ကစားသမားတချို့ ကိုဗစ်ရောဂါကူးစက်ခံထားရလို့ ပရက်စတန်နဲ့ကစားမယ့်ခြေစမ်းပွဲကို ယူနိုက်တက်ဖျက်သိမ်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတချို့ဟာ ကိုဗစ်ရောဂါကူးစက်ခံနေရတယ်လို့စစ်ဆေးတွေ့ရှိရတာကြောင့် အခုတစ်ပတ်မှာကစားမယ့် ပရက်စတန်နဲ့ခြေစမ်းပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဆေးအဖွဲ့ဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဘရန့်ဖို့ဒ်နဲ့ကစားခဲ့တဲ့ခြေစမ်းပွဲအပြီး ကစားသမားတွေကို ပုံမှန်အတိုင်းစမ်းသပ်စစ်ဆေးမှုတွေလုပ်ခဲ့ချိန်မှာ ကစားသမားတချို့ဟာ ကိုဗစ် Positive ဖြစ်နေတာကိုတွေ့ရှိခဲ့ရတဲ့အတွက်

လာမယ့်စနေနေ့၊ ဗြိတိန်စံတော်ချိန်နေ့လည်ပိုင်းလောက်မှာ ပရက်စတန်နဲ့ကစားမယ့်ခြေစမ်းပွဲကို ဖျက်သိမ်းခဲ့ရတာပဲဖြစ်ပါတယ်။

ယူနိုက်တက်ကစားသမား ဘယ်နှယောက်အထိ ကိုဗစ်ရောဂါကူးစက်ခံနေရလဲဆိုတာ အတိအကျမသိရသေးပေမယ့် အရေအတွက်အနည်းငယ်သာရှိတယ်လို့ ယူနိုက်တက်အသင်းကထုတ်ပြန်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကိုဗစ်ရောဂါဆိုးကာကွယ်နိုင်ဖို့အတွက် ကလပ်အသင်းတွေကို တင်းကျပ်တဲ့စည်းကမ်းတွေချမှတ်ထားပြီး ကစားသမားနဲ့ဝန်ထမ်းတွေဟာ တစ်ပတ်ကို (၂)ကြိမ်ဆေးစစ်မှုခံယူရမှာဖြစ်သလို ဆေးစစ်ချက်ကိုလည်း လူသိရှင်ကြားထုတ်ပြန်ကြေညာသွားရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းက “ကိုဗစ်ရောဂါကာကွယ်ရေးအစီအစဉ်တွေက အသင်းရဲ့အဓိကဦးစားပေးကိစ္စဖြစ်ပြီး ကြာသပတေးနေ့က,ကစားသမားတွေကို စမ်းသပ်စစ်ဆေးမှုတွေလုပ်ခဲ့အပြီးမှာ အသင်းရဲ့ကစားသမားအနည်းငယ်ဟာ ကိုဗစ်ရောဂါကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

အဲဒီကစားသမားတွေဟာ အခုလောလောဆယ် တစ်ဦးတည်းသီးသန့်နေထိုင်သွားရမှာဖြစ်ပြီး သူတို့ကိုနောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်သွးမှာပါ။

ဒီကိစ္စကြောင့် လာမယ့်စနေနေ့ကျရင် ပရက်စတန်နဲ့ကစားမယ့်ပွဲကို ဖျက်သိမ်းဖို့ ကျွန်တော်တို့ မဖြစ်မနေဆုံးဖြတ်ခဲ့ရပြီး ပရက်စတန်အသင်းနဲ့ ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရလို့ ကျွန်တော်တို့ စိတ်မကောင်းပါဘူး။

ဒီပွဲအတွက် လက်မှတ်ဝယ်ယူထားတဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကို ကျွန်တော်တို့ လက်မှတ်ဖိုးတွေ ပြန်ပေးသွားမှာဖြစ်ပါတယ်”လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် ဒါဘီ၊ QPR ၊ ဘရန့်ဖို့ဒ်တို့နဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ပရက်စတန်နဲ့ကစားမယ့်ပွဲပျက်သွားလို့ ရာသီကြိုနောက်ဆုံးခြေစမ်းပွဲအဖြစ် လာမယ့်သြဂုတ်လ(၇)ရက်ကျရင် အဲဗာတန်အသင်းနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကစားသမားတခ်ိဳ႕ ကိုဗစ္ေရာဂါကူးစက္ခံထားရလို႔ ပရက္စတန္နဲ႔ကစားမယ့္ေျခစမ္းပြဲကို ယူႏိုက္တက္ဖ်က္သိမ္း

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားတခ်ိဳ႕ဟာ ကိုဗစ္ေရာဂါကူးစက္ခံေနရတယ္လို႔စစ္ေဆးေတြ႕ရွိရတာေၾကာင့္ အခုတစ္ပတ္မွာကစားမယ့္ ပရက္စတန္နဲ႔ေျခစမ္းပြဲကို ဖ်က္သိမ္းလိုက္ၿပီျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းေဆးအဖြဲ႕ဟာ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ဘရန႔္ဖို႔ဒ္နဲ႔ကစားခဲ့တဲ့ေျခစမ္းပြဲအၿပီး ကစားသမားေတြကို ပုံမွန္အတိုင္းစမ္းသပ္စစ္ေဆးမႈေတြလုပ္ခဲ့ခ်ိန္မွာ ကစားသမားတခ်ိဳ႕ဟာ ကိုဗစ္ Positive ျဖစ္ေနတာကိုေတြ႕ရွိခဲ့ရတဲ့အတြက္ လာမယ့္စေနေန႔၊ ၿဗိတိန္စံေတာ္ခ်ိန္ေန႔လည္ပိုင္းေလာက္မွာ ပရက္စတန္နဲ႔ကစားမယ့္ေျခစမ္းပြဲကို ဖ်က္သိမ္းခဲ့ရတာပဲျဖစ္ပါတယ္။

ယူႏိုက္တက္ကစားသမား ဘယ္ႏွေယာက္အထိ ကိုဗစ္ေရာဂါကူးစက္ခံေနရလဲဆိုတာ အတိအက်မသိရေသးေပမယ့္ အေရအတြက္အနည္းငယ္သာရွိတယ္လို႔ ယူႏိုက္တက္အသင္းကထုတ္ျပန္ခဲ့ပါတယ္။ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ကိုဗစ္ေရာဂါဆိုးကာကြယ္ႏိုင္ဖို႔အတြက္ ကလပ္အသင္းေတြကို တင္းက်ပ္တဲ့စည္းကမ္းေတြခ်မွတ္ထားၿပီး ကစားသမားနဲ႔ဝန္ထမ္းေတြဟာ တစ္ပတ္ကို (၂)ႀကိမ္ေဆးစစ္မႈခံယူရမွာျဖစ္သလို ေဆးစစ္ခ်က္ကိုလည္း လူသိရွင္ၾကားထုတ္ျပန္ေၾကညာသြားရမွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းက “ကိုဗစ္ေရာဂါကာကြယ္ေရးအစီအစဥ္ေတြက အသင္းရဲ႕အဓိကဦးစားေပးကိစၥျဖစ္ၿပီး ၾကာသပေတးေန႔က,ကစားသမားေတြကို စမ္းသပ္စစ္ေဆးမႈေတြလုပ္ခဲ့အၿပီးမွာ အသင္းရဲ႕ကစားသမားအနည္းငယ္ဟာ ကိုဗစ္ေရာဂါကူးစက္ခံထားရတာကို စစ္ေဆးေတြ႕ရွိခဲ့ရပါတယ္။ အဲဒီကစားသမားေတြဟာ အခုေလာေလာဆယ္ တစ္ဦးတည္းသီးသန႔္ေနထိုင္သြားရမွာျဖစ္ၿပီး သူတို႔ကိုေနာက္ထပ္စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္သြးမွာပါ။ ဒီကိစၥေၾကာင့္ လာမယ့္စေနေန႔က်ရင္ ပရက္စတန္နဲ႔ကစားမယ့္ပြဲကို ဖ်က္သိမ္းဖို႔ ကြၽန္ေတာ္တို႔ မျဖစ္မေနဆုံးျဖတ္ခဲ့ရၿပီး ပရက္စတန္အသင္းနဲ႔ ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရလို႔ ကြၽန္ေတာ္တို႔ စိတ္မေကာင္းပါဘူး။

ဒီပြဲအတြက္ လက္မွတ္ဝယ္ယူထားတဲ့ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြကို ကြၽန္ေတာ္တို႔ လက္မွတ္ဖိုးေတြ ျပန္ေပးသြားမွာျဖစ္ပါတယ္”လို႔ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ယူႏိုက္တက္အသင္းဟာ ရာသီႀကိဳေျခစမ္းပြဲအျဖစ္ ဒါဘီ၊ QPR ၊ ဘရန႔္ဖို႔ဒ္တို႔နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ပရက္စတန္နဲ႔ကစားမယ့္ပြဲပ်က္သြားလို႔ ရာသီႀကိဳေနာက္ဆုံးေျခစမ္းပြဲအျဖစ္ လာမယ့္ၾသဂုတ္လ(၇)ရက္က်ရင္ အဲဗာတန္အသင္းနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။