ကိုရိုနာကြောင့် ဒီနေ့ညကစားမယ့် မန်စီးတီး-အာဆင်နယ်ပွဲ ရွှေ့ဆိုင်းသွား

photo-daily mail

photo-gettyimages

ဒီနေ့ည(ဗုဒ္ဓဟူးည)ကစားမယ့် မန်စီးတီးနဲ့အာဆင်နယ်တို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်မှုကြောင့် ရွှေ့ဆိုင်းလိုက်ရပြီ ဖြစ်ပါတယ်။ အဓိကအကြောင်းအရင်းကတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အာဆင်နယ်အိမ်ကွင်းအမ်းမရိတ်စ်မှာ ဂရိကလပ်အိုလံပီယာကို့စ်နဲ့ ယူရိုပါလိဂ်ရှုံးထွက်ပွဲကစားခဲ့ပြီး အဲဒီပွဲအပြီးမှာ အာဆင်နယ်ကစားသမားအများအပြားဟာ အိုလံပီယာကို့စ်ပိုင်ရှင်နဲ့ တွေ့ဆုံခဲ့လို့ပါပဲ။

photo-gettyimages

ချန်ပီယံရှစ်ကလပ်နော်တင်ဟမ်ဖောရက်စ်ကိုလည်း ပိုင်ဆိုင်တဲ့ အသက် ၅၂ နှစ်အရွယ် အိုလံပီယာကို့စ်ပိုင်ရှင်မာရီနက်ကစ်ဟာ သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရကြောင်း ပြီးခဲ့တဲ့အင်္ဂါနေ့ကမှ ဖွင့်ဟထားတာပါ။ အာဆင်နယ်ကလည်း အဲဒီတုန်းက ပွဲအပြီးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အိုလံပီယာကို့စ်ပိုင်ရှင်နဲ့ အသင်းသားအချို့တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ဘယ်ကစားသမားတွေဆိုတာကိုတော့ မဖော်ပြခဲ့ပါဘူး။

photo-gettyimages

အခုတော့ အာဆင်နယ်ကစားသမားအချို့ဟာ ၁၄ ရက်စောင့်ကြည့်ကာလအဖြစ် သူတို့အိမ်မှာပဲ နေရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီတုန်းက ဂရိအသင်းပိုင်ရှင်နဲ့ နီးနီးကပ်ကပ်ထိုင်ကြည့်ခဲ့ကြတဲ့ အာဆင်နယ်အသင်းဝန်ထမ်း ၄ ယောက်ဟာလည်း ၁၄ ရက်အထိ စောင့်ကြည့်ခံရတော့မှာပါ။ အာဆင်နယ်ဘက်က အဲဒီလိုအခြေအနေရှိလာတဲ့အတွက် ပွဲကိုရွှေ့ဆိုင်းလိုက်ရတာပါ။ မန်စီးတီးရဲ့လိဂ်ဖလားဗိုလ်လုပွဲကြောင့် အစကတည်းက အဲဒီပွဲမှာ ရွှေ့ထားပြီး ဒီကြားရက်မှာ ကန်ဖို့ စီစဉ်ထားတာပါ။

[Zawgyi]

ကိုရိုနာေၾကာင့္ ဒီေန႔ညကစားမယ့္ မန္စီးတီး-အာဆင္နယ္ပြဲ ေရႊ႕ဆိုင္းသြား

ဒီေန႔ည(ဗုဒၶဟူးည)ကစားမယ့္ မန္စီးတီးနဲ႔အာဆင္နယ္တို႔ရဲ႕ပရီးမီးယားလိဂ္ပြဲစဥ္ဟာ ကိုရိုနာဗုိင္းရပ္စ္စိုးရိမ္မႈေၾကာင့္ ေရႊ႕ဆိုင္းလုိက္ရၿပီ ျဖစ္ပါတယ္။ အဓိကအေၾကာင္္းအရင္းကေတာ့ လြန္ခဲ့တဲ့ ႏွစ္ပတ္ေလာက္က အာဆင္နယ္အိမ္ကြင္းအမ္းမရိတ္စ္မွာ ဂရိကလပ္အုိလံပီယာကို႔စ္နဲ႔ ယူရိုပါလိဂ္ရႈံးထြက္ပြဲကစားခဲ့ၿပီး အဲဒီပြဲအၿပီးမွာ အာဆင္နယ္ကစားသမားအမ်ားအျပားဟာ အုိလံပီယာကို႔စ္ပိုင္ရွင္နဲ႔ ေတြ႕ဆုံခဲ့လုိ႔ပါပဲ။

ခ်န္ပီယံရွစ္ကလပ္ေနာ္တင္ဟမ္ေဖာရက္စ္ကိုလည္း ပိုင္ဆိုင္တဲ့ အသက္ ၅၂ ႏွစ္အရြယ္ အိုလံပီယာကုိ႔စ္ပိုင္ရွင္မာရီနက္ကစ္ဟာ သူ႔မွာ ကိုရုိနာဗုိင္းရပ္စ္ပိုးကူးစက္ခံထားရေၾကာင္း ၿပီးခဲ့တဲ့အဂၤါေန႔ကမွ ဖြင့္ဟထားတာပါ။ အာဆင္နယ္ကလည္း အဲဒီတုန္းက ပြဲအၿပီးမွာ ကိုရိုနာဗုိင္းရပ္စ္ကူးစက္ခံထားရတဲ့ အိုလံပီယာကို႔စ္ပိုင္ရွင္နဲ႔ အသင္းသားအခ်ိဳ႕ေတြ႕ဆုံခဲ့တယ္လုိ႔ ထုတ္ျပန္ခဲ့ေပမယ့္ ဘယ္ကစားသမားေတြဆိုတာကိုေတာ့ မေဖာ္ျပခဲ့ပါဘူး။

အခုေတာ့ အာဆင္နယ္ကစားသမားအခ်ိဳ႕ဟာ ၁၄ ရက္ေစာင့္ၾကည့္ကာလအျဖစ္ သူတို႔အိမ္မွာပဲ ေနရေတာ့မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဲဒီတုန္းက ဂရိအသင္းပိုင္ရွင္နဲ႔ နီးနီးကပ္ကပ္ထိုင္ၾကည့္ခဲ့ၾကတဲ့ အာဆင္နယ္အသင္း၀န္ထမ္း ၄ ေယာက္ဟာလည္း ၁၄ ရက္အထိ ေစာင့္ၾကည့္ခံရေတာ့မွာပါ။ အာဆင္နယ္ဘက္က အဲဒီလိုအေျခအေနရွိလာတဲ့အတြက္ ပဲြကိုေရႊ႕ဆိုင္းလိုက္ရတာပါ။ မန္စီးတီးရဲ႕လိဂ္ဖလားဗုိလ္လုပြဲေၾကာင့္ အစကတည္းက အဲဒီပြဲမွာ ေရႊ႕ထားၿပီး ဒီၾကားရက္မွာ ကန္ဖို႔ စီစဥ္ထားတာပါ။