Photo Credit
Photo Credit
ယနေ့ညကစားရမယ့် အာဆင်နယ်နဲ့ပွဲမတိုင်ခင် လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက မိမိတို့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ကြီး ၆ကြီးစာရင်းထဲ မဖိတ်ခေါ်ဘဲ ဇွတ်အတင်းဝင်ဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း အသင်းကြီးတွေကို သတိပေးလိုက်ပါတယ်။
Photo Credit
လက်စတာဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့တတိယနေရာရောက်နေပြီး အဆင့် ၅နေရာက အာဆင်နယ်ကို ၆ မှတ်ဖြတ်ကာ ဒုတိယနေရာက စီးတီးနဲ့ ၂ မှတ်အကွာမှာပဲ ရပ်တည်နေပါတယ်။
Photo Credit
နောက်ပြီး ဆောက်သမ်တန်ကို ၉-၀ ဂိုးနဲ့အနိုင်ရခဲ့တာကြောင့် လက်စတာအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးက ရော်ဂျာရဲ့အသင်းဟောင်း လီဗာပူးထက် ဂိုးကွာခြားထက် ပိုများနေပါတယ်။ ကြီး ၆ကြီးအသင်းတွေအနက် ယခုရာသီမှာ အူနိုင်းအမ်မရီရဲ့ အာဆင်နယ်အသင်းကလည်းမန်ယူအသင်းလိုပဲ ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။
Photo Credit
ဒီအခြေအနေက ၂၀၁၆ ခုနှစ်က လက်စတာအသင်းအံသြဖွယ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သလို အမှတ်ပေးဇယားထိပ်ဆုံးကိုတက်ရောက်နိုင်မယ့် အကောင်းဆုံးအခွင့်အရေးပဲ ဖြစ်ပါတယ်။
Photo Credit
ရော်ဂျာက “ တစ်ခါတရံအသင်းကြီး ၆ သင်းမှာ ဒီလိုအဖြစ်အပျက်တွေ ဖြစ်နေခဲ့ရင် သူတို့ရဲ့ မူလနေရာကို ပြန်ရောက်နိုင်ဖို့ ငွေကြေးအသုံးပြုမှုတွေ ပြုလုပ်ပြီးအရည်အချင်းရှိတဲ့ ကစားသမားခေါ်ယူမှုတွေ လုပ်ရမှာပါ ။ ခင်ဗျားတိုက်ခိုက်ရမှာပါ”
Photo Credit
”အဆင့် ၆ အောက်မှာမနေချင်ဘူးဆိုရင် ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီး နည်းလမ်းရှာရမှာပါ။ ကျွန်တော်တို့ကတော့ တခြားကလပ်အသင်းတွေလိုမဟုတ်ပါဘူး။ ကျွန်တော်တို့က ကစားသမားအင်အားဖြည့်ဖို့ မလိုပါဘူး။ မတူတဲ့နည်းလမ်းနဲ့ သွားရမှာပါ”
Photo Credit
”ကျွန်တော်တို့ရဲ့ လမ်းကြောင်းကိုကိုယ်တိုင်ရှာပြီး ဒါကအရမ်းကိုလှပပါတယ်။ စိတ်လှုပ်ရှားဖို့လည်းကောင်းပြီးစိန်ခေါ်မှုတွေနဲ့ ပြည့်နှက်ကာနောက်ဖြစ်လာမယ့်အရာတွေအတွက် ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ ဒီအခွင့်အရေးကို ဖျက်ဆီးလိုက်မယ်ဆိုရင် နောက်ထပ် တစ်စုံတစ်ခုထပ်မရနိုင်တော့ဘဲ ကျွန်တော်တို့ လုပ်ရမှာကထိန်းသိမ်းဖို့ပါပဲ”လို့ ပြောကြားသွားခဲ့ပါတယ်။
Photo Credit
Zawgyi
ႀကီး ၆ႀကီးစာရင္းထဲ မဖိတ္ေခၚဘဲ ဇြတ္အတင္း၀င္ဖုိ႔ အသင့္ရွိေနၿပီလုိ႔ ေရာ္ဂ်ာ သတိေပး
ယေန႔ညကစားရမယ့္ အာဆင္နယ္နဲ႔ပြဲမတုိင္ခင္ လက္စတာအသင္းနည္းျပ ဘရန္ဒန္ေရာ္ဂ်ာက မိမိတို႔အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ႀကီး ၆ႀကီးစာရင္းထဲ မဖိတ္ေခၚဘဲ ဇြတ္အတင္း၀င္ဖုိ႔ အဆင္သင့္ရွိေနၿပီျဖစ္ေၾကာင္း အသင္းႀကီးေတြကို သတိေပးလုိက္ပါတယ္။
လက္စတာဟာ လက္ရွိအခ်ိန္မွာ အမွတ္ေပးဇယားရဲ႕တတိယေနရာေရာက္ေနၿပီး အဆင့္ ၅ေနရာက အာဆင္နယ္ကို ၆ မွတ္ျဖတ္ကာ ဒုတိယေနရာက စီးတီးနဲ႔ ၂ မွတ္အကြာမွာပဲ ရပ္တည္ေနပါတယ္။
ေနာက္ၿပီး ေဆာက္သမ္တန္ကို ၉-၀ ဂိုးနဲ႔အႏိုင္ရခဲ့တာေၾကာင့္ လက္စတာအသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးက ေရာ္ဂ်ာရဲ႕အသင္းေဟာင္း လီဗာပူးထက္ ဂိုးကြာျခားထက္ ပိုမ်ားေနပါတယ္။ ႀကီး ၆ႀကီးအသင္းေတြအနက္ ယခုရာသီမွာ အူႏိုင္းအမ္မရီရဲ႕ အာဆင္နယ္အသင္းကလည္းမန္ယူအသင္းလိုပဲ ရလဒ္ဆိုးေတြနဲ႔ရင္ဆိုင္ေနရတာျဖစ္ပါတယ္။
ဒီအေျခအေနက ၂၀၁၆ ခုႏွစ္က လက္စတာအသင္းအံၾသဖြယ္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့သလို အမွတ္ေပးဇယားထိပ္ဆံုးကိုတက္ေရာက္ႏိုင္မယ့္ အေကာင္းဆံုးအခြင့္အေရးပဲ ျဖစ္ပါတယ္။
ေရာ္ဂ်ာက “ တစ္ခါတရံအသင္းၾကီး ၆ သင္းမွာ ဒီလိုအျဖစ္အပ်က္ေတြ ျဖစ္ေနခဲ့ရင္ သူတို႔ရဲ႕ မူလေနရာကို ျပန္ေရာက္ႏိုင္ဖို႔ ေငြေၾကးအသံုးျပဳမႈေတြ ျပဳလုပ္ၿပီးအရည္အခ်င္းရွိတဲ့ ကစားသမားေခၚယူမႈေတြ လုပ္ရမွာပါ ။ ခင္ဗ်ားတိုက္ခိုက္ရမွာပါ”
”အဆင့္ ၆ ေအာက္မွာမေနခ်င္ဘူးဆိုရင္ ေငြေၾကးရင္းႏွီးျမွဳပ္ႏွံမႈေတြ လုပ္ၿပီး နည္းလမ္းရွာရမွာပါ။ ကၽြန္ေတာ္တို႔ကေတာ့ တျခားကလပ္အသင္းေတြလိုမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔က ကစားသမားအင္အားျဖည့္ဖို႔ မလုိပါဘူး။ မတူတ့ဲနည္းလမ္းနဲ႔ သြားရမွာပါ”
”ကၽြန္ေတာ္တို႔ရဲ႕ လမ္းေၾကာင္းကိုကိုယ္တုိင္ရွာၿပီး ဒါကအရမ္းကိုလွပပါတယ္။ စိတ္လႈပ္ရွားဖို႔လည္းေကာင္းၿပီးစိန္ေခၚမႈေတြနဲ႔ ျပည့္ႏွက္ကာေနာက္ျဖစ္လာမယ့္အရာေတြအတြက္ ကၽြန္ေတာ္ စိတ္လႈပ္ရွားေနပါတယ္။ ဒီအခြင့္အေရးကို ဖ်က္ဆီးလိုက္မယ္ဆိုရင္ ေနာက္ထပ္ တစ္စံုတစ္ခုထပ္မရႏိုင္ေတာ့ဘဲ ကၽြန္ေတာ္တို႕ လုပ္ရမွာကထိန္းသိမ္းဖို႔ပါပဲ”လို႔ ေျပာၾကားသြားခဲ့ပါတယ္။