော်များများနဲ့ ရင်ဆိုင်ဖူးပေမယ့် အက်တလန်တာ နဲ့တော့ယခုတစ်ကြိမ်မှ ပထမဆုံးရင်ဆိုင်ဖူးတာလည်း ဖြစ်ပါတယ်။

အက်တလန်တာ အသင်းက ချန်ပီယံလိဂ် အဝေးကွင်းရလဒ် အရ နောက်ဆုံး(၇) ပွဲမှာ တစ်ပွဲသာ အရေးနိမ့်ထားသလို လက်ရှိရာသီမှာတော့ ပြိုင်ပွဲစုံ အဝေးကွင်း (၁၁) ပွဲဆက် မရှုံးနိမ့်ထားတဲ့ အသင်းလည်းဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ အိမ်ကွင်းမှာ ဒီရာသီ နှစ်ပွဲ အရေးနိမ့်ထားပြီး ဖြစ်သလို ခံစစ်ကလည်း (၁၁) ပွဲကစား (၁၄)ဂိုးပေးထားရပါတယ်။

ယူနိုက်တက်ဟာ နည်းပြဆိုးလ်ရှားလက်ထက်မှာကစားခဲ့တဲ့ ချန်ပီယံလိဂ်(12)ပွဲတွင် (7)ပွဲအထိရှုံးနိမ့်ပြီး ရာခိုင်နှုန်းအားဖြင့် (58%)အထိရှိခဲ့ကာ

အင်္ဂလန်ကလပ် ကိုကိုင်တွယ်၍ ချန်ပီယံလိဂ်ပြိုင်ပွဲအစ(15)ပွဲအထိကိုင်တွယ် ထားတဲ့ နည်းပြများတွင် (%)အားဖြင့် အများဆုံးရှုံးနိမ့်ထားတဲ့ အသင်းလည်းဖြစ်ခဲ့ပါတယ်။

အက်တလန်တာ အသင်းကတော့ ဒုတိယပိုင်းတွေမှာ ဂိုးပိုသွင်းတတ်ပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ် အုပ်စုပွဲ နှစ်ပွဲ ကစားပြီးချိန်မှာတော့ ယန်းဘွိုင်းအသင်းကို 2 – 1 နဲ့ရှုံး ၊ ဗီလာ ရီးရဲလ်အသင်းကို 2 – 1 နဲ့ အနိုင် ကစားခဲ့ကာ အမှတ်ပေး ဇယား အဆင့် 3 နေရာမှာ ရမှတ် 3 မှတ်နဲ့ ရပ်တည် နေတာပဲ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္ပြဲအတြက္ ယူႏိုက္တက္ရဲ႕ အေနအထား အခ်ိဳ႕

ယူႏိုက္တက္ အတြက္ ယေန႔ည ခ်န္ပီယံလိဂ္ ပြဲက ရမွတ္သုံးမွတ္ဆိုတာထက္ပိုၿပီးေတာ့ ဂုဏ္သိကၡာနဲ႔ ကစားသမားေတြရဲ႕ စြမ္းအင္ ကို ျပန္လည္ရွာေဖြ ရမယ့္ ပြဲလည္းျဖစ္ပါတယ္။

မာရွယ္ က အဂၤါေန႔ Training မွာ ပူးေပါင္းႏိုင္ခဲ့ေပမယ့္လည္း ပြဲစဥ္ကို ပါဝင္ႏိုင္ဖို႔ လုံေလာက္တဲ့ ႀကံ့ခိုင္မႈ မရွိေသးပါဘူး။ မက္ဂြိဳင္းယား လည္း အေကာင္းဆုံးပုံစံမွာရွိေနလို႔ အသင္းအတြက္ပြဲထြက္ပါလာပါလိမ့္မယ္။ ရာေဖးလ္ ဗာရန္း ကေတာ့ ဒဏ္ရာေၾကာင့္ မပူးေပါင္းႏိုင္ပါဘူး။ ကာဗာနီ နဲ႔ ဖရက္တို႔ အသင္းနဲ႔ ျပန္လည္ပူးေပါင္းလာႏိုင္မယ္ဆိုတာက ေကာင္းမြန္တဲ့ အခ်က္ပါပဲ။

အက္တလန္တာအသင္း ရဲ႕ ေနာက္တန္း ကစားသမား အခ်ိဳ႕ ဒီေန႔ပြဲစဥ္ကို လြဲေခ်ာ္ပါလိမ့္မယ္။ ေနာက္ခံကစားသမား Toloi ဟာ အမ္ပိုလီ အသင္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ ဒီေန႔ပြဲကို လြဲေခ်ာ္မွာပါ။ သူ႔ေနာက္မွာ Djimsiti , Hateboer , Gosens ႏွင့္ အီတလီ အသင္း ရဲ႕ယူ႐ို ၂၀၂၀ ခ်န္ပီယံျဖစ္ခဲ့တဲ့လူစာရင္းမွာပါဝင္ခဲ့ၿပီး အေရးႀကီးသြင္းဂိုးေတြရယူေပးခဲ့တဲ့ Matteo Pessina တို႔ဟာ ဒဏ္ရာေၾကာင့္ပြဲစဥ္ကိုလြဲေခ်ာ္မွာပါ။

ယူႏိုက္တက္ က ခ်န္ပီယံလိဂ္ မွာ အီတလီကလပ္အေတာ္မ်ားမ်ားနဲ႔ ရင္ဆိုင္ဖူးေပမယ့္ အက္တလန္တာ နဲ႔ေတာ့ယခုတစ္ႀကိမ္မွ ပထမဆုံးရင္ဆိုင္ဖူးတာလည္း ျဖစ္ပါတယ္။အက္တလန္တာ အသင္းက ခ်န္ပီယံလိဂ္ အေဝးကြင္းရလဒ္ အရ ေနာက္ဆုံး(၇) ပြဲမွာ တစ္ပြဲသာ အေရးနိမ့္ထားသလို လက္ရွိရာသီမွာေတာ့ ၿပိဳင္ပြဲစုံ အေဝးကြင္း (၁၁) ပြဲဆက္ မရႈံးနိမ့္ထားတဲ့ အသင္းလည္းျဖစ္ပါတယ္။ ယူႏိုက္တက္ကေတာ့ အိမ္ကြင္းမွာ ဒီရာသီ ႏွစ္ပြဲ အေရးနိမ့္ထားၿပီး ျဖစ္သလို ခံစစ္ကလည္း (၁၁) ပြဲကစား (၁၄)ဂိုးေပးထားရပါတယ္။

ယူႏိုက္တက္ဟာ နည္းျပဆိုးလ္ရွားလက္ထက္မွာကစားခဲ့တဲ့ ခ်န္ပီယံလိဂ္(12)ပြဲတြင္ (7)ပြဲအထိရႈံးနိမ့္ၿပီး ရာခိုင္ႏႈန္းအားျဖင့္ (58%)အထိရွိခဲ့ကာ အဂၤလန္ကလပ္ ကိုကိုင္တြယ္၍ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအစ(15)ပြဲအထိကိုင္တြယ္ ထားတဲ့ နည္းျပမ်ားတြင္ (%)အားျဖင့္ အမ်ားဆုံးရႈံးနိမ့္ထားတဲ့ အသင္းလည္းျဖစ္ခဲ့ပါတယ္။

အက္တလန္တာ အသင္းကေတာ့ ဒုတိယပိုင္းေတြမွာ ဂိုးပိုသြင္းတတ္ပါတယ္။ ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္ အုပ္စုပြဲ ႏွစ္ပြဲ ကစားၿပီးခ်ိန္မွာေတာ့ ယန္းဘြိဳင္းအသင္းကို 2 – 1 နဲ႔ရႈံး ၊ ဗီလာ ရီးရဲလ္အသင္းကို 2 – 1 နဲ႔ အႏိုင္ ကစားခဲ့ကာ အမွတ္ေပး ဇယား အဆင့္ 3 ေနရာမွာ ရမွတ္ 3 မွတ္နဲ႔ ရပ္တည္ ေနတာပဲ ျဖစ္ပါတယ္။