ကွင်းပြင်ပ တိုက်ပွဲအတွက် အဆင်သင့် ဖြစ်ပြီလား ပဲလေ့စ် နည်းပြသစ် ဗီအဲရာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်ကစားသမားဟောင်း ဗီအဲရာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့နည်းပြသစ်ဖြစ်လာတော့မှာပါ။

သူဟာ မန်စီးတီးအသင်းရဲ့ တိုးတက်မှုစီမံကိန်းကနေထွက်ခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသားဟာ နယူးယော့ခ်စီးတီး၊

နောက်ပိုင်းမှာတော့ ပြင်သစ်ကကလပ် နိုက်စ်တို့ကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၁၆ခုနှစ်နှင့် ၂၀၂၀ခုနှစ်အကြား ပွဲ ပေါင်း ၁၇၉ပွဲ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ကြားကာလမှာ ချန်ပီယံရှစ်ကလပ်ဖြစ်တဲ့ ဘုန်းမောက်အသင်းအပါအဝင် အသင်းတော်တော် များများနှင့်ချိတ်ဆက်မှုတွေတော့ ရှိခဲ့ပါတယ်။

အခုတော့ အသင်းလက်မဲ့ ဘဝကနေ ရုန်းထွက်ပြီး ဘောလုံးတိုက်ပွဲကြား ဝင်ဆင်နွှဲပါတော့မယ်။

ဗီအဲရာဟာ ယူရို ၂၀၂၀မှာ ITV ရဲ့ အားကစားဝေဖန်သူတစ်ဦးအဖြစ် လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဒါကြောင့် အပြစ်မရှိ အပြစ်ရှာ ဝေဖန်လေကန်ရေးလည်း လုပ်ဆောင်ရပါတယ်။

မကြာခင် သူဝေဖန်ခံရ၊ ပြန်လည် ချေပရမယ့် အလှည့် ရောက်လာပါတော့မယ်။

အမြင်မတူတဲ့ ရွိုင်ကိန်းရဲ့ အပြောတွေကို သေချာပေါက် ရင်ဆိုင်ရပါမယ်။

လာမယ့်ရာသီ ပဲလေစ့်ပွဲတွေအတွက် ရွိုင်ကိန်းရဲ့ သုံးသပ်ချက်တွေက စိတ်ဝင်စားဖို့ ကောင်းလာမှာ ဖြစ်သလို၊ ဗီအဲရာရဲ့ ပြန်တုန့်ပြန်ချက်တွေ ကြိုတင်ကာကွယ် ပြောဆိုမှုတွေကလည်း ပွဲဖြစ်စေပါလိမ့်မယ်။

ဗီအဲရာဟာ ပဲလေ့စ်အသင်းရဲ့ဖြစ်လာနိုင်တဲ့ နည်းပြစာရင်းထဲမှာ အစောကတည်းကပါဝင်ခဲ့တာဖြစ်ပြီး အလုပ်ကို လက်ခံဖို့အတွက် တွေဝေခြင်းမရှိခဲ့တာဖြစ်ပါတယ်။

“နည်းပြရာထူး အတွက် သူက ပထမဦးစားပေး မဟုတ်ဘူးဆိုတာကိုတော့ ဗီအဲရာက သိပါတယ်။

အတွေ့အကြုံပိုင်း အရ စဉ်းစားစရာတွေ ရှိတယ်ဆိုတာကို ပြင်သစ်နိုင်ငံသားကလည်း လက်ခံပြီး အသင်းရဲ့အုပ်ချုပ်မှုပိုင်းကလည်း ရလဒ်တစ်ခုအတွက်ကိုသာ ဦးစားပေးခဲ့တာဖြစ်ပါတယ်”လို့ သတင်းတွေက ရေးသားထားကြပါတယ်။

Zawgyi

ကြင္းျပင္ပ တိုက္ပြဲအတြက္ အဆင္သင့္ ျဖစ္ၿပီလား ပဲ​ေလ့စ္ နည္းျပသစ္ ဗီအဲရာ

အာဆင္နယ္ကစားသမားေဟာင္း ဗီအဲရာဟာ ခရစၥတယ္ပဲေလ့စ္အသင္းရဲ႕နည္းျပသစ္ျဖစ္လာေတာ့မွာပါ။သူဟာ မန္စီးတီးအသင္းရဲ႕ တိုးတက္မႈစီမံကိန္းကေနထြက္ခဲ့ၿပီးေနာက္ ျပင္သစ္ႏိုင္ငံသားဟာ နယူးေယာ့ခ္စီးတီး၊ ေနာက္ပိုင္းမွာေတာ့ ျပင္သစ္ကကလပ္ ႏိုက္စ္တို႔ကို ကိုင္တြယ္ခဲ့တာျဖစ္ၿပီး ၂၀၁၆ခုႏွစ္ႏွင့္ ၂၀၂၀ခုႏွစ္အၾကား ပြဲ ေပါင္း ၁၇၉ပြဲ ကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။

အဲဒီ​ေနာက္ၾကားကာလမွာ ခ်န္ပီယံရွစ္ကလပ္ျဖစ္တဲ့ ဘုန္းေမာက္အသင္းအပါအဝင္ အသင္းေတာ္ေတာ္ မ်ားမ်ားႏွင့္ခ်ိတ္ဆက္မႈေတြ​ေတာ့ ရွိခဲ့ပါတယ္။ အခု​ေတာ့ အသင္းလက္မဲ့ ဘ၀က​ေန ႐ုန္းထြက္ၿပီး ​ေဘာလုံးတိုက္ပြဲၾကား ၀င္ဆင္ႏႊဲပါ​ေတာ့မယ္။ ဗီအဲရာဟာ ယူ႐ို ၂၀၂၀မွာ ITV ရဲ႕ အားကစားေဝဖန္သူတစ္ဦးအျဖစ္ လုပ္ကိုင္ေနတာျဖစ္ပါတယ္။ဒါ​ေၾကာင့္ အျပစ္မရွိ အျပစ္ရွာ ​ေ၀ဖန္​ေလကန္​ေရးလည္း လုပ္​​ေဆာင္ရပါတယ္။ မၾကာခင္ သူ​ေ၀ဖန္ခံရ၊ ျပန္လည္ ​ေခ်ပရမယ့္ အလွည့္ ​ေရာက္လာပါ​ေတာ့မယ္။

အျမင္မတူတဲ့ ႐ြိဳင္ကိန္းရဲ႕ အ​​ေျပာ​ေတြကို ​ေသခ်ာ​ေပါက္ ရင္ဆိုင္ရပါမယ္။ လာမယ့္ရာသီ ပဲေလစ့္ပြဲေတြအတြက္ ႐ြိဳင္ကိန္းရဲ႕ သုံးသပ္ခ်က္ေတြက စိတ္ဝင္စားဖို႔ ေကာင္းလာမွာ ျဖစ္သလို၊ ဗီအဲရာရဲ႕ ျပန္​တုန္႔ျပန္ခ်က္​ေတြ ႀကိဳတင္ကာကြယ္ ​ေျပာဆိုမႈ​ေတြကလည္း ပြဲျဖစ္​ေစပါလိမ့္မယ္။

ဗီအဲရာဟာ ပဲေလ့စ္အသင္းရဲ႕ျဖစ္လာႏိုင္တဲ့ နည္းျပစာရင္းထဲမွာ အေစာကတည္းကပါဝင္ခဲ့တာျဖစ္ၿပီး အလုပ္ကို လက္ခံဖို႔အတြက္ ေတြေဝျခင္းမရွိခဲ့တာျဖစ္ပါတယ္။

“နည္းျပရာထူး အတြက္ သူက ပထမဦးစားေပး မဟုတ္ဘူးဆိုတာကိုေတာ့ ဗီအဲရာက သိပါတယ္။ အေတြ႕အႀကဳံပိုင္း အရ စဥ္းစားစရာေတြ ရွိတယ္ဆိုတာကို ျပင္သစ္ႏိုင္ငံသားကလည္း လက္ခံၿပီး အသင္းရဲ႕အုပ္ခ်ဳပ္မႈပိုင္းကလည္း ရလဒ္တစ္ခုအတြက္ကိုသာ ဦးစားေပးခဲ့တာျဖစ္ပါတယ္”လို႔ သတင္းေတြက ေရးသားထားၾကပါတယ္။