ချန်ပီယံလိဂ်ခြေစစ်ပွဲအဆင့်ကနေ (၄)နှစ်ဆက်တိုက်ထွက်ခဲ့ရတဲ့ စကော့တလန်ထိပ်သီးဆဲလ်တစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စကော့တလန်ထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ ဆဲလ်တစ်အသင်းဟာ ၂၀၂၁-၂၂ ရာသီ ချန်ပီယံလိဂ်ဒုတိယအဆင့်ခြေစစ်ပွဲမှာ ဒိန်းမတ်ကလပ် မစ်ဂျီလန်းအသင်းကို နှစ်ကျော့ပေါင်းရလဒ်(၃-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်တက်ရေးမျှော်လင့်ချက်အဆုံးသတ်ခဲ့ရပြီဖြစ်ပါတယ်။

ဆဲလ်တစ်အသင်းဟာ ပထအကျော့အိမ်ကွင်းပွဲတုန်းက မစ်ဂျီလန်းအသင်းကို အနိုင်မရခဲ့ဘဲ (၁-၁)ဂိုးသာကစားနိုင်ခဲ့ပြီး ဒုတိယအကျော့မှာ အသင်းခေါင်းဆောင်မက်ဂရီဂေါ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်

မစ်ဂျီလန်းအသင်းအတွက် အာဝါမာဘီလ်က ချေပဂိုးပြန်သွင်းခဲ့သလို ပွဲချိန်မိနစ်(၉၀)အတွင်း သရေကျနေတာကြောင့် အချိန်ပိုဆက်လက်ကစားချိန်မှာတော့ ရာဖေးလ်အန်ဝါဒိုက်စ်ရဲ့အဖိုးတန်သွင်းဂိုးနဲ့အတူ မစ်ဂျီလန်းအသင်းက (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

စကော့တလန်အမှတ်ပေးဖလားကို (၅၁)ကြိမ်အထိရရှိခဲ့တဲ့ ဆဲလ်တစ်အသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ချန်ပီယံလိဂ်ခြေစစ်ပွဲအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ၂၀၁၇-၁၈ရာသီတုန်းက အုပ်စုအဆင့်ရောက်ရှိခဲ့ပြီးနောက်ပိုင်း

၂၀၁၈-၁၉ နဲ့ ၂၀၁၉-၂၀ ရာသီမှာ တတိယအဆင့်ခြေစစ်ပွဲ၊ ၂၀၂၀-၂၁ နဲ့ အခုရာသီတွေမှာ ဒုတိယအဆင့်ခြေစစ်ပွဲအဆင့်တွေကနေ ထွက်ခဲ့ရတဲ့အတွက် (၄)နှစ်ဆက်တိုက် ခြေစစ်ပွဲအဆင့်ကနေ လှည့်ပြန်ခဲ့ရတာပဲဖြစ်ပါတယ်။

ဆဲလ်တစ်အသင်းဟာ အောင်မြင်မှုတွေပြန်လည်ရယူဖို့ အခုနွေရာသီမှာ နည်းပြသစ်အဖြစ်ပိုစတီကိုဂလူးကို ခန့်အပ်ခဲ့ပေမယ့် ချန်ပီယံလိဂ်ခြေစစ်ပွဲမအောင်မြင်ခဲ့တာကြောင့် ပိုစတီကိုဂလူးအတွက် မျက်နှာပန်းမလှဖြစ်ခဲ့ရပါတယ်။

မစ်ဂျီလန်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပိုစတီကိုဂလူးက “ကျွန်တော်ဟာ အသင်းရဲ့နည်းပြအဖြစ်တာဝန်ယူထားတာကြောင့် ဒီရှုံးပွဲအတွက် ကျွန်တော့်မှာတာဝန်ရှိတယ်လို့ထင်ပါတယ်။

ကျွန်တော်တို့အသင်းမှာ ကစားသမားသစ်ဖြည့်တင်းဖို့လိုပေမယ့် ကစားသမားတွေခေါ်ယူဖို့အတွက် တာဝန်ရှိသူတွေကို နားလည်သဘောပေါက်အောင် ကျွန်တော် မစည်းရုံးနိုင်ခဲ့ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ဆဲလ်တစ်အသင်းဟာ ချန်ပီယံလိဂ်ခြေစစ်ပွဲဒုတိယအဆင့်ကထွက်ခဲ့ရပေမယ့်လည်း ယူရိုပါလိဂ်တတိယအဆင့်ခြေစစ်ပွဲကစားခွင့်ရမှာဖြစ်ပြီး လာမယ့်တစ်ပတ်သောကြာနေ့မှာ ချက်အသင်းဖြစ်တဲ့ Jablonec နဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်န္ပီယံလိဂ္ေျခစစ္ပြဲအဆင့္ကေန (၄)ႏွစ္ဆက္တိုက္ထြက္ခဲ့ရတဲ့ စေကာ့တလန္ထိပ္သီးဆဲလ္တစ္

စေကာ့တလန္ထိပ္သီးအသင္းတစ္သင္းျဖစ္တဲ့ ဆဲလ္တစ္အသင္းဟာ ၂၀၂၁-၂၂ ရာသီ ခ်န္ပီယံလိဂ္ဒုတိယအဆင့္ေျခစစ္ပြဲမွာ ဒိန္းမတ္ကလပ္ မစ္ဂ်ီလန္းအသင္းကို ႏွစ္ေက်ာ့ေပါင္းရလဒ္(၃-၂)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ၿပီး ခ်န္ပီယံလိဂ္အုပ္စုအဆင့္တက္ေရးေမွ်ာ္လင့္ခ်က္အဆုံးသတ္ခဲ့ရၿပီျဖစ္ပါတယ္။ ဆဲလ္တစ္အသင္းဟာ ပထအေက်ာ့အိမ္ကြင္းပြဲတုန္းက မစ္ဂ်ီလန္းအသင္းကို အႏိုင္မရခဲ့ဘဲ (၁-၁)ဂိုးသာကစားႏိုင္ခဲ့ၿပီး ဒုတိယအေက်ာ့မွာ အသင္းေခါင္းေဆာင္မက္ဂရီေဂၚရဲ႕ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ မစ္ဂ်ီလန္းအသင္းအတြက္ အာဝါမာဘီလ္က ေခ်ပဂိုးျပန္သြင္းခဲ့သလို ပြဲခ်ိန္မိနစ္(၉၀)အတြင္း သေရက်ေနတာေၾကာင့္ အခ်ိန္ပိုဆက္လက္ကစားခ်ိန္မွာေတာ့ ရာေဖးလ္အန္ဝါဒိုက္စ္ရဲ႕အဖိုးတန္သြင္းဂိုးနဲ႔အတူ မစ္ဂ်ီလန္းအသင္းက (၂-၁)ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ပါတယ္။

စေကာ့တလန္အမွတ္ေပးဖလားကို (၅၁)ႀကိမ္အထိရရွိခဲ့တဲ့ ဆဲလ္တစ္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ခ်န္ပီယံလိဂ္ေျခစစ္ပြဲအဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရၿပီး ၂၀၁၇-၁၈ရာသီတုန္းက အုပ္စုအဆင့္ေရာက္ရွိခဲ့ၿပီးေနာက္ပိုင္း ၂၀၁၈-၁၉ နဲ႔ ၂၀၁၉-၂၀ ရာသီမွာ တတိယအဆင့္ေျခစစ္ပြဲ၊ ၂၀၂၀-၂၁ နဲ႔ အခုရာသီေတြမွာ ဒုတိယအဆင့္ေျခစစ္ပြဲအဆင့္ေတြကေန ထြက္ခဲ့ရတဲ့အတြက္ (၄)ႏွစ္ဆက္တိုက္ ေျခစစ္ပြဲအဆင့္ကေန လွည့္ျပန္ခဲ့ရတာပဲျဖစ္ပါတယ္။

ဆဲလ္တစ္အသင္းဟာ ေအာင္ျမင္မႈေတြျပန္လည္ရယူဖို႔ အခုေႏြရာသီမွာ နည္းျပသစ္အျဖစ္ပိုစတီကိုဂလူးကို ခန႔္အပ္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ေျခစစ္ပြဲမေအာင္ျမင္ခဲ့တာေၾကာင့္ ပိုစတီကိုဂလူးအတြက္ မ်က္ႏွာပန္းမလွျဖစ္ခဲ့ရပါတယ္။ မစ္ဂ်ီလန္းကို ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ ပိုစတီကိုဂလူးက “ကြၽန္ေတာ္ဟာ အသင္းရဲ႕နည္းျပအျဖစ္တာဝန္ယူထားတာေၾကာင့္ ဒီရႈံးပြဲအတြက္ ကြၽန္ေတာ့္မွာတာဝန္ရွိတယ္လို႔ထင္ပါတယ္။

ကြၽန္ေတာ္တို႔အသင္းမွာ ကစားသမားသစ္ျဖည့္တင္းဖို႔လိုေပမယ့္ ကစားသမားေတြေခၚယူဖို႔အတြက္ တာဝန္ရွိသူေတြကို နားလည္သေဘာေပါက္ေအာင္ ကြၽန္ေတာ္ မစည္း႐ုံးႏိုင္ခဲ့ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။ ဆဲလ္တစ္အသင္းဟာ ခ်န္ပီယံလိဂ္ေျခစစ္ပြဲဒုတိယအဆင့္ကထြက္ခဲ့ရေပမယ့္လည္း ယူ႐ိုပါလိဂ္တတိယအဆင့္ေျခစစ္ပြဲကစားခြင့္ရမွာျဖစ္ၿပီး လာမယ့္တစ္ပတ္ေသာၾကာေန႔မွာ ခ်က္အသင္းျဖစ္တဲ့ Jablonec နဲ႔ အေဝးကြင္းပြဲစဥ္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။