ချန်ပီယံလိဂ်နဲ့ ဘာစီလိုနာ ဘာမှမဆိုင်တော့ပါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မက်ဆီနဲ့ ရော်နယ်ဒိုက တော်တဲ့ နေရာမှာ ပြိုင်ရုံအားမရလို့၊ ရှူံးတဲ့နေရာမှာ ပြိုင်သလားတောင်ထင်ရပါတယ်။ ဘာစီလိုနာအသင်းဟာ ယမန်နေ့ညက ပီအက်စ်ဂျီနဲ့ ၁ဂိုးစီ သရေကျခဲ့ပြီးနောက် ၂ကျော့ပေါင်း ရလဒ် ၅-၂နဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ ဘာစီလိုနာအတွက် ဒမ်ဘီလီဖြုန်းတီးမှုတွေအများကြီးရှိခဲ့ပြီး မက်ဆီခြေကုန်ထုတ်ကစားခဲ့ပေမယ့် ပီအက်စ်ဂျီနောက်တန်းကိုတော့ ခက်ခက်ခဲခဲကျော်ဖြတ်နေခဲ့ရပါတယ်။

အဖွင့်ဂိုးကို ပီအက်စ်ဂျီတို့ စရသွားခဲ့တာကလည်း ဘာစီလိုနာအတွက် စိတ်ဓာတ်ကျဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် မက်ဆီက လှပတဲ့ကန်သွင်းချက်နဲ့ ချေပနိုင်ခဲ့ပြီး ပင်နယ်တီထပ်ရခဲ့ပေမယ့် ဂိုးဝင်အောင်မသွင်းယူနိုင်ခဲ့ဘဲ ကေလာနာဗက်စ်က ကာကွယ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘာကာအနေနဲ့ လိုအပ်နေတဲ့ ဂိုးတွေအတွက် အသည်းအသန်ကြိုးစားနေခဲ့ပေမယ့် နာဗတ်စ်နဲ့ ပီအက်စ်ဂျီနောက်တန်းကို မကျော်နိုင်ခဲ့သလို ဘတ်စ်နဲ့ အယ်လ်ဘာတို့ရဲ့ ဖြတ်တင်ဘောတွေကလည်း ထိရောက်မှုတွေမရှိဘဲဖြစ်ခဲ့ပါတယ်။

ရော်နယ်ကိုးမန်းအနေနဲ့ ကိုပါဒယ်ရေးဖလားဗိုလ်လုပွဲ၊ လာလီဂါမှာ အက်သလက်တီကိုနဲ့ ၆ မှတ်ကွာ အနေအထားကို ပြန်ရောက်အောင် အသင်းကို ဆွဲတင်ပေးနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ ဘယ်လိုမှမစွမ်းသာပဲ ရှိနေခဲ့ရပါတယ်။ အခုဆိုရင်တော့ မက်ဆီဟာ ချန်ပီယံလိဂ်မှာ ၂၀၁၅ နောက်ပိုင်း ပထမဆုံးအဖြစ် ပယ်နယ်တီလွဲချော်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၆-၀၇ ကတည်းက (၁၃) ရာသီဆက် ကွာတားတက်ခဲ့တဲ့ ဘာကာအနေနဲ့ ဒီရာသီမှာတော့ ရေစုန်မျှောခဲ့ရပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံလိဂ္နဲ႔ ဘာစီလိုနာ ဘာမွမဆိုင္ေတာ့ပါ

မက္ဆီနဲ႔ ေရာ္နယ္ဒိုက ေတာ္တဲ့ ေနရာမွာ ၿပိဳင္႐ုံအားမရလို႔၊ ရႉံးတဲ့ေနရာမွာ ၿပိဳင္သလားေတာင္ထင္ရပါတယ္။ ဘာစီလိုနာအသင္းဟာ ယမန္ေန႔ညက ပီအက္စ္ဂ်ီနဲ႔ ၁ဂိုးစီ သေရက်ခဲ့ၿပီးေနာက္ ၂ေက်ာ့ေပါင္း ရလဒ္ ၅-၂နဲ႔ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ကေန ထြက္ခဲ့ရပါတယ္။ ဘာစီလိုနာအတြက္ ဒမ္ဘီလီျဖဳန္းတီးမႈေတြအမ်ားႀကီးရွိခဲ့ၿပီး မက္ဆီေျခကုန္ထုတ္ကစားခဲ့ေပမယ့္ ပီအက္စ္ဂ်ီေနာက္တန္းကိုေတာ့ ခက္ခက္ခဲခဲေက်ာ္ျဖတ္ေနခဲ့ရပါတယ္။

အဖြင့္ဂိုးကို ပီအက္စ္ဂ်ီတို႔ စရသြားခဲ့တာကလည္း ဘာစီလိုနာအတြက္ စိတ္ဓာတ္က်ဖြယ္ရာ ျဖစ္ခဲ့ရပါတယ္။ ဒါေပမယ့္ မက္ဆီက လွပတဲ့ကန္သြင္းခ်က္နဲ႔ ေခ်ပႏိုင္ခဲ့ၿပီး ပင္နယ္တီထပ္ရခဲ့ေပမယ့္ ဂိုးဝင္ေအာင္မသြင္းယူႏိုင္ခဲ့ဘဲ ေကလာနာဗက္စ္က ကာကြယ္ႏိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာလည္း ဘာကာအေနနဲ႔ လိုအပ္ေနတဲ့ ဂိုးေတြအတြက္ အသည္းအသန္ႀကိဳးစားေနခဲ့ေပမယ့္ နာဗတ္စ္နဲ႔ ပီအက္စ္ဂ်ီေနာက္တန္းကို မေက်ာ္ႏိုင္ခဲ့သလို ဘတ္စ္နဲ႔ အယ္လ္ဘာတို႔ရဲ႕ ျဖတ္တင္ေဘာေတြကလည္း ထိေရာက္မႈေတြမရွိဘဲျဖစ္ခဲ့ပါတယ္။

ေရာ္နယ္ကိုးမန္းအေနနဲ႔ ကိုပါဒယ္ေရးဖလားဗိုလ္လုပြဲ၊ လာလီဂါမွာ အက္သလက္တီကိုနဲ႔ ၆ မွတ္ကြာ အေနအထားကို ျပန္ေရာက္ေအာင္ အသင္းကို ဆြဲတင္ေပးႏိုင္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ ဘယ္လိုမွမစြမ္းသာပဲ ရွိေနခဲ့ရပါတယ္။ အခုဆိုရင္ေတာ့ မက္ဆီဟာ ခ်န္ပီယံလိဂ္မွာ ၂၀၁၅ ေနာက္ပိုင္း ပထမဆုံးအျဖစ္ ပယ္နယ္တီလြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ၂၀၀၆-၀၇ ကတည္းက (၁၃) ရာသီဆက္ ကြာတားတက္ခဲ့တဲ့ ဘာကာအေနနဲ႔ ဒီရာသီမွာေတာ့ ေရစုန္ေမွ်ာခဲ့ရပါၿပီ။