ကက်စ်မီရိုဟာ မန်ယူ မရှိမဖြစ် လိုအပ်နေတဲ့ ရွိုင်ကိန်းလိုလူမျိုးဆိုတဲ့ ရှရင်ဂမ်

ကက်စ်မီရိုဟာ မန်ယူမှာ နှစ်ရှည်လများလိုအပ်နေတဲ့ ကွင်းလယ်ကစားသမား

တစ်ယောက်ဖြစ်ပြီး ကလပ်အသင်းရဲ့ ဂန္ထဝင်အသင်းခေါင်းဆောင်ဟောင်း ဖြစ်တဲ့

ရွိုင်ကိန်းလို ကစားသမားမျိုးဖြစ်တယ်လို့ သရဲနီ တိုက်စစ်မှူးဟောင်း ဖြစ်တဲ့

တက်ဒီရှာရင်ဂမ်က ချီးမွမ်းလိုက်ပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာကတည်းက

ဘရာဇီးသားဟာ အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့ပြီး

ဒီရာသီ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ အထိ ကစား ပေးထားသူဖြစ်ပါတယ်။

အသက် ၃၀ အရွယ် ရီးရဲလ်ကွင်းလယ်လူဟောင်း ဟာ နည်းပြအဲရစ်တန်ဟတ်ရဲ့

အသင်းမှာ ဦးစားပေး ပွဲထွက်ခွင့် ၂၃ ကြိမ် အထိ ရထားသူဖြစ်ပါတယ်။

နောက်ပြီး ကွင်းလယ်လူတစ်ယောက်အနေနဲ့ ၄ ဂိုးအထိ သွင်းထားသလို

ဖန်တီးမှုလည်း ၅ ကြိမ် လုပ်ပေးထားပါတယ်။ ပဲလေ့စ်နဲ့ ကစားခဲ့တဲ့

ပရီးမီးယားလိဂ် ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်နဲ့ အထုတ် ခံခဲ့ရပေမဲ့လည်း

ကက်စ်မီရိုဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ကစားမယ့် ကာ ရာဘောင်ဖလားပွဲစဉ်မှာတော့

ပြန်ပြီး မန်ယူနဲ့အတူ ပြန်ပြီး ပါဝင်လာဖို့ ရှိနေပါတယ်။ လက်ရှိအချိန်မှာ ပွဲဆက်တွေ

များလွန်းနေတဲ့ မန်ယူအသင်း ဟာ ကက်စ်မီရိုလို ကစားသမားမျိုးကို မရှိမဖြစ်

လိုအပ်နေတာဖြစ်တယ်လို့ ရှရင်ဂမ်က ပြောဆိုခဲ့ပြီး အသင်းဖော်ဟောင်းဖြစ်တဲ့

ရွိုင်ကိန်းနဲ့ ခိုင်းနှိုင်းခဲ့ပါ တယ်။ ‘’ကက်စ်မီရိုအကြောင်း အကုန်ပြောရရင်တော့

ပြီးခဲ့တဲ့ ၈ နှစ် လောက် မှာ မန်ယူအသင်း လိုအပ်နေတဲ့ ရွိုင်ကိန်းလို

ကစားသမားမျိုးပေါ့။ သူတို့ အသင်းရဲ့ စွမ်းဆောင်ရည်တွေ အကောင်းဆုံးဖြစ်ဖို့ဆိုရင်

ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို နားလည် သဘောပေါက်တဲ့

ကွင်းလယ်ဗိုလ်ချုပ် တစ်ယောက်ပေါ့ဗျာ’’ လို့ ရှရင်ဂမ်က Talk Sport နဲ့

အစီအစဉ်တစ်ခုမှာ ပြော ဆိုသွားခဲ့တာပါ။ အသင်းအတွက်ဆိုရင် မာမာထန်ထန်

တုံ့ပြန်လေ့ရှိတဲ့ ရွိုင်ကိန်းဟာ မန်ယူကစားသမားဘဝတစ်လျှောက်လုံးမှာ

အနီ ကတ် ၁၃ ကြိမ်အထိ အပြခံခဲ့ရတဲ့ ကစားသမားဖြစ်ပါတယ်။

အင်္ဂလန်ကစားသမားဟောင်းဖြစ်တဲ့ ရှရင်ဂမ်ဟာ မန်ယူ အသင်းခေါင်းဆောင်ဟောင်း

တစ်ယောက်ဖြစ်ပြီး ၁၉၉၇ ခုနှစ်ကနေ ၂၀၀၁ ခု နှစ်အထိ ကစားခဲ့တဲ့

တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ နည်းပြဟောင်း

ဖာဂူဆန်နဲ့အတူ လက်တွဲခွင့်ရခဲ့သလို တစ်နှစ်တည်း ဖလားသုံးလုံး ဆွတ်ခူးခဲ့တဲ့

မန်ယူနဲ့အတူလည်း အောင်မြင်မှု သရဖူဆောင်းနိုင်ခဲ့တဲ့ ကစားသမားတစ် ယောက်ပါ။

zawgyi

ကက္စ္မီ႐ိုဟာ မန္ယူ မရွိမျဖစ္ လိုအပ္ေနတဲ့ ႐ြိဳင္ကိန္းလိုလူမ်ိဳးဆိုတဲ့ ရွရင္ဂမ္

ကက္စ္မီ႐ိုဟာ မန္ယူမွာ ႏွစ္ရွည္လမ်ားလိုအပ္ေနတဲ့ ကြင္းလယ္ကစားသမား

တစ္ေယာက္ျဖစ္ၿပီး ကလပ္အသင္းရဲ႕ ဂႏၴဝင္အသင္းေခါင္းေဆာင္ေဟာင္း ျဖစ္တဲ့

႐ြိဳင္ကိန္းလို ကစားသမားမ်ိဳးျဖစ္တယ္လို႔ သရဲနီ တိုက္စစ္မႉးေဟာင္း ျဖစ္တဲ့

တက္ဒီရွာရင္ဂမ္က ခ်ီးမြမ္းလိုက္ပါတယ္။ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာကတည္းက

ဘရာဇီးသားဟာ အသင္းရဲ႕ ကြင္းလယ္ကို အေကာင္းဆုံး ထိန္းေက်ာင္းႏိုင္ခဲ့ၿပီး

ဒီရာသီ ၿပိဳင္ပြဲစုံ ပြဲေပါင္း ၃၀ အထိ ကစား ေပးထားသူျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ ရီးရဲလ္ကြင္းလယ္လူေဟာင္း ဟာ နည္းျပအဲရစ္တန္ဟတ္ရဲ႕

အသင္းမွာ ဦးစားေပး ပြဲထြက္ခြင့္ ၂၃ ႀကိမ္ အထိ ရထားသူျဖစ္ပါတယ္။

ေနာက္ၿပီး ကြင္းလယ္လူတစ္ေယာက္အေနနဲ႔ ၄ ဂိုးအထိ သြင္းထားသလို

ဖန္တီးမႈလည္း ၅ ႀကိမ္ လုပ္ေပးထားပါတယ္။ ပဲေလ့စ္နဲ႔ ကစားခဲ့တဲ့

ပရီးမီးယားလိဂ္ ပြဲစဥ္မွာ တိုက္႐ိုက္အနီကတ္နဲ႔ အထုတ္ ခံခဲ့ရေပမဲ့လည္း

ကက္စ္မီ႐ိုဟာ ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔မွာ ကစားမယ့္ ကာ ရာေဘာင္ဖလားပြဲစဥ္မွာေတာ့

ျပန္ၿပီး မန္ယူနဲ႔အတူ ျပန္ၿပီး ပါဝင္လာဖို႔ ရွိေနပါတယ္။ လက္ရွိအခ်ိန္မွာ ပြဲဆက္ေတြ

မ်ားလြန္းေနတဲ့ မန္ယူအသင္း ဟာ ကက္စ္မီ႐ိုလို ကစားသမားမ်ိဳးကို မရွိမျဖစ္

လိုအပ္ေနတာျဖစ္တယ္လို႔ ရွရင္ဂမ္က ေျပာဆိုခဲ့ၿပီး အသင္းေဖာ္ေဟာင္းျဖစ္တဲ့

႐ြိဳင္ကိန္းနဲ႔ ခိုင္းႏႈိင္းခဲ့ပါ တယ္။ ‘’ကက္စ္မီ႐ိုအေၾကာင္း အကုန္ေျပာရရင္ေတာ့

ၿပီးခဲ့တဲ့ ၈ ႏွစ္ ေလာက္ မွာ မန္ယူူအသင္း လိုအပ္ေနတဲ့ ႐ြိဳင္ကိန္းလို

ကစားသမားမ်ိဳးေပါ့။ သူတို႔ အသင္းရဲ႕ စြမ္းေဆာင္ရည္ေတြ အေကာင္းဆုံးျဖစ္ဖို႔ဆိုရင္

ဘယ္အခ်ိန္မွာ ဘာလုပ္ရမယ္ဆိုတာကို နားလည္း သေဘာေပါက္တဲ့

ကြင္းလယ္ဗိုလ္ခ်ဳပ္ တစ္ေယာက္ေပါ့ဗ်ာ’’ လို႔ ရွရင္ဂမ္က Talk Sport နဲ႔

အစီအစဥ္တစ္ခုမွာ ေျပာ ဆိုသြားခဲ့တာပါ။ အသင္းအတြက္ဆိုရင္ မာမာထန္ထန္

တုံ႔ျပန္ေလ့ရွိတဲ့ ႐ြိဳင္ကိန္းဟာ မန္ယူကစားသမားဘဝတစ္ေလွ်ာက္လုံးမွာ

အနီ ကတ္ ၁၃ ႀကိမ္အထိ အျပခံခဲ့ရတဲ့ ကစားသမားျဖစ္ပါတယ္။

အဂၤလန္ကစားသမားေဟာင္းျဖစ္တဲ့ ရွရင္ဂမ္ဟာ မန္ယူ အသင္းေခါင္းေဆာင္ေဟာင္း

တစ္ေယာက္ျဖစ္ၿပီး ၁၉၉၇ ခုႏွစ္ကေန ၂၀၀၁ ခု ႏွစ္အထိ ကစားခဲ့တဲ့

တိုက္စစ္မႉးတစ္ေယာက္ျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ နည္းျပေဟာင္း

ဖာဂူဆန္နဲ႔အတူ လက္တြဲခြင့္ရခဲ့သလို တစ္ႏွစ္တည္း ဖလားသုံးလုံး ဆြတ္ခူးခဲ့တဲ့

မန္ယူနဲ႔အတူလည္း ေအာင္ျမင္မႈ သရဖူေဆာင္းႏိုင္ခဲ့တဲ့ ကစားသမားတစ္ ေယာက္ပါ။