ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အတောင့်တင်းဆုံးလူစာရင်းနဲ့ယှဉ်ပြိုင်သွားမယ့် လီဗာပူး

PC ; Internet

လီဗာပူးအသင်းဟာ ဒီလထဲမှာကစားရမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို မျှော်လင့်ထားတဲ့အတိုင်း သူတို့ရဲ့အတောင့်တင်းဆုံးလူစာရင်းနဲ့ယှဉ်ပြိုင်သွားတော့မှာပါ။ချန်ပီယံလိဂ်ဖလားပိုင်ရှင်လီဗာပူးဟာ အက်စ်တွန်ဗီလာနဲ့လိဂ်ဖလားကွာတားဖိုင်နယ်ကစားအပြီး နောက်တစ်ရက်ဖြစ်တဲ့ ဒီဇင်ဘာ ၁၈ရက်နေ့ရောက်ရင် ကာတာမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။ရက်ပိုင်းအတွင်းမှာ ပြိုင်ပွဲနှစ်ရပ်ယှဉ်ပြိုင်ဖို့နဲ့ပတ်သက်ပြီး ပွဲဇဉ်ဇယားရေးဆွဲမှုအပေါ် နည်းပြဂျာဂင်ကလော့ပ်က အစောပိုင်းမှာဝေဖန်ခဲ့ပါသေးတယ်။

PC ; Internet

နောက်ပိုင်းမှာတော့ အသင်းနှစ်သင်းခွဲပြီး ပြိုင်ပွဲနှစ်ရပ်လုံးကို ယှဉ်ပြိုင်သွားမယ့်အကြောင်း ဂျာမန်သားကအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့ မူလစီစဉ်ထားတဲ့အတိုင်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အကောင်းဆုံးလူစာရင်းနဲ့ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဗီလာပါ့ခ်ကိုတော့ လူငယ်တွေကိုသာစေလွှတ်မှာပါ။ဒါ့အပြင် အီလီယော့၊ဝီလီယန်နဲ့ဂျုံးစ်တို့လို လူငယ်ကြယ်ပွင့်လေးတွေကိုလည်း ဒိုဟာကိုခေါ်သွားမှာကြောင့် ဗီလာနဲ့ကစားမယ့်လူစာရင်းဟာ တကယ့်ကို အတွေ့အကြုံနုနယ်တဲ့ လူငယ်အများစုနဲ့သာဖြစ်တော့မှာပါ။

PC ; Internet

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်မထားတဲ့ကစားသမားဆိုလို့ မာတစ်၊ဆီလိုင်နီနဲ့ဒဏ်ရာကသက်သာလာစ ဖာဘင်ဟိုတို့သာရှိပါတယ်။

 

PC ; Internet

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် လီဗာပူးလူစာရင်း
အလစ်ဆန်၊လွန်နာဂန်၊အက်ဒရီယန်၊ဗန်ဒိုက်၊ဂျိုးဂိုမက်ဇ်၊လိုဗရန်၊ရောဘတ်ဆန်၊အာနိုး၊ဝီလီယန်၊ဝှစ်ချ်နယ်ဒန်၊မီလ်နာ၊ကီတာ၊ကာတစ်ဂျုံးစ်၊ဟန်ဒါဆင်၊ချိန်ဘာလိန်၊အီလီယော့၊လယ်လာနာ၊ရှာကွီယီ၊ဖာမီနို၊မာနေး၊ဆာလက်၊ဘရူးစတား၊အိုရီဂီ

(zawgyi)

လီဗာပူးအသင္းဟာ ဒီလထဲမွာကစားရမယ့္ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကို ေမွ်ာ္လင့္ထားတဲ့အတိုင္း သူတို႔ရဲ႕အေတာင့္တင္းဆံုးလူစာရင္းနဲ႔ယွဥ္ၿပိဳင္သြားေတာ့မွာပါ။ခ်န္ပီယံလိဂ္ဖလားပိုင္ရွင္လီဗာပူးဟာ အက္စ္တြန္ဗီလာနဲ႔လိဂ္ဖလားကြာတားဖိုင္နယ္ကစားအၿပီး ေနာက္တစ္ရက္ျဖစ္တဲ့ ဒီဇင္ဘာ ၁၈ရက္ေန႔ေရာက္ရင္ ကာတာမွာ ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲ ဆီမီးဖိုင္နယ္ပြဲစဥ္ကို ကစားရမွာျဖစ္ပါတယ္။ရက္ပိုင္းအတြင္းမွာ ၿပိဳင္ပြဲႏွစ္ရပ္ယွဥ္ၿပိဳင္ဖို႔နဲ႔ပတ္သက္ၿပီး ပြဲဇဥ္ဇယားေရးဆြဲမႈအေပၚ နည္းျပဂ်ာဂင္ကေလာ့ပ္က အေစာပိုင္းမွာေ၀ဖန္ခဲ့ပါေသးတယ္။ေနာက္ပိုင္းမွာေတာ့ အသင္းႏွစ္သင္းခြဲၿပီး ၿပိဳင္ပြဲႏွစ္ရပ္လံုးကို ယွဥ္ၿပိဳင္သြားမယ့္အေၾကာင္း ဂ်ာမန္သားကအတည္ျပဳခဲ့ပါတယ္။ဒါေပမဲ့ မူလစီစဥ္ထားတဲ့အတို္င္း ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲကို အေကာင္းဆံုးလူစာရင္းနဲ႔ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ဗီလာပါ့ခ္ကိုေတာ့ လူငယ္ေတြကိုသာေစလႊတ္မွာပါ။ဒါ့အျပင္ အီလီေယာ့၊၀ီလီယန္နဲ႔ဂ်ံဳးစ္တို႔လို လူငယ္ၾကယ္ပြင့္ေလးေတြကိုလည္း ဒိုဟာကိုေခၚသြားမွာေၾကာင့္ ဗီလာနဲ႔ကစားမယ့္လူစာရင္းဟာ တကယ့္ကို အေတြ႔အႀကံဳႏုုနယ္တဲ့ လူငယ္အမ်ားစုနဲ႔သာျဖစ္ေတာ့မွာပါ။ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ေရြးခ်ယ္မထားတဲ့ကစားသမားဆိုလို႔ မာတစ္၊ဆီလိုင္နီနဲ႔ဒဏ္ရာကသက္သာလာစ ဖာဘင္ဟိုတို႔သာရွိပါတယ္။
ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲ၀င္မယ့္ လီဗာပူးလူစာရင္း
အလစ္ဆန္၊လြန္နာဂန္၊အက္ဒရီယန္၊ဗန္ဒိုက္၊ဂ်ိဳးဂိုမက္ဇ္၊လိုဗရန္၊ေရာဘတ္ဆန္၊အာႏိုး၊၀ီလီယန္၊၀ွစ္ခ်္နယ္ဒန္၊မီလ္နာ၊ကီတာ၊ကာတစ္ဂ်ံဳးစ္၊ဟန္ဒါဆင္၊ခ်ိန္ဘာလိန္၊အီလီေယာ့၊လယ္လာနာ၊ရွာကြီယီ၊ဖာမီႏို၊မာေနး၊ဆာလက္၊ဘရူးစတား၊အိုရီဂီ